သမီးငယ်လေးရဲ့ဆေးဖိုးရဖို့ ဆပ်ကပ်လူပြက်ပုံစံဝတ်ဆင်ပြီး မိုးပျံပူဖောင်းရောင်းနေရတဲ့ ဖခင်
Jasmine (Mckzone Daily)
Source: asiaone
Unicode
တရုတ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်ဟာ သူ၏ 2နှစ်သားအရွယ်သမီးငယ်လေးရဲ့ ဆေးဖိုးအတွက် လူပြက်ဝတ်စုံဝတ်ဆင်ပြီး ပူဖောင်းတွေရောင်းချနေရတာပါ ။ Zhengzhou မြို့မှာနေထိုင်တဲ့ Tu Xiancheng အမည်ရှိတဲ့အမျိုးသားဟာ သမီးငယ်လေး ဦးနှောက်မှာဒဏ်ရာကြီးကြီးမားမားရရှိပြီးနောက် ယခုလိုဘဝမျိုးရောက်ရှိသွားခဲ့ရတာဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ သမီးငယ်လေးဟာ အိပ်ရာပေါ်ကနေပြုတ်ကျသွားခဲ့ပြီးနောက် သူမရဲ့ဦးခေါင်းအနောက်ဖက်ဟာပြင်းထန်စွာ ရိုက်မိသွားခဲ့ပြီးနောက် ဦးနှောက်မှာသွေးအလွန်အကျွံထွက်သွားခဲ့ပြီး ဦးနှောက်ချွတ်ယွင်းမှုကြောင့် ကိုယ်အင်္ဂါမလှုပ်ရှားနိုင်တော့တဲ့ cerebral palsy ရောဂါကို ခံစားခဲ့ရတာပါ ။ ကိုယ်လက်မလှုပ်ရှားနိုင်ရုံတင်မကဘဲ သမီးငယ်လေးဟာ မျက်လုံးပါကန်းသွားခဲ့ပါသေးတယ် ။ သမီးငယ်လေးရဲ့ ဆေးကုသစရိတ်ဟာ အတော်များလွန်းလို့ Tu ဟာမတတ်နိုင်ခဲ့ပါဘူး ။ သို့ပေမဲ့လည်း သမီးရဲ့ဆေးကုသစရိတ် 200,000 yuan ခန့်အသုံးပြုပြီးပါပြီ ။
ကံဆိုးစွာနဲ့ Tu ဟာလည်း ကျန်းမာရေးကောင်းသူမဟုတ်ဘဲ အဆုတ်ရောင်ရောဂါကိုခံစားနေရသူပါ ။ သမီးဖြစ်သူ နေမကောင်းတာမြင်တော့ Tu ဟာ ကိုယ့်ကိုဆေးကုသဖို့ကိုမေ့လျော့နေခဲ့တာပါ ။ ခက်ခဲတဲ့အလုပ်အကိုင်တွေ မလုပ်နိုင်လို့ Tu ဟာ အခုလို လမ်းဘေးမှာပူဖောင်းရောင်းနေရတာပါ ။
လပေါင်းများစွာကြာလာတော့ Tu ရဲ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက မှတ်ဉာဏ်မရှိတော့တဲ့ သမီးလေးကို လက်လွှတ်လိုက်ဖို့ ပြောဆိုလာကြပါတယ် ။ သို့ပေမဲ့လည်း Tu ဟာ အခြားသူတွေရဲ့အကြံပေးစကားကိုနားမထောင်ဘဲ အသက်ရှင်နေသ၍ သမီးကိုလက်မလွတ်နိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။ Tu ရဲ့ဖခင်မေတ္တာဟာ တကယ့်ကိုအနှိုင်မဲ့စွာကြီးမားလွန်းလှပါတယ် ။
Jasmine (Mckzone Daily)
  • Leave a Comment