ဝက္ဝံတစ္ေကာင္ႏွင့္အသက္လုၿပီးတိုက္ခိုက္ခဲ့ရတဲ့ အသက္ 82 ႏွစ္အရြယ္ အဘြားအိုရဲ႕အျဖစ္ (႐ုပ္သံ)

ၿပီးခဲ့တဲ့ July 16 ရက္ေန႔တုန္းက ဂ်ပန္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 82ႏွစ္အရြယ္ Rumiko Sasaki အမည္႐ွိတဲ့ အဘြားအိုဟာ အိမ္ေနာက္ေဖးျခံမွာေန႔ခင္းဖက္ ခင္ပြန္းျဖစ္သူႏွင့္အနားယူေနခဲ့တာပါ ။ သူမတို႔ေနထိုင္တဲ့ေနရာဟာ ေက်းလက္ေတာနယ္ျဖစ္တဲ့အတြက္ ညေနခင္း 5:30 အခ်ိန္ခန္႔မွာေတာ့ သူမတို႔ရဲ႕ျခံဝန္းအတြင္းသို႔ ဝက္ဝံမဲတစ္ေကာင္ဝင္ေရာက္လာခဲ့ပါေတာ့တယ္ ။ အဆိုပါ ဝက္ဝံဟာ 150 cm ဝန္းက်င့္ခန္႔ျမင့္ေၾကာင္း သိ႐ွိရပါတယ္ ။ အဘြားဟာ ဝက္ဝံကိုစေတြ႔လိုက္တဲ့အခ်ိန္မွာ ေၾကာက္လြန္းလို႔ပုန္းေနခ်ိန္ေတာင္မရဘဲ ၊ ခင္ပြန္းျဖစ္သူကိုေတာ့ အေျခအေနကို အခ်က္ျပႏိုင္ခဲ့ပါတယ္ ။

အဘြားအိုရဲ႕ေျပာျပခ်က္အရ ” ကြၽန္မ မတ္တပ္ရပ္လိုက္တဲ့အခ်ိန္မွာ ၊ ဝက္ဝံတစ္ေကာင္ရပ္ေနတာကိုေတြ႔လိုက္တယ္ ၿပီးေတာ့ သူကကြၽန္မဆီကိုေျပးလာတယ္ ၊ သူရဲ႕လက္သည္းေတြနဲ႔ ကြၽန္မရဲ႕မ်က္ႏွာကို လွမ္းကုတ္ပစ္ဖို႔လုပ္ေနခဲ့တယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္ ။ ထို႔အျပင္ အဘြားအိုဟာအသက္အရြယ္ႀကီးရင့္ေနသူျဖစ္တဲ့အတြက္ ဝက္ဝံကိုျပန္တိုက္ခိုက္ဖို႔ မျဖစ္ႏိုင္လို႔ သူမဆီမွာ႐ွိတဲ့အားနဲ႔ ဆတ္ခနဲဝက္ဝံကိုအေဝးသို႔အႀကိမ္ႀကိမ္ျပန္တြန္းပစ္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာမွ ဝက္ဝံဟာအေဝးသို႔ျပန္ၿပီး ထြက္ခြာသြားခဲ့ပါတယ္ ။

ကံေကာင္းစြာနဲ႔ အဘြား Rumiko ရဲ႕မ်က္ႏွာမွာ ကုတ္ျခစ္ဒဏ္ရာအနည္းငယ္သာ ရ႐ွိခဲ့ပါတယ္ ။ အဘြားအိုရဲ႕အျဖစ္အပ်က္ၿပီးဆံုးသြားၿပီးေနာက္မွာေတာ့ ေဒသခံေတာလိုက္မုဆိုးအဖြဲ႔က ေတာထဲမွာ ေလွာင္အိမ္ေထာင္ေခ်ာက္ 3ခုအထိ ျပဳလုပ္ထားၿပီး ဝက္ဝံကိုဖမ္းမိႏိုင္ေအာင္ ေစာင့္ၾကည့္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ အဘြားရဲ႕အိမ္အနီးအနားကိုလည္း ကင္းလွည့္လည္းေပးေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ July 16 ရက်နေ့တုန်းက ဂျပန်နိုင်ငံမှာနေထိုင်တဲ့ အသက် 82နှစ်အရွယ် Rumiko Sasaki အမည်ရှိတဲ့ အဘွားအိုဟာ အိမ်နောက်ဖေးခြံမှာနေ့ခင်းဖက် ခင်ပွန်းဖြစ်သူနှင့်အနားယူနေခဲ့တာပါ ။ သူမတို့နေထိုင်တဲ့နေရာဟာ ကျေးလက်တောနယ်ဖြစ်တဲ့အတွက် ညနေခင်း 5:30 အချိန်ခန့်မှာတော့ သူမတို့ရဲ့ခြံဝန်းအတွင်းသို့ ဝက်ဝံမဲတစ်ကောင်ဝင်ရောက်လာခဲ့ပါတော့တယ် ။ အဆိုပါ ဝက်ဝံဟာ 150 cm ဝန်းကျင့်ခန့်မြင့်ကြောင်း သိရှိရပါတယ် ။ အဘွားဟာ ဝက်ဝံကိုစတွေ့လိုက်တဲ့အချိန်မှာ ကြောက်လွန်းလို့ပုန်းနေချိန်တောင်မရဘဲ ၊ ခင်ပွန်းဖြစ်သူကိုတော့ အခြေအနေကို အချက်ပြနိုင်ခဲ့ပါတယ် ။

အဘွားအိုရဲ့ပြောပြချက်အရ ” ကျွန်မ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ ၊ ဝက်ဝံတစ်ကောင်ရပ်နေတာကိုတွေ့လိုက်တယ် ပြီးတော့ သူကကျွန်မဆီကိုပြေးလာတယ် ၊ သူရဲ့လက်သည်းတွေနဲ့ ကျွန်မရဲ့မျက်နှာကို လှမ်းကုတ်ပစ်ဖို့လုပ်နေခဲ့တယ် ” ဆိုပြီးပြောပြခဲ့ပါတယ် ။ ထို့အပြင် အဘွားအိုဟာအသက်အရွယ်ကြီးရင့်နေသူဖြစ်တဲ့အတွက် ဝက်ဝံကိုပြန်တိုက်ခိုက်ဖို့ မဖြစ်နိုင်လို့ သူမဆီမှာရှိတဲ့အားနဲ့ ဆတ်ခနဲဝက်ဝံကိုအဝေးသို့အကြိမ်ကြိမ်ပြန်တွန်းပစ်ခဲ့ပါတယ် ။ ထိုအချိန်မှာမှ ဝက်ဝံဟာအဝေးသို့ပြန်ပြီး ထွက်ခွာသွားခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ အဘွား Rumiko ရဲ့မျက်နှာမှာ ကုတ်ခြစ်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပါတယ် ။ အဘွားအိုရဲ့အဖြစ်အပျက်ပြီးဆုံးသွားပြီးနောက်မှာတော့ ဒေသခံတောလိုက်မုဆိုးအဖွဲ့က တောထဲမှာ လှောင်အိမ်ထောင်ချောက် 3ခုအထိ ပြုလုပ်ထားပြီး ဝက်ဝံကိုဖမ်းမိနိုင်အောင် စောင့်ကြည့်နေလျက်ရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် အဘွားရဲ့အိမ်အနီးအနားကိုလည်း ကင်းလှည့်လည်းပေးနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment