ၾကက္ဥေကာက္ေနတုန္း အိမ္မွာေမြးထားတဲ့ၾကက္ဖကဆိတ္လိုက္လို႔ ေသြးအထြက္လြန္ၿပီးေသဆံုးသြားခဲ့ရတဲ့ အဘြားအို

ၾသစေတးလ်ႏိုင္ငံေတာင္ဖက္ပိုင္းမွာေနထိုင္တဲ့အဘြားအိုတစ္ဦးဟာ သူ႔မ၏အိမ္အေနာက္ဖက္ျခံဝင္းထဲမွ ၾကက္ဥေကာက္ေနတုန္း ၾကက္ဖတစ္ေကာင္ကသူမ၏ ဘယ္ဖက္ေျခေထာက္ကို ဆိတ္လိုက္တဲ့အတြက္ ေသြးထြက္လြန္ၿပီးေနာက္ မူးေမ့လဲကာ ေသဆံုးသြားခဲ့ရပါတယ္ ။ အေလာင္းကို ခြဲစိတ္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဘယ္ဖက္ေျခသလံုးရဲ႕ေအာက္ဖက္နားမွာ ေသးငယ္တဲ့ေပါက္ျပဲဒဏ္ရာႏွစ္ခု႐ွိခဲ့ၿပီး ၊ အဆိုပါေျခသလံုး႐ွိေသြးေၾကာထံုးေလက ေပါက္ျပဲသြားခဲ့တဲ့အတြက္ ေသြးအထြက္လြန္ၿပီးေသဆံုးသြားျခင္းျဖစ္ေၾကာင္း ေတြ႔႐ွိခဲ့ၾကပါတယ္ ။ ေသြးေၾကာထံုးေလးေတြဟာ ႀကီးလာျခင္း ၊ ေရာင္ကိုင္းျခင္း ႏွင့္ ေသြးျပန္ေၾကာမ်ားရစ္ပတ္ေနျခင္းစသည့္လကၡဏာမ်ား႐ွိၿပီး အျပာေရာင္ (သို႔) ခရမ္းရင့္ေရာင္အေနႏွင့္လည္း ျမင္ေတြ႔ရတတ္ပါတယ္ ။ အဆိုပါေသြးေၾကာထံုးေလေတြဟာ အေရျပားေပၚမွာ စူထြက္ေနတတ္ၾကပါတယ္ ။ေသြးျပန္ေၾကာေလးေတြဟာ ေျခေထာက္ေတြမွာသာအမ်ားဆံုး ထိခိုက္မႈျဖစ္ပြားတတ္ပါတယ္ ။ ဘာလို႔လဲဆိုေတာ့ မတ္တပ္ရပ္ျခင္း ႏွင့္ လမ္းေလ်ွာက္ျခင္းတို႔က ခႏၶာကိုယ္ေအာက္ပိုင္း႐ွိ ေသြးျပန္ေၾကာေလးေတြကို pressure ျဖစ္ေစမႈက ပိုၿပီးမ်ားျပားတဲ့အတြက္ ျဖစ္ပါတယ္ ။

၎ၾကက္ဖက အဘြားအိုကို ဘာလို႔ဆိတ္ခဲ့တာလဲဆိုသည့္ အေၾကာင္းအရာကိုေတာ့ ေဖာ္ျပထားျခင္းမ႐ွိေပမဲ့ ၊ အဆိုပါၾကက္ဖကေတာ့ အေတာ္ေလးရန္မူတတ္တဲ့ၾကက္ဖျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။မေမ်ွာ္လင့္ထားၾကတဲ့ မေတာ္တဆမႈေၾကာင့္ လူအမ်ားစုက အိမ္ေမြးတိရစာၦန္အေသးေလးေတြေတာင္ လူကိုသတ္ႏိုင္ေၾကာင္း သတိေပးခဲ့ၾကပါတယ္ ။

တိရစာၦန္ႏွင့္ပက္သက္ၿပီးေသဆံုးမႈမ်ားကို ေလ့လာသံုးသပ္ေနတဲ့ Professor Byard ၏ေျပာဆိုခ်က္အရ. ” တိရစာၦန္ေတြရဲ႕ တိုက္ခိုက္ျခင္းေၾကာင့္ပဲမဟုတ္ပါဘူး ၊ ကြၽန္ေတာ္တို႔ရဲ႕ေလ့လာခ်က္အရ အိမ္အနီးအနာေတြမွာ႐ွိတဲ့ လူေတြကလည္း တစ္ခုခုနဲ႔ ေျခေထာက္အနားမွာ႐ွိတဲ့ ေသြးျပန္ေၾကာေတြကိုထိမိရင္းနဲ႔ ေသြးထြက္လြန္ျခင္းမ်ိဴ းလည္းျဖစ္တတ္ေၾကာင္း ” ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

သြစတေးလျနိုင်ငံတောင်ဖက်ပိုင်းမှာနေထိုင်တဲ့အဘွားအိုတစ်ဦးဟာ သူ့မ၏အိမ်အနောက်ဖက်ခြံဝင်းထဲမှ ကြက်ဥကောက်နေတုန်း ကြက်ဖတစ်ကောင်ကသူမ၏ ဘယ်ဖက်ခြေထောက်ကို ဆိတ်လိုက်တဲ့အတွက် သွေးထွက်လွန်ပြီးနောက် မူးမေ့လဲကာ သေဆုံးသွားခဲ့ရပါတယ် ။ အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ချိန်မှာတော့ ဘယ်ဖက်ခြေသလုံးရဲ့အောက်ဖက်နားမှာ သေးငယ်တဲ့ပေါက်ပြဲဒဏ်ရာနှစ်ခုရှိခဲ့ပြီး ၊ အဆိုပါခြေသလုံးရှိသွေးကြောထုံးလေက ပေါက်ပြဲသွားခဲ့တဲ့အတွက် သွေးအထွက်လွန်ပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ် ။ သွေးကြောထုံးလေးတွေဟာ ကြီးလာခြင်း ၊ ရောင်ကိုင်းခြင်း နှင့် သွေးပြန်ကြောများရစ်ပတ်နေခြင်းစသည့်လက္ခဏာများရှိပြီး အပြာရောင် (သို့) ခရမ်းရင့်ရောင်အနေနှင့်လည်း မြင်တွေ့ရတတ်ပါတယ် ။ အဆိုပါသွေးကြောထုံးလေတွေဟာ အရေပြားပေါ်မှာ စူထွက်နေတတ်ကြပါတယ် ။သွေးပြန်ကြောလေးတွေဟာ ခြေထောက်တွေမှာသာအများဆုံး ထိခိုက်မှုဖြစ်ပွားတတ်ပါတယ် ။ ဘာလို့လဲဆိုတော့ မတ်တပ်ရပ်ခြင်း နှင့် လမ်းလျှောက်ခြင်းတို့က ခန္ဓာကိုယ်အောက်ပိုင်းရှိ သွေးပြန်ကြောလေးတွေကို pressure ဖြစ်စေမှုက ပိုပြီးများပြားတဲ့အတွက် ဖြစ်ပါတယ် ။

၎င်းကြက်ဖက အဘွားအိုကို ဘာလို့ဆိတ်ခဲ့တာလဲဆိုသည့် အကြောင်းအရာကိုတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ၊ အဆိုပါကြက်ဖကတော့ အတော်လေးရန်မူတတ်တဲ့ကြက်ဖဖြစ်ကြောင်း သိရှိရပါတယ် ။မမျှော်လင့်ထားကြတဲ့ မတော်တဆမှုကြောင့် လူအများစုက အိမ်မွေးတိရစ္ဆာန်အသေးလေးတွေတောင် လူကိုသတ်နိုင်ကြောင်း သတိပေးခဲ့ကြပါတယ် ။

တိရစ္ဆာန်နှင့်ပက်သက်ပြီးသေဆုံးမှုများကို လေ့လာသုံးသပ်နေတဲ့ Professor Byard ၏ပြောဆိုချက်အရ. ” တိရစ္ဆာန်တွေရဲ့ တိုက်ခိုက်ခြင်းကြောင့်ပဲမဟုတ်ပါဘူး ၊ ကျွန်တော်တို့ရဲ့လေ့လာချက်အရ အိမ်အနီးအနာတွေမှာရှိတဲ့ လူတွေကလည်း တစ်ခုခုနဲ့ ခြေထောက်အနားမှာရှိတဲ့ သွေးပြန်ကြောတွေကိုထိမိရင်းနဲ့ သွေးထွက်လွန်ခြင်းမျိူ းလည်းဖြစ်တတ်ကြောင်း ” ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "ၾကက္ဥေကာက္ေနတုန္း အိမ္မွာေမြးထားတဲ့ၾကက္ဖကဆိတ္လိုက္လို႔ ေသြးအထြက္လြန္ၿပီးေသဆံုးသြားခဲ့ရတဲ့ အဘြားအို"

Leave a comment

Your email address will not be published.


*