ညဖက္ပစၥည္းသြားပို႔မိလို႔ အမ်ိဳးသား5ေယာက္ရဲ႕ သားေကာင္ျဖစ္ခဲ့ရတဲ့ ေက်ာင္းသူေလး

22ႏွစ္အရြယ္ေကာလိပ္ေက်ာင္းသူကို ျပန္ေပးဆြဲၿပီး 3ရက္ခန္႔အုပ္စုဖြဲ႔မုဒိမ္းျပဳက်င့္ၿပီးေနာက္ သတ္ပစ္ခဲ့လို႔ အမ်ိဳးသား 5ေယာက္ဟာ ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္ ။ Cao Thi My Duyen အမည္႐ွိတဲ့ ေကာလိပ္ေက်ာင္းသူဟာ ဗီယက္နမ္ႏိုင္ငံ ၊ Dien Bien ၿမိဳ႕မွာေနထိုင္သူျဖစ္ပါတယ္ ။ သူမရဲ႕႐ုပ္အေလာင္းကိုေတာ့ အက်ႌလက္႐ွည္ ႏွင့္ အတြင္းခံ တို႔ကိုသာဝတ္ဆင္ထားလ်က္ေတြ႔႐ွိခဲ့ၿပီး သူမရဲ႕ေခါင္းတြင္လည္း ဆိုင္ကယ္ဦးထုပ္ေဆာင္းထားလ်က္ျဖင့္ေတြ႔႐ွိခဲ့တာပါ ။ Duyen ဟာ မိခင္ျဖစ္သူရဲ႕ေစ်းဆိုင္ေလးကို ကူညီေရာင္းခ်ေပးေနသူျဖစ္ၿပီး ၊ ေပ်ာက္ဆံုးသြားတဲ့ေန႔က ၾကက္အ႐ွင္တစ္ေကာင္ပို႔ေပးဖို႔ဖုန္းလက္ခံရ႐ွိၿပီး ၾကက္သြားပို႔ဖို႔ ဆိုင္ကယ္ဦးထုပ္ေဆာင္းၿပီးထြက္သြားတာကို ေနာက္ဆံုးေတြ႔႐ွိခဲ့ရတာျဖစ္ေၾကာင္း မိခင္ျဖစ္သူက တိုင္ၾကားခဲ့ပါတယ္ ။

3ရက္အၾကာမွာေတာ့ သူမတို႔ေနအိမ္ကေန တစ္နာရီဝန္းက်င္ခန္႔အထိေမာင္းနင္သြားရတဲ့ အိမ္အပ်က္ႀကီးမွာ သူမရဲ႕႐ုပ္အေလာင္းကိုစြန္႔ပစ္ထားခဲ့ၾကတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သူမဟာ 3ရက္ခန္႔ မုဒိမ္းျပဳက်င့္ခံရၿပီးမွ အသတ္ခံခဲ့ရတာျဖစ္ပါတယ္ ။

ထို႔အျပင္ သံသယရွိသူအေနျဖင့္ဖမ္းဆီးထိန္းသိမ္းထားတဲ့ အမ်ိဳးသား 5ဦးဟာလည္း ျပစ္မႈက်ဴ းလြန္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ ျပစ္မႈက်ဴ းလြန္သူမ်ားထဲမွ တစ္ဦးကေတာ့ Duyen ကို ၾကက္အ႐ွင္တစ္ေကာင္ လူကိုယ္တိုင္လာေရာက္ပို႔ေဆာင္ဖို႔ ဖုန္းဆက္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္ ။ လက္႐ွိမွာေတာ့ အဆိုပါကိစၥရပ္ကို ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: Daily Mail

Unicode

22နှစ်အရွယ်ကောလိပ်ကျောင်းသူကို ပြန်ပေးဆွဲပြီး 3ရက်ခန့်အုပ်စုဖွဲ့မုဒိမ်းပြုကျင့်ပြီးနောက် သတ်ပစ်ခဲ့လို့ အမျိုးသား 5ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ Cao Thi My Duyen အမည်ရှိတဲ့ ကောလိပ်ကျောင်းသူဟာ ဗီယက်နမ်နိုင်ငံ ၊ Dien Bien မြို့မှာနေထိုင်သူဖြစ်ပါတယ် ။ သူမရဲ့ရုပ်အလောင်းကိုတော့ အင်္ကျီလက်ရှည် နှင့် အတွင်းခံ တို့ကိုသာဝတ်ဆင်ထားလျက်တွေ့ရှိခဲ့ပြီး သူမရဲ့ခေါင်းတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်းထားလျက်ဖြင့်တွေ့ရှိခဲ့တာပါ ။ Duyen ဟာ မိခင်ဖြစ်သူရဲ့ဈေးဆိုင်လေးကို ကူညီရောင်းချပေးနေသူဖြစ်ပြီး ၊ ပျောက်ဆုံးသွားတဲ့နေ့က ကြက်အရှင်တစ်ကောင်ပို့ပေးဖို့ဖုန်းလက်ခံရရှိပြီး ကြက်သွားပို့ဖို့ ဆိုင်ကယ်ဦးထုပ်ဆောင်းပြီးထွက်သွားတာကို နောက်ဆုံးတွေ့ရှိခဲ့ရတာဖြစ်ကြောင်း မိခင်ဖြစ်သူက တိုင်ကြားခဲ့ပါတယ် ။

3ရက်အကြာမှာတော့ သူမတို့နေအိမ်ကနေ တစ်နာရီဝန်းကျင်ခန့်အထိမောင်းနင်သွားရတဲ့ အိမ်အပျက်ကြီးမှာ သူမရဲ့ရုပ်အလောင်းကိုစွန့်ပစ်ထားခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမဟာ 3ရက်ခန့် မုဒိမ်းပြုကျင့်ခံရပြီးမှ အသတ်ခံခဲ့ရတာဖြစ်ပါတယ် ။

ထို့အပြင် သံသယရှိသူအနေဖြင့်ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသား 5ဦးဟာလည်း ပြစ်မှုကျူ းလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ ပြစ်မှုကျူ းလွန်သူများထဲမှ တစ်ဦးကတော့ Duyen ကို ကြက်အရှင်တစ်ကောင် လူကိုယ်တိုင်လာရောက်ပို့ဆောင်ဖို့ ဖုန်းဆက်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ် ။ လက်ရှိမှာတော့ အဆိုပါကိစ္စရပ်ကို ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment