မိခင္ျဖစ္သူက စြန္႔ပစ္သြားခဲ့ေပမဲ့ အေၾကာေသေနတဲ့ဖခင္ကို မညည္းမညဴ ျပဳစုေစာင့္ေ႐ွာက္ေနတဲ့ သမီးငယ္ေလး

မိဘျဖစ္ရတာ သားသမီးေတြကိုျပဳစုေစာင့္ေ႐ွာက္ရတဲ့အျပင္ ၊ အိမ္မႈကိစၥ ႏွင့္ စီးပြားေရးေတြပါ ဦးစီးလုပ္ေဆာင္ေနရလို႔ နားရတယ္လို႔ကို မ႐ွိရေလာက္ေအာင္ ခက္ခဲလြန္လွပါတယ္ ။ သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံမွာေနထိုင္လ်က္႐ွိတဲ့ Jia Jia ဆိုတဲ့ 6 ႏွစ္အရြယ္သမီးေလးရဲ႕အျဖစ္ကေတာ့ မထင္ထားရေလာက္ေအာင္ပါပဲ ။ သိတတ္လြန္းၿပီး စိတ္႐ွည္သည္းခံမႈေတြအျပည့္႐ွိတဲ့ Jia Jia ဟာ အေၾကာေသေနတဲ့ သူမရဲ႕ဖခင္ Tian Haicheng ကိုျပဳစုေစာင့္ေ႐ွာက္ေပးေနတဲ့ video ေတြဟာ online ေပၚမွာပ်ံ့ႏွံ႔လို႔ေနၿပီး ၊ ၾကည့္႐ႈသူေတြရဲ႕ ႏွလံုးသားကိုလႈပ္ခါသြားေစႏိုင္ခဲ့ပါတယ္ ။ ဖခင္ျဖစ္သူ Mr Tian က အဆိုပါ video ကို social media ေပၚေဝမ်ွေပးၿပီးေနာက္မွာေတာ့ အေကာင့္မွာ Follower ေပါင္း 480,000 ေက်ာ္အထိရ႐ွိသြားခဲ့ပါတယ္ ။

ဖခင္ျဖစ္သူဟာ ကားအက္စီးဒန္႔ျဖစ္ၿပီးေနာက္မွာေတာ့ ရင္ဘတ္ကေနစၿပီးေအာက္ဖက္ခႏၶာကိုယ္တစ္ခုလံုး အေၾကာေသသြားခဲ့ပါတယ္ ။ ကားအက္စီးဒန္႔ျဖစ္ၿပီး 2လ အၾကာမွာေတာ့ ဇနီးျဖစ္သူဟာ အိမ္ကေနထြက္သြားခဲ့ၿပီး ၊ သားျဖစ္သူကိုပါ သူမနဲ႔အတူေခၚသြားခဲ့ပါတယ္ ။ ” အေဖ့ကို ေစာင့္ေ႐ွာက္ေပးရတာ နဲနဲေလးေတာင္ မပင္ပန္းပါဘူး ” ဆိုၿပီး Jia Jia က အင္တာဗ်ဴ းမွာ ေျဖၾကားသြားခဲ့ပါတယ္ ။

Jia Jia ဟာ မနက္ 6နာရီမွာ အိပ္ယာကေနထၿပီး ၊ ဖခင္ျဖစ္သူကို ေခၚထၿပီး ဝီးခ်ဲေပၚတင္ေပးဖို႔ လူသိုင္ႀကီးေတြသံုးၿပီး စက္ခလုတ္ႏွိပ္ေပးေလ့႐ွိပါတယ္ ။ ထို႔ေနာက္ ဖခင္ျဖစ္သူရဲ႕ႂကြက္သားေတြကိုနာရီဝက္ခန္႔ႏွိပ္နယ္ေပးၿပီး ဖခင္ျဖစ္သူကို မ်က္ႏွာသစ္ ၊ သြားတိုက္ေပးပါတယ္ ။ ထို႔ေနာက္ဖခင္ကို အဘြားျဖစ္သူႏွင့္အတူထားခဲ့ၿပီးမွ သူမေက်ာင္းကိုသြားပါတယ္ ။ Jia Jia ဟာ အသက္အေတာ္ေလးငယ္ေနေသးေပမဲ့ ဖခင္ရဲ႕မုတ္ဆိတ္ေတြကို ရိတ္ေပးတတ္ေနၿပီျဖစ္တဲ့အတြက္ ” အေဖ့ရဲ႕လက္ကေလး ” ဆိုၿပီး ဖခင္ျဖစ္သူကေခၚေနရေလာက္ေအာင္ သိတတ္လိမၼာလြန္းတဲ့ သမီးငယ္ေလးျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: straitstimes

Unicode

မိဘဖြစ်ရတာ သားသမီးတွေကိုပြုစုစောင့်ရှောက်ရတဲ့အပြင် ၊ အိမ်မှုကိစ္စ နှင့် စီးပွားရေးတွေပါ ဦးစီးလုပ်ဆောင်နေရလို့ နားရတယ်လို့ကို မရှိရလောက်အောင် ခက်ခဲလွန်လှပါတယ် ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံမှာနေထိုင်လျက်ရှိတဲ့ Jia Jia ဆိုတဲ့ 6 နှစ်အရွယ်သမီးလေးရဲ့အဖြစ်ကတော့ မထင်ထားရလောက်အောင်ပါပဲ ။ သိတတ်လွန်းပြီး စိတ်ရှည်သည်းခံမှုတွေအပြည့်ရှိတဲ့ Jia Jia ဟာ အကြောသေနေတဲ့ သူမရဲ့ဖခင် Tian Haicheng ကိုပြုစုစောင့်ရှောက်ပေးနေတဲ့ video တွေဟာ online ပေါ်မှာပျံ့နှံ့လို့နေပြီး ၊ ကြည့်ရှုသူတွေရဲ့ နှလုံးသားကိုလှုပ်ခါသွားစေနိုင်ခဲ့ပါတယ် ။ ဖခင်ဖြစ်သူ Mr Tian က အဆိုပါ video ကို social media ပေါ်ဝေမျှပေးပြီးနောက်မှာတော့ အကောင့်မှာ Follower ပေါင်း 480,000 ကျော်အထိရရှိသွားခဲ့ပါတယ် ။

ဖခင်ဖြစ်သူဟာ ကားအက်စီးဒန့်ဖြစ်ပြီးနောက်မှာတော့ ရင်ဘတ်ကနေစပြီးအောက်ဖက်ခန္ဓာကိုယ်တစ်ခုလုံး အကြောသေသွားခဲ့ပါတယ် ။ ကားအက်စီးဒန့်ဖြစ်ပြီး 2လ အကြာမှာတော့ ဇနီးဖြစ်သူဟာ အိမ်ကနေထွက်သွားခဲ့ပြီး ၊ သားဖြစ်သူကိုပါ သူမနဲ့အတူခေါ်သွားခဲ့ပါတယ် ။ ” အဖေ့ကို စောင့်ရှောက်ပေးရတာ နဲနဲလေးတောင် မပင်ပန်းပါဘူး ” ဆိုပြီး Jia Jia က အင်တာဗျူ းမှာ ဖြေကြားသွားခဲ့ပါတယ် ။

Jia Jia ဟာ မနက် 6နာရီမှာ အိပ်ယာကနေထပြီး ၊ ဖခင်ဖြစ်သူကို ခေါ်ထပြီး ဝီးချဲပေါ်တင်ပေးဖို့ လူသိုင်ကြီးတွေသုံးပြီး စက်ခလုတ်နှိပ်ပေးလေ့ရှိပါတယ် ။ ထို့နောက် ဖခင်ဖြစ်သူရဲ့ကြွက်သားတွေကိုနာရီဝက်ခန့်နှိပ်နယ်ပေးပြီး ဖခင်ဖြစ်သူကို မျက်နှာသစ် ၊ သွားတိုက်ပေးပါတယ် ။ ထို့နောက်ဖခင်ကို အဘွားဖြစ်သူနှင့်အတူထားခဲ့ပြီးမှ သူမကျောင်းကိုသွားပါတယ် ။ Jia Jia ဟာ အသက်အတော်လေးငယ်နေသေးပေမဲ့ ဖခင်ရဲ့မုတ်ဆိတ်တွေကို ရိတ်ပေးတတ်နေပြီဖြစ်တဲ့အတွက် ” အဖေ့ရဲ့လက်ကလေး ” ဆိုပြီး ဖခင်ဖြစ်သူကခေါ်နေရလောက်အောင် သိတတ်လိမ္မာလွန်းတဲ့ သမီးငယ်လေးဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment