အဘြားအိုဆိုျပီး လူအမ်ားထင္မွတ္ထားသူက Plastic surgery ေၾကာင့္ ဘဝအသစ္ျပန္စခြင့္ရ႐ွိခဲ့တဲ့အျဖစ္

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Xiaofeng အမည္႐ွိတဲ့ အသက္ 15 ႏွစ္အရြယ္မိန္းကေလးဟာ Progeria ေရာဂါခံစားရၿပီးေနာက္ လက္ရွိအရြယ္ထက္ပိုၿပီးအိုမင္းရင့္ေရာ္သြားခဲ့လို႔ သူမရဲ႕မ်က္ႏွာဟာ အဘြားအိုတစ္ေယာက္လိုျဖစ္ေနခဲ့တဲ့အျပင္ ၊ ထိေရာက္တဲ့ကုသမႈမ်ိဳးကိုလည္း မခံယူခဲ့ရပါဘူး ။ ၿပီးခဲ့တဲ့ႏွစ္ကမွ Xiaofeng ဟာ လူေ႐ွ႕သူေ႐ွ႕ထြက္ျပခဲ့ၿပီး သူမရဲ႕ဘဝအျဖစ္အပ်က္ကိုေဝမ်ွခဲ့ပါတယ္ ။ Xiaofeng ရဲ႕မိခင္ျဖစ္သူေျပာျပခ်က္အရ Xiaofeng အသက္ 1ႏွစ္အရြယ္ကတည္းက သူမရဲ႕အသားအေရေတြဟာ အိက်ေနခဲ့တာပါ ။ သူမ ဆယ္ေက်ာ္သက္အရြယ္ေရာက္႐ွိလာခ်ိန္မွာေတာ့ အသက္ 60 အရြယ္အဘြားအိုတစ္ေယာက္လို ျဖစ္ေနခဲ့ပါၿပီ ။ အျခားေက်ာင္းသူေတြရဲ႕ အႏိုင္က်င့္မႈ ႏွင့္ သူမရဲ႕႐ုပ္ရည္ေၾကာင့္ ႐ွက္ေၾကာက္ၿပီး Xiaofeng ဟာေက်ာင္းထြက္ခဲ့ၿပီး မိဘရဲ႕အိမ္ေမြးၾကက္ျခံကိုသာ ထိန္းေက်ာင္းေပးေနခဲ့တာပါ ။

တစ္ခ်ိဳ႕ေသာသူမ်ားကေတာ့ သူမကိုမွားယြင္းၿပီး အေဒၚ ၊ အဘြား ဆိုၿပီးေခၚဆိုၾကတဲ့အခ်ိန္တိုင္း သူမအေတာ္ေလးဝမ္းနည္းခဲ့ရေၾကာင္း ႏွင့္ ယခုလို႐ုပ္မ်ိဳးနဲ႔ေတာ့ ေက်ာင္းဆက္မတက္ခ်င္ဘဲ ၊ သူမရဲ႕႐ုပ္ရည္ကိုေျပာင္းလဲပစ္ႏိုင္ပါက ေက်ာင္းျပန္တက္ဖို႔ႀကိဳးစားမည္ျဖစ္ေၾကာင္း Xiaofeng က ရင္ဖြင့္ေျပာျပခဲ့ပါတယ္ ။ Xiaofeng ရဲ႕ဘဝအျဖစ္ဟာ လူအမ်ားရဲ႕စိတ္ဝင္စားမႈကိုရ႐ွိခဲ့ၿပီး ၊ သူမရဲ႕႐ုပ္ရည္ခြဲစိတ္ကုသမႈအတြက္ လႉဒါန္ေငြပါရ႐ွိခဲ့တဲ့အျပင္ ၊ ခြဲစိတ္ျပဳျပင္ပါက 500,000 yuan ကုန္က်မည္ျဖစ္ေပမဲ့ သူမရဲ႕အေၾကာင္းကိုၾကားၿပီး ေဆးရံုဖက္ကကုန္က်စရိတ္ရဲ႕ 70% ေလ်ာ့ခ်ေပးခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

ခြဲစိတ္ျပဳျပင္ၿပီး တစ္လအၾကာမွာေတာ့ Xiaofeng ဟာ အဆင္မေျပမႈမ်ားၾကံဳေတြ႔ရေပမဲ့ အခုအခ်ိန္မွာေတာ့ သူမဟာအေတာ္ေလးေပ်ာ္ရႊင္ေနရၿပီး ၊ ေက်ာင္းမ်ားျပန္တက္ဖို႔ စီစဥ္ေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။ ဆရာဝန္ေတြဟာ သူမဘဝကိုကယ္တင္ေပးခဲ့တဲ့အျပင္ ၊ အျခားသူေတြရဲ႕ ဘဝကိုပါ ကယ္တင္ေပးႏိုင္တဲ့အတြက္ Xiaofeng ဟာ ဆရာဝန္တစ္ေယာက္ျဖစ္ဖို႔ ရည္ရြယ္ထားေၾကာင္း သူမရဲ႕ဘဝရည္မွန္းခ်က္ကိုေျပာျပသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: asiaone

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ Xiaofeng အမည်ရှိတဲ့ အသက် 15 နှစ်အရွယ်မိန်းကလေးဟာ Progeria ရောဂါခံစားရပြီးနောက် လက်ရှိအရွယ်ထက်ပိုပြီးအိုမင်းရင့်ရော်သွားခဲ့လို့ သူမရဲ့မျက်နှာဟာ အဘွားအိုတစ်ယောက်လိုဖြစ်နေခဲ့တဲ့အပြင် ၊ ထိရောက်တဲ့ကုသမှုမျိုးကိုလည်း မခံယူခဲ့ရပါဘူး ။ ပြီးခဲ့တဲ့နှစ်ကမှ Xiaofeng ဟာ လူရှေ့သူရှေ့ထွက်ပြခဲ့ပြီး သူမရဲ့ဘဝအဖြစ်အပျက်ကိုဝေမျှခဲ့ပါတယ် ။ Xiaofeng ရဲ့မိခင်ဖြစ်သူပြောပြချက်အရ Xiaofeng အသက် 1နှစ်အရွယ်ကတည်းက သူမရဲ့အသားအရေတွေဟာ အိကျနေခဲ့တာပါ ။ သူမ ဆယ်ကျော်သက်အရွယ်ရောက်ရှိလာချိန်မှာတော့ အသက် 60 အရွယ်အဘွားအိုတစ်ယောက်လို ဖြစ်နေခဲ့ပါပြီ ။ အခြားကျောင်းသူတွေရဲ့ အနိုင်ကျင့်မှု နှင့် သူမရဲ့ရုပ်ရည်ကြောင့် ရှက်ကြောက်ပြီး Xiaofeng ဟာကျောင်းထွက်ခဲ့ပြီး မိဘရဲ့အိမ်မွေးကြက်ခြံကိုသာ ထိန်းကျောင်းပေးနေခဲ့တာပါ ။

တစ်ချို့သောသူများကတော့ သူမကိုမှားယွင်းပြီး အဒေါ် ၊ အဘွား ဆိုပြီးခေါ်ဆိုကြတဲ့အချိန်တိုင်း သူမအတော်လေးဝမ်းနည်းခဲ့ရကြောင်း နှင့် ယခုလိုရုပ်မျိုးနဲ့တော့ ကျောင်းဆက်မတက်ချင်ဘဲ ၊ သူမရဲ့ရုပ်ရည်ကိုပြောင်းလဲပစ်နိုင်ပါက ကျောင်းပြန်တက်ဖို့ကြိုးစားမည်ဖြစ်ကြောင်း Xiaofeng က ရင်ဖွင့်ပြောပြခဲ့ပါတယ် ။ Xiaofeng ရဲ့ဘဝအဖြစ်ဟာ လူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ၊ သူမရဲ့ရုပ်ရည်ခွဲစိတ်ကုသမှုအတွက် လှူဒါန်ငွေပါရရှိခဲ့တဲ့အပြင် ၊ ခွဲစိတ်ပြုပြင်ပါက 500,000 yuan ကုန်ကျမည်ဖြစ်ပေမဲ့ သူမရဲ့အကြောင်းကိုကြားပြီး ဆေးရုံဖက်ကကုန်ကျစရိတ်ရဲ့ 70% လျော့ချပေးခဲ့ကြောင်း သိရှိရပါတယ် ။

ခွဲစိတ်ပြုပြင်ပြီး တစ်လအကြာမှာတော့ Xiaofeng ဟာ အဆင်မပြေမှုများကြုံတွေ့ရပေမဲ့ အခုအချိန်မှာတော့ သူမဟာအတော်လေးပျော်ရွှင်နေရပြီး ၊ ကျောင်းများပြန်တက်ဖို့ စီစဉ်နေလျက်ရှိကြောင်းသိရှိရပါတယ် ။ ဆရာဝန်တွေဟာ သူမဘဝကိုကယ်တင်ပေးခဲ့တဲ့အပြင် ၊ အခြားသူတွေရဲ့ ဘဝကိုပါ ကယ်တင်ပေးနိုင်တဲ့အတွက် Xiaofeng ဟာ ဆရာဝန်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားကြောင်း သူမရဲ့ဘဝရည်မှန်းချက်ကိုပြောပြသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment