သတို႔သားက 15+6=17 ဆိုၿပီးေျဖခဲ့လို႔ မဂၤလာပြဲဖ်က္ပစ္ခဲ့တဲ့ သတို႔သမီး

မဂၤလာပြဲပ်က္တဲ့ သတင္းေတြအမ်ိဳးစံုၾကားဖူးခဲ့ေပမဲ့လည္း ဒီတစ္ေခါက္မဂၤလာပြဲပ်က္ေစခဲ့တဲ့ကိစၥကေတာ့ အေတာ္ေလးကိုထူးဆန္းလြန္းလွပါတယ္ ။ အိႏၷိယႏိုင္ငံ ၊ Uttar Pradesh ျပည္နယ္ Rasoolabad ၿမိဳ႕ငယ္ေလးမွာေနထိုင္တဲ့သတို႔သမီးဟာ သူမ၏သတို႔သားေလာင္းျဖစ္သူက ႐ိုး႐ွင္းလြန္းတဲ့သခ်ၤာေမးခြန္းကို မွားေအာင္ေျဖခဲ့တဲ့အတြက္ သူမကိုယ္တိုင္မဂၤလာပြဲဖ်က္ပစ္ခဲ့ပါတယ္ ။ သူမရဲ႕ေမးခြန္းကေတာ့ 15 အေပါင္း 6 ကဘယ္ေလာက္လဲဆိုၿပီးေမးခဲ့ရာ သူမ၏သတို႔သားေလာင္းက 17 ဆိုၿပီးအေျဖျပန္ေပးခဲ့ပါတယ္ ။ မဂၤလာပြဲကိုေတာ့ ႏွစ္ဖက္မိသားစုကစီစဥ္ခဲ့ၾကတာျဖစ္ၿပီး သတို႔သားကမွားယြင္းတဲ့အေျဖကိုေပးခဲ့တဲ့အတြက္ သတို႔သမီးက မဂၤလာပြဲကိုေနာက္ဆုတ္ပစ္ရမလား ၊ ေ႐ွ႕ဆက္သြားရမလားဆိုၿပီး ေတြေဝေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ေနာက္ဆံုးမွာေတာ့ သတို႔သမီးဟာမဂၤလာပြဲကို ဖ်က္ပစ္လိုက္ဖို႔ဆံုးျဖတ္ခဲ့ပါေတာ့တယ္ ။

သတို႔သမီး၏ဖခင္ျဖစ္သူ Mohar Singh ကလည္း သမီးျဖစ္သူ၏ဆံုးျဖတ္ခ်က္ကို သေဘာတူခဲ့ၿပီး ၊ သတို႔သား၏မိသားစုဝင္မ်ားကိုလည္း သားျဖစ္သူ၏ပညာေရးအရည္အခ်င္းအဆင့္ကို ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ျခင္းမ႐ွိသည့္အတြက္ အျပစ္တင္ေျပာဆိုခဲ့ပါတယ္ ။သတို႔သား၏မိသားစုဝင္မ်ားကလည္း သားျဖစ္သူ၏ပညာအရည္အခ်င္း အားနည္မႈကိုဖံုးကြယ္ခဲ့ၾကပါတယ္ ။ ကေလးငယ္ေတာင္ အေျဖျပန္ေပးႏိုင္တဲ့ ႐ိုး႐ွင္းလြန္းလွတဲ့ေမးခြန္းျဖစ္တဲ့အတြက္ေၾကာင့္ပါ ။

သတို႔သမီးထြက္သြားတဲ့အခ်ိန္မွာေတာ့ သတို႔သား၏မိသားစုဝင္မ်ားကသူမကိုေဖ်ာင္းဖ် ၿပီး မဂၤလာပြဲဆက္လက္က်င္းပရန္ေျပာဆိုခဲ့ၾကေပမဲ့လည္း သူမကေတာ့လံုးဝစိတ္ဆံုးျဖတ္ခ်က္ခ်ၿပီးခဲ့ပါၿပီ ။ ထို႔ေနာက္ သူမက ေအာင္ျမင္ၿပီးဆံုးခဲ့တဲ့ပညာအရည္အခ်င္းအဆင့္ကို လိမ္လည္ေျပာဆိုခဲ့ေသာသူႏွင့္ လက္မထပ္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ေဒသခံအာဏာပိုင္မ်ားကိုယ္တိုင္ မဂၤလာပြဲသို႔လာေရာက္ၿပီး မိသားစုဝင္ႏွစ္ခုအၾကားအေျခအေနမ်ားကိုေဖ်ာင္းဖ် ေပးခဲ့ရပါတယ္ ။ ေနာက္ဆံုးမွာေတာ့ မိသားစုဝင္ႏွစ္ခုစလံုး မဂၤလာပြဲစီစဥ္ဖို႔အတြက္ လဲလွယ္ခဲ့ၾကတဲ့ လက္ေဆာင္ပစၥည္း ၊ ေရႊေငြရတနာမ်ားကို ျပန္လည္းေပးအပ္ဖို႔ဆံုးျဖတ္ခ်က္ခ်မွတ္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်္ဂလာပွဲပျက်တဲ့ သတင်းတွေအမျိုးစုံကြားဖူးခဲ့ပေမဲ့လည်း ဒီတစ်ခေါက်မင်္ဂလာပွဲပျက်စေခဲ့တဲ့ကိစ္စကတော့ အတော်လေးကိုထူးဆန်းလွန်းလှပါတယ် ။ အိန္နိယနိုင်ငံ ၊ Uttar Pradesh ပြည်နယ် Rasoolabad မြို့ငယ်လေးမှာနေထိုင်တဲ့သတို့သမီးဟာ သူမ၏သတို့သားလောင်းဖြစ်သူက ရိုးရှင်းလွန်းတဲ့သင်္ချာမေးခွန်းကို မှားအောင်ဖြေခဲ့တဲ့အတွက် သူမကိုယ်တိုင်မင်္ဂလာပွဲဖျက်ပစ်ခဲ့ပါတယ် ။ သူမရဲ့မေးခွန်းကတော့ 15 အပေါင်း 6 ကဘယ်လောက်လဲဆိုပြီးမေးခဲ့ရာ သူမ၏သတို့သားလောင်းက 17 ဆိုပြီးအဖြေပြန်ပေးခဲ့ပါတယ် ။ မင်္ဂလာပွဲကိုတော့ နှစ်ဖက်မိသားစုကစီစဉ်ခဲ့ကြတာဖြစ်ပြီး သတို့သားကမှားယွင်းတဲ့အဖြေကိုပေးခဲ့တဲ့အတွက် သတို့သမီးက မင်္ဂလာပွဲကိုနောက်ဆုတ်ပစ်ရမလား ၊ ရှေ့ဆက်သွားရမလားဆိုပြီး တွေဝေနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း နောက်ဆုံးမှာတော့ သတို့သမီးဟာမင်္ဂလာပွဲကို ဖျက်ပစ်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ် ။

သတို့သမီး၏ဖခင်ဖြစ်သူ Mohar Singh ကလည်း သမီးဖြစ်သူ၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့ပြီး ၊ သတို့သား၏မိသားစုဝင်များကိုလည်း သားဖြစ်သူ၏ပညာရေးအရည်အချင်းအဆင့်ကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ခြင်းမရှိသည့်အတွက် အပြစ်တင်ပြောဆိုခဲ့ပါတယ် ။သတို့သား၏မိသားစုဝင်များကလည်း သားဖြစ်သူ၏ပညာအရည်အချင်း အားနည်မှုကိုဖုံးကွယ်ခဲ့ကြပါတယ် ။ ကလေးငယ်တောင် အဖြေပြန်ပေးနိုင်တဲ့ ရိုးရှင်းလွန်းလှတဲ့မေးခွန်းဖြစ်တဲ့အတွက်ကြောင့်ပါ ။

သတို့သမီးထွက်သွားတဲ့အချိန်မှာတော့ သတို့သား၏မိသားစုဝင်များကသူမကိုဖျောင်းဖျ ပြီး မင်္ဂလာပွဲဆက်လက်ကျင်းပရန်ပြောဆိုခဲ့ကြပေမဲ့လည်း သူမကတော့လုံးဝစိတ်ဆုံးဖြတ်ချက်ချပြီးခဲ့ပါပြီ ။ ထို့နောက် သူမက အောင်မြင်ပြီးဆုံးခဲ့တဲ့ပညာအရည်အချင်းအဆင့်ကို လိမ်လည်ပြောဆိုခဲ့သောသူနှင့် လက်မထပ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ဒေသခံအာဏာပိုင်များကိုယ်တိုင် မင်္ဂလာပွဲသို့လာရောက်ပြီး မိသားစုဝင်နှစ်ခုအကြားအခြေအနေများကိုဖျောင်းဖျ ပေးခဲ့ရပါတယ် ။ နောက်ဆုံးမှာတော့ မိသားစုဝင်နှစ်ခုစလုံး မင်္ဂလာပွဲစီစဉ်ဖို့အတွက် လဲလှယ်ခဲ့ကြတဲ့ လက်ဆောင်ပစ္စည်း ၊ ရွှေငွေရတနာများကို ပြန်လည်းပေးအပ်ဖို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "သတို႔သားက 15+6=17 ဆိုၿပီးေျဖခဲ့လို႔ မဂၤလာပြဲဖ်က္ပစ္ခဲ့တဲ့ သတို႔သမီး"

Leave a comment

Your email address will not be published.


*