Covid-19 ကုသမႈခံယူေနရတဲ့မိခင္ကိုစိတ္မခ်လို႔ ေန႔စဥ္ေဆးရံုရဲ႕အထပ္ျမင့္ပုတင္းေပါက္ေပၚတက္ၿပီးထိုင္ေစာင့္ေနတဲ့ အမ်ိဳးသား

Covid-19 ေရာဂါကူးစက္မႈခံထားရၿပီဆိုရင္ေတာ့ ကိုယ့္ရဲ႕မိသားစုဝင္ေတြနဲ႔ ခြဲခြာၿပီး ေဆးရံုတြင္ေဆးကုသမႈခံယူကာ ၊ ေရာဂါသက္သာေပ်ာက္ကင္းတဲ့အထိ မိသားစုဝင္ေတြနဲ႔ခြဲေနရမွာပါ ။ ဒီတစ္ေခါက္မွာလည္း အသက္ 30 အရြယ္အမ်ိဳးသားဟာ Covid-19 ေရာဂါကူးစက္ခံထားရတဲ့မိခင္ျဖစ္သူကို ေဆးရံုက ေသခ်ာဂ႐ုစိုက္ၿပီးေစာင့္ေ႐ွာက္ရဲ႕လား ၊ မိခင္ျဖစ္သူ သက္သာရဲ႕လား စတဲ့စိုးရိမ္စိတ္ေတြေၾကာင့္ ေနစဥ္ေဆးရံုရဲ႕ပုတင္ေပါက္ေပၚအထိ တက္ၿပီး တစ္ေနကုန္မိခင္ကို ထိုင္ေစာင့္ၾကည့္ေနခဲ့တာပါ ။ အဆိုပါအမ်ိဳးသားရဲ႕ ဓာတ္ပံု နဲ႔ Video ေတြဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ လူအေတာ္အမ်ားရဲ႕ ရင္ကိုလႈပ္ခါသြားေစခဲ့ပါတယ္ ။ Palestine ျပည္နယ္ Heborn ၿမိဳ႕မွာေနထိုင္တဲ့ Jihad Al-Suwaiti အမည္႐ွိတဲ့အမ်ိဳးသားဟာ မိခင္ျဖစ္သူ Rasma Salama ေနာက္ဆံုးအသက္ထြက္ခ်ိန္ July 16 ရက္ေန႔အထိ ေန႔စဥ္အဆိုပါပုတင္ေပါက္ရဲ႕ေဘးမွာ နာရီအေတာ္ၾကာထိုင္ေနခဲ့တာပါ ။

ေဆးရံုမွတာဝန္႐ွိသူေတြရဲ႕ေျပာျပခ်က္အရ “သူကပိုက္လိုင္းကိုကိုင္စြဲၿပီးတက္လာတာပါ ၊ ပုတင္းေပါက္ေဘးမွာထိုင္ၿပီး ဒုတိယအထပ္မွာ႐ွိတဲ့ သူ႔အေမရဲ႕အေျခအေနကို တစ္ေနကုန္ေစာင့္ၾကည့္ၿပီး မိခင္ျဖစ္သူအိပ္ေပ်ာ္သြားတဲ့အခ်ိန္မွ ျပန္ဆင္းတာပါ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။ Jihad ရဲ႕အကိုျဖစ္သူေျပာျပခ်က္အရ ေဆးရံုဝန္ထမ္းမ်ားက အႏၱရာယ္မ်ား၍ အဆိုပါလုပ္ရပ္မ်ိဳးမလုပ္ဖို႔တားျမစ္ခဲ့ေပမဲ့ Jihad ကေခါင္းမာၿပီး ေန႔စဥ္ပုတင္းေပါက္ေပၚ တက္ခဲ့တာျဖစ္ေၾကာင္း ႏွင့္ Jihad ဟာ အငယ္ဆံုး သားျဖစ္တဲ့အျပင္ ဖခင္ျဖစ္သူေသဆံုးၿပီးကတည္းက မိခင္နဲ႔အေတာ္ေလးရင္းရင္းႏွီးႏွီး႐ွိေနခဲ့သူျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

မိခင္ျဖစ္သူဟာ ေသြးကင္ဆာေရာဂါကိုပါခံစားေနရသူျဖစ္ၿပီး ၊ မိခင္ျဖစ္သူေသဆံုးသြားၿပီဟု ေၾကညာလိုက္ခ်ိန္မွာေတာ့ Jihad ဟာ အေတာ္ေလးစိတ္ဆိုးေဒါသထြက္ခဲ့ၿပီး မယံုႏိုင္ေအာင္ျဖစ္ခဲ့ပါတယ္ ။ အခုအခ်ိန္မွာေတာ့မယံုၾကည္ႏိုင္ေလာက္တဲ့ အဆိုပါအျဖစ္ကို Jihad လက္ခံသြားခဲ့ရပါၿပီ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid-19 ရောဂါကူးစက်မှုခံထားရပြီဆိုရင်တော့ ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ ခွဲခွာပြီး ဆေးရုံတွင်ဆေးကုသမှုခံယူကာ ၊ ရောဂါသက်သာပျောက်ကင်းတဲ့အထိ မိသားစုဝင်တွေနဲ့ခွဲနေရမှာပါ ။ ဒီတစ်ခေါက်မှာလည်း အသက် 30 အရွယ်အမျိုးသားဟာ Covid-19 ရောဂါကူးစက်ခံထားရတဲ့မိခင်ဖြစ်သူကို ဆေးရုံက သေချာဂရုစိုက်ပြီးစောင့်ရှောက်ရဲ့လား ၊ မိခင်ဖြစ်သူ သက်သာရဲ့လား စတဲ့စိုးရိမ်စိတ်တွေကြောင့် နေစဉ်ဆေးရုံရဲ့ပုတင်ပေါက်ပေါ်အထိ တက်ပြီး တစ်နေကုန်မိခင်ကို ထိုင်စောင့်ကြည့်နေခဲ့တာပါ ။ အဆိုပါအမျိုးသားရဲ့ ဓာတ်ပုံ နဲ့ Video တွေဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် လူအတော်အများရဲ့ ရင်ကိုလှုပ်ခါသွားစေခဲ့ပါတယ် ။ Palestine ပြည်နယ် Heborn မြို့မှာနေထိုင်တဲ့ Jihad Al-Suwaiti အမည်ရှိတဲ့အမျိုးသားဟာ မိခင်ဖြစ်သူ Rasma Salama နောက်ဆုံးအသက်ထွက်ချိန် July 16 ရက်နေ့အထိ နေ့စဉ်အဆိုပါပုတင်ပေါက်ရဲ့ဘေးမှာ နာရီအတော်ကြာထိုင်နေခဲ့တာပါ ။

ဆေးရုံမှတာဝန်ရှိသူတွေရဲ့ပြောပြချက်အရ “သူကပိုက်လိုင်းကိုကိုင်စွဲပြီးတက်လာတာပါ ၊ ပုတင်းပေါက်ဘေးမှာထိုင်ပြီး ဒုတိယအထပ်မှာရှိတဲ့ သူ့အမေရဲ့အခြေအနေကို တစ်နေကုန်စောင့်ကြည့်ပြီး မိခင်ဖြစ်သူအိပ်ပျော်သွားတဲ့အချိန်မှ ပြန်ဆင်းတာပါ ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ Jihad ရဲ့အကိုဖြစ်သူပြောပြချက်အရ ဆေးရုံဝန်ထမ်းများက အန္တရာယ်များ၍ အဆိုပါလုပ်ရပ်မျိုးမလုပ်ဖို့တားမြစ်ခဲ့ပေမဲ့ Jihad ကခေါင်းမာပြီး နေ့စဉ်ပုတင်းပေါက်ပေါ် တက်ခဲ့တာဖြစ်ကြောင်း နှင့် Jihad ဟာ အငယ်ဆုံး သားဖြစ်တဲ့အပြင် ဖခင်ဖြစ်သူသေဆုံးပြီးကတည်းက မိခင်နဲ့အတော်လေးရင်းရင်းနှီးနှီးရှိနေခဲ့သူဖြစ်ကြောင်း သိရှိရပါတယ် ။

မိခင်ဖြစ်သူဟာ သွေးကင်ဆာရောဂါကိုပါခံစားနေရသူဖြစ်ပြီး ၊ မိခင်ဖြစ်သူသေဆုံးသွားပြီဟု ကြေညာလိုက်ချိန်မှာတော့ Jihad ဟာ အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပြီး မယုံနိုင်အောင်ဖြစ်ခဲ့ပါတယ် ။ အခုအချိန်မှာတော့မယုံကြည်နိုင်လောက်တဲ့ အဆိုပါအဖြစ်ကို Jihad လက်ခံသွားခဲ့ရပါပြီ ။

Jasmine (Mckzone Daily)

  • Leave a Comment