မိဘေတြသတိမထားမိလိုက္ခ်ိန္ လမ္းေအာက္႐ွိေရဆိုးႁပြန္ေပါက္ထဲ က်သြားခဲ့တဲ့ ကေလးငယ္ (႐ုပ္သံ)

3ႏွစ္အရြယ္ကေလးငယ္ရဲ႕ မေမ်ွာ္လင့္ဘဲ ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ လမ္းေအာက္႐ွိေရဆိုးႁပြန္ေပါက္ထဲ ထိုးက်သြားခဲ့တဲ့အျဖစ္ဟာ လူအေတာ္အမ်ားကို ပိုၿပီးစိုးရိမ္စိတ္ျဖစ္ေစလ်က္႐ွိပါတယ္ ။ ၿပီးခဲ့တဲ့ အပတ္က တ႐ုတ္ႏိုင္ငံ Zunyi ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ 3ႏွစ္အရြယ္ေကာင္ေလးဟာ အဆိုပါၿပိဳပ်က္ေနတဲ့ ေရပိုက္ဆိုးႁပြန္ေပါက္ကို ေျခတစ္လွမ္းတက္နင္းမိၿပီးေနာက္ မေမ်ွာ္လင့္ဘဲ ႐ုတ္တရက္ ေရဆိုးႁပြန္ေပါက္ေအာက္ဖက္အထိ ထိုးက်သြားခဲ့ပါတယ္ ။ ကေလးငယ္ရဲ႕ မလွမ္းမကမ္းမွာ အတူလမ္းေလ်ွာက္လာတဲ့ ကေလးမိဘေတြဟာ ကေလးကိုလွမ္းဆြဲလိုက္ဖို႔ေတာင္ အခ်ိန္မမွီလိုက္ပါဘူး ။

အစပိုင္းမွာေတာ့ ကေလးငယ္ရဲ႕ဖခင္ဟာ ေရဆိုးႁပြန္ေပါက္ထဲဆင္းၿပီး ကေလးကိုဝင္ကယ္ဖို႔လုပ္ခဲ့ေပမဲ့လည္း ၊ ေနာက္ပိုင္း ေရဆိုးႁပြန္ေပါက္ထဲ ေခါင္းကိုအရင္ငံု႔ထည့္ၿပီး သားငယ္ေလးကိုအႏၱရာယ္ကင္းစြာဆြဲထုတ္ႏိုင္ဖို႔ႀကိဳးစားခဲ့ပါေတာ့တယ္ ။ အ႐ွိန္ျပင္းစြာ ျပဳတ္က်သြားခဲ့ေပမဲ့ ကေလးငယ္ဟာ ဆိုးဝါးစြာ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: foxnews

Unicode

3နှစ်အရွယ်ကလေးငယ်ရဲ့ မမျှော်လင့်ဘဲ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လမ်းအောက်ရှိရေဆိုးပြွန်ပေါက်ထဲ ထိုးကျသွားခဲ့တဲ့အဖြစ်ဟာ လူအတော်အများကို ပိုပြီးစိုးရိမ်စိတ်ဖြစ်စေလျက်ရှိပါတယ် ။ ပြီးခဲ့တဲ့ အပတ်က တရုတ်နိုင်ငံ Zunyi မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ 3နှစ်အရွယ်ကောင်လေးဟာ အဆိုပါပြိုပျက်နေတဲ့ ရေပိုက်ဆိုးပြွန်ပေါက်ကို ခြေတစ်လှမ်းတက်နင်းမိပြီးနောက် မမျှော်လင့်ဘဲ ရုတ်တရက် ရေဆိုးပြွန်ပေါက်အောက်ဖက်အထိ ထိုးကျသွားခဲ့ပါတယ် ။ ကလေးငယ်ရဲ့ မလှမ်းမကမ်းမှာ အတူလမ်းလျှောက်လာတဲ့ ကလေးမိဘတွေဟာ ကလေးကိုလှမ်းဆွဲလိုက်ဖို့တောင် အချိန်မမှီလိုက်ပါဘူး ။

အစပိုင်းမှာတော့ ကလေးငယ်ရဲ့ဖခင်ဟာ ရေဆိုးပြွန်ပေါက်ထဲဆင်းပြီး ကလေးကိုဝင်ကယ်ဖို့လုပ်ခဲ့ပေမဲ့လည်း ၊ နောက်ပိုင်း ရေဆိုးပြွန်ပေါက်ထဲ ခေါင်းကိုအရင်ငုံ့ထည့်ပြီး သားငယ်လေးကိုအန္တရာယ်ကင်းစွာဆွဲထုတ်နိုင်ဖို့ကြိုးစားခဲ့ပါတော့တယ် ။ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ပေမဲ့ ကလေးငယ်ဟာ ဆိုးဝါးစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment