အိမ္ထဲအထိဝင္ၿပီးေပၚတင္ ကေလးဝင္ခိုးခဲ့တဲ့ 16ႏွစ္အရြယ္မိန္းကေလး

ဗီယက္နမ္ႏိုင္ငံ ၊ La’o Cai ၿမိဳ႕မွ ရဲအရာ႐ွိမ်ားဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က 2လသားအရြယ္ကေလးငယ္ကိုျပန္ေပးဆြဲလာတဲ့ ဆယ္ေက်ာ္သက္အရြယ္မိန္းကေလးကိုဖမ္းဆီးႏိုင္ခဲ့ပါတယ္ ။ Nguyen Thi Dung အမည္႐ွိတဲ့ အသက္ 16 ႏွစ္အရြယ္ေကာင္မေလးဟာ Sa Pa ၿမိဳ႕ငယ္ေလးဆီသို႔ ထြက္ခြာဖို႔ျပင္ဆင္ေနတဲ့အခ်ိန္မွာ ဖမ္းဆီးမိခဲ့တာျဖစ္ၿပီး ၊ ကေလးငယ္ကိုေတာ့ သူ၏မိသားစုဝင္ေတြဆီခ်က္ခ်င္းျပန္အပ္ႏွံခဲ့ၾကေၾကာင္း သိ႐ွိရပါတယ္ ။ ကေလးငယ္ရဲ႕အဘြားျဖစ္သူေျပာျပခ်က္အရ Dung အမည္႐ွိတဲ့အမ်ိဳးသမီးဟာ သူမရဲ႕ေနအိမ္သို႔မနက္ခင္းအခ်ိန္ခန္႔မွာ ဝင္ေရာက္လာခဲ့ၿပီးေနာက္ စကားစျမည္းေျပာဆိုခဲ့ၿပီး ကေလးငယ္ကိုခဏတျဖဳတ္ေပြ႔ခ်ီထားခ်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ကေလးငယ္ရဲ႕မိဘေတြဟာ အျပင္ထြက္ၿပီးအလုပ္လုပ္ကိုင္ေနၾကတာျဖစ္လို႔ ကေလးငယ္ကိုအဘြားျဖစ္သူက ေစာင့္ေ႐ွာက္ထားရတာပါ ။

အဘြားျဖစ္သူ ေျပာျပခ်က္အရ ” သူက ကေလးကိုခ်စ္စရာေလးဆိုၿပီးေျပာေနတာ ၊ ကြၽန္မခဏေလး သတိလက္လြတ္ျဖစ္သြားတဲ့အခ်ိန္မွာ သူက ကြၽန္မေျမးေလးကိုခ်ီၿပီး ထြက္ေျပးသြားခဲ့တာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ Dung ကိုလည္း အရင္တုန္းကေတြ႔ဆံုးခဲ့ဖူးျခင္းမ်ိဳးမ႐ွိေၾကာင္း အဘြားျဖစ္သူက ေျပာျပခဲ့ပါတယ္ ။

ရဲအရာ႐ွိမ်ားက Dung ကိုစစ္ေဆးေမးျမန္းခဲ့ခ်ိန္မွာေတာ့ သူမဟာ Grade10 ေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး ၊ သူမရဲ႕ခ်စ္သူေကာင္ေလးနဲ႔ အခန္းတစ္ခုအတူငွါးၿပီး ေနထိုင္ေနၾကတာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။ သူမက ကေလးငယ္နဲ႔အတူ Sa Pa ၿမိဳ႕ဆီသို႔ အတူသြားခ်င္းခဲ့တာျဖစ္ၿပီး ၊ ကေလးငယ္ကို မိဘေတြဆီထံ ျပန္ပို႔ေပးဖို႔ ဆံုးျဖတ္ထားခဲ့တာျဖစ္ေၾကာင္း Dung ကထြက္ဆိုခဲ့ပါတယ္ ။ ရဲအရာ႐ွိမ်ားကေတာ့ Dung ၏ခ်စ္သူဟု ထြက္ဆိုထားတဲ့အမ်ိဳးသားကို ဆက္လက္႐ွာေဖြေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: thanhniennews

Unicode

ဗီယက်နမ်နိုင်ငံ ၊ La’o Cai မြို့မှ ရဲအရာရှိများဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က 2လသားအရွယ်ကလေးငယ်ကိုပြန်ပေးဆွဲလာတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးကိုဖမ်းဆီးနိုင်ခဲ့ပါတယ် ။ Nguyen Thi Dung အမည်ရှိတဲ့ အသက် 16 နှစ်အရွယ်ကောင်မလေးဟာ Sa Pa မြို့ငယ်လေးဆီသို့ ထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ၊ ကလေးငယ်ကိုတော့ သူ၏မိသားစုဝင်တွေဆီချက်ချင်းပြန်အပ်နှံခဲ့ကြကြောင်း သိရှိရပါတယ် ။ ကလေးငယ်ရဲ့အဘွားဖြစ်သူပြောပြချက်အရ Dung အမည်ရှိတဲ့အမျိုးသမီးဟာ သူမရဲ့နေအိမ်သို့မနက်ခင်းအချိန်ခန့်မှာ ဝင်ရောက်လာခဲ့ပြီးနောက် စကားစမြည်းပြောဆိုခဲ့ပြီး ကလေးငယ်ကိုခဏတဖြုတ်ပွေ့ချီထားချင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ကလေးငယ်ရဲ့မိဘတွေဟာ အပြင်ထွက်ပြီးအလုပ်လုပ်ကိုင်နေကြတာဖြစ်လို့ ကလေးငယ်ကိုအဘွားဖြစ်သူက စောင့်ရှောက်ထားရတာပါ ။

အဘွားဖြစ်သူ ပြောပြချက်အရ ” သူက ကလေးကိုချစ်စရာလေးဆိုပြီးပြောနေတာ ၊ ကျွန်မခဏလေး သတိလက်လွတ်ဖြစ်သွားတဲ့အချိန်မှာ သူက ကျွန်မမြေးလေးကိုချီပြီး ထွက်ပြေးသွားခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ Dung ကိုလည်း အရင်တုန်းကတွေ့ဆုံးခဲ့ဖူးခြင်းမျိုးမရှိကြောင်း အဘွားဖြစ်သူက ပြောပြခဲ့ပါတယ် ။

ရဲအရာရှိများက Dung ကိုစစ်ဆေးမေးမြန်းခဲ့ချိန်မှာတော့ သူမဟာ Grade10 ကျောင်းသူတစ်ယောက်ဖြစ်ပြီး ၊ သူမရဲ့ချစ်သူကောင်လေးနဲ့ အခန်းတစ်ခုအတူငှါးပြီး နေထိုင်နေကြတာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။ သူမက ကလေးငယ်နဲ့အတူ Sa Pa မြို့ဆီသို့ အတူသွားချင်းခဲ့တာဖြစ်ပြီး ၊ ကလေးငယ်ကို မိဘတွေဆီထံ ပြန်ပို့ပေးဖို့ ဆုံးဖြတ်ထားခဲ့တာဖြစ်ကြောင်း Dung ကထွက်ဆိုခဲ့ပါတယ် ။ ရဲအရာရှိများကတော့ Dung ၏ချစ်သူဟု ထွက်ဆိုထားတဲ့အမျိုးသားကို ဆက်လက်ရှာဖွေနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment