လူအမ်ားရဲ႕အလႉေငြကိုလက္ခံရ႐ွိထားေပမဲ့ လက္ေတြ႔မွာသမီးငယ္ကို ခါးပတ္ႀကိဳးနဲ႔႐ိုက္ႏွက္ႏွိပ္စက္ခ့ဲတဲ့ အမ်ိဳးသား

အင္တာနက္ကေန လူအမ်ားရဲ႕သနားစာနာမႈ နဲ႔ အလႉေငြကိုလက္ခံရ႐ွိေနတဲ့အမ်ိဳးသားဟာ အမွန္တကယ္လက္ေတြ႔မွာ သူမရဲ႕သမီးငယ္ေလးကို အားရပါးရခါးပတ္ႀကိဳးနဲ႔ ႐ိုက္ႏွက္ေနတဲ့ video ဟာ social media ေပၚမွာပ်ံ့ႏွံ႔ေနလ်က္႐ွိပါတယ္ ။ ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ Dao Duc Khiem အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသားဟာ စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္တစ္ဦးရဲ႕ လိမ္လည္လွည့္စားမႈကိုခံခဲ့ရၿပီးေနာက္ လံုးဝကိုဘဝပ်က္သြားခဲ့ရၿပီး အမႈိက္ပံုးေတြမွာလိုက္လံ႐ွာေဖြစားေသာက္ေနရတဲ့အေျခအေနမ်ိဳးထိေရာက္သြားခဲ့ရေၾကာင္းကို social media ေပၚ video အေတာ္မ်ားမ်ားပ်ံ့ႏွံ႔သြားခဲ့လို႔ လူအမ်ားရဲ႕စာနာသနားမႈ ႏွင့္ ေငြအမ်ားအျပားလႉဒါန္းမႈမ်ိဳး ရ႐ွိခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါအမ်ိဳးသားဟာ သူ၏သမီးငယ္ေလးကို လူအမ်ားေ႐ွ႕မွာ ခါးပတ္ႀကိဳးျဖင့္ဆိုးဆိုးရြားရြား ႐ိုက္ႏွက္ပစ္ခဲ့လို႔ သူ၏သ႐ုပ္မွန္ေပၚထြက္ခဲ့ပါေတာ့တယ္ ။

အဆိုပါအျဖစ္အပ်က္ကို video ႐ိုက္ကူးထားတဲ့အမ်ိဳးသမီးက ကေလးငယ္ကိုမ႐ိုက္ေတာ့ဖို႔ တားေပမဲ့လည္း ” နင့္ကိစၥမဟုတ္ဘူး ၊ ဒါ ငါ့ကေလးကို ငါသင္ေနတာ ” ဆိုၿပီး ျပန္ေျပာခဲ့တဲ့အျပင္ ကေလးငယ္ကို ” ငါနင့္ကို လူ႔ဘဝထဲေခၚလာတာ နင့္ကိုငါသတ္ပစ္လို႔ရတယ္ ၊ ကေလးဆိုးရဲ႕ ” ဆိုၿပီး ကေလးငယ္ကို ခါးပတ္ျဖင့္႐ိုက္ႏွက္ၿပီး ဆဲဆိုေနခဲ့တာပါ ။

ကေလးငယ္ကို ကာကြယ္ေစာင့္ေ႐ွာက္ေပးေနတဲ့ အဖြဲ႔အစည္းက ကေလးငယ္ကိုဖခင္ျဖစ္သူႏွင့္ခြဲထားႏိုင္ဖို႔ႀကိဳးစားေနလ်က္႐ွိပါတယ္ ။ ယခုခ်ိန္မွာေတာ့ အဆိုပါ အသက္ 26 ႏွစ္အရြယ္ Dao Duc Khiem ကို အရင္ခ်ိန္က public hero ဆိုၿပီး လူအမ်ားကသတ္မွတ္ခဲ့ၾကေပမဲ့ ယခုအခ်ိန္မွာေတာ့ တလြဲယံုစားခဲ့မိလို႔ အဆိုပါအမ်ိဳးသားကို လူအမ်ားကမုန္းတီးရြံ႐ွာေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source:dailymail

Unicode

အင်တာနက်ကနေ လူအများရဲ့သနားစာနာမှု နဲ့ အလှူငွေကိုလက်ခံရရှိနေတဲ့အမျိုးသားဟာ အမှန်တကယ်လက်တွေ့မှာ သူမရဲ့သမီးငယ်လေးကို အားရပါးရခါးပတ်ကြိုးနဲ့ ရိုက်နှက်နေတဲ့ video ဟာ social media ပေါ်မှာပျံ့နှံ့နေလျက်ရှိပါတယ် ။ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Dao Duc Khiem အမည်ရှိတဲ့ အဆိုပါအမျိုးသားဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးရဲ့ လိမ်လည်လှည့်စားမှုကိုခံခဲ့ရပြီးနောက် လုံးဝကိုဘဝပျက်သွားခဲ့ရပြီး အမှိုက်ပုံးတွေမှာလိုက်လံရှာဖွေစားသောက်နေရတဲ့အခြေအနေမျိုးထိရောက်သွားခဲ့ရကြောင်းကို social media ပေါ် video အတော်များများပျံ့နှံ့သွားခဲ့လို့ လူအများရဲ့စာနာသနားမှု နှင့် ငွေအများအပြားလှူဒါန်းမှုမျိုး ရရှိခဲ့ပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအမျိုးသားဟာ သူ၏သမီးငယ်လေးကို လူအများရှေ့မှာ ခါးပတ်ကြိုးဖြင့်ဆိုးဆိုးရွားရွား ရိုက်နှက်ပစ်ခဲ့လို့ သူ၏သရုပ်မှန်ပေါ်ထွက်ခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ကို video ရိုက်ကူးထားတဲ့အမျိုးသမီးက ကလေးငယ်ကိုမရိုက်တော့ဖို့ တားပေမဲ့လည်း ” နင့်ကိစ္စမဟုတ်ဘူး ၊ ဒါ ငါ့ကလေးကို ငါသင်နေတာ ” ဆိုပြီး ပြန်ပြောခဲ့တဲ့အပြင် ကလေးငယ်ကို ” ငါနင့်ကို လူ့ဘဝထဲခေါ်လာတာ နင့်ကိုငါသတ်ပစ်လို့ရတယ် ၊ ကလေးဆိုးရဲ့ ” ဆိုပြီး ကလေးငယ်ကို ခါးပတ်ဖြင့်ရိုက်နှက်ပြီး ဆဲဆိုနေခဲ့တာပါ ။

ကလေးငယ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းက ကလေးငယ်ကိုဖခင်ဖြစ်သူနှင့်ခွဲထားနိုင်ဖို့ကြိုးစားနေလျက်ရှိပါတယ် ။ ယခုချိန်မှာတော့ အဆိုပါ အသက် 26 နှစ်အရွယ် Dao Duc Khiem ကို အရင်ချိန်က public hero ဆိုပြီး လူအများကသတ်မှတ်ခဲ့ကြပေမဲ့ ယခုအချိန်မှာတော့ တလွဲယုံစားခဲ့မိလို့ အဆိုပါအမျိုးသားကို လူအများကမုန်းတီးရွံရှာနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment