ေပ်ာက္ဆံုးသြားတဲ့ေခြးေလးက အိမ္ျပန္ေရာက္လာခဲ့လို႔ ပါတီပြဲက်င္းပေပးခဲ့တဲ့ အမ်ိဳးသား

ထိုင္းႏိုင္ငံမွ အမ်ိဳးသားတစ္ဦးဟာ Look Moo အမည္႐ွိတဲ့ သူ႔ရဲ႕ေခြးေလးေပ်ာက္ဆံုးၿပီး 5ရက္အၾကာမွ အိမ္ျပန္ေရာက္လာခဲ့လို႔ ေခြးေလးအိမ္ျပန္လာတဲ့အထိမ္းအမွတ္အေနနဲ႔ ဘူေဖးပံုစံ dinner party က်င္းပေပးခဲ့ပါတယ္ ။ ေခြးေလးရဲ႕သခင္ျဖစ္သူ Boonsong Meethao အမည္႐ွိတဲ့အမ်ိဳးသားရဲ႕ေျပာျပခ်က္အရ New Year ညကမီး႐ွဴ းမီးပန္းအသံေတြေၾကာင့္ ေခြးမေလးဟာေၾကာက္လန္႔ၿပီး ေပ်ာက္ဆံုးသြားခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ေခြးမေလးရဲ႕ပိုင္႐ွင္က ” သူ 5ရက္ထပ္ပိုၾကာၿပီး ျပန္မလာရင္ေတာ့ ၊ သူမစားမေသာက္ရလို႔ ေသသြားႏိုင္တယ္ ၊ အဲ့ေၾကာင့္ သူ5ရက္ေနၿပီးအိမ္ျပန္ေရာက္လာခဲ့ရင္ သူ႔ကိုဘူေဖးအဝေကြၽးမယ္လို႔ ဆံုးျဖတ္ထားတယ္ ” ဆိုၿပီး Boonsong က မီဒီယာကိုေျပာျပသြားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ Boonsong ဟာ ေခြးမေလးရဲ႕ဓာတ္ပံုဆိုင္းဘုတ္ေလးနဲ႔ ဘူးေဖးပါတီေလးလုပ္ေပးခဲ့ပါတယ္ ။ Look Moo ရဲ႕မိခင္ကို အရင္ေမြးစားခဲ့တာျဖစ္ၿပီး ၊ ေနာက္ပိုင္းမွ Look Moo ေလးေမြးဖြားလာခဲ့တာျဖစ္ေၾကာင္း ယခုဆိုရင္ Look Moo ဟာ အသက္ 2ႏွစ္႐ွိေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ထို႔အျပင္ Look Moo ဟာ ဝက္သားကင္ကို အေတာ္ေလးႀကိဳက္ႏွစ္သက္တဲ့အျပင္ အိမ္နီးခ်င္းေတြကလည္း ဝိုင္းခ်စ္ၾကတဲ့ေခြးမေလးပါ ။ ေန႔ခင္းမွာေတာ့ ေခြးမေလးဟာ အေတာ္ေလးကိုရင္းႏွီေဖာ္ေရြတတ္ၿပီး ၊ ညဖက္မွာေတာ့ သတိဝီရိယနဲ႔အျမဲအိမ္ကိုေစာင့္ေ႐ွာက္ေပးေနတဲ့ ေခြးမေလးျဖစ္ေၾကာင္း ပိုင္႐ွင္ကေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ Look Moo အမည်ရှိတဲ့ သူ့ရဲ့ခွေးလေးပျောက်ဆုံးပြီး 5ရက်အကြာမှ အိမ်ပြန်ရောက်လာခဲ့လို့ ခွေးလေးအိမ်ပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ ဘူဖေးပုံစံ dinner party ကျင်းပပေးခဲ့ပါတယ် ။ ခွေးလေးရဲ့သခင်ဖြစ်သူ Boonsong Meethao အမည်ရှိတဲ့အမျိုးသားရဲ့ပြောပြချက်အရ New Year ညကမီးရှူ းမီးပန်းအသံတွေကြောင့် ခွေးမလေးဟာကြောက်လန့်ပြီး ပျောက်ဆုံးသွားခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ခွေးမလေးရဲ့ပိုင်ရှင်က ” သူ 5ရက်ထပ်ပိုကြာပြီး ပြန်မလာရင်တော့ ၊ သူမစားမသောက်ရလို့ သေသွားနိုင်တယ် ၊ အဲ့ကြောင့် သူ5ရက်နေပြီးအိမ်ပြန်ရောက်လာခဲ့ရင် သူ့ကိုဘူဖေးအဝကျွေးမယ်လို့ ဆုံးဖြတ်ထားတယ် ” ဆိုပြီး Boonsong က မီဒီယာကိုပြောပြသွားခဲ့ပါတယ် ။

ထို့ကြောင့် Boonsong ဟာ ခွေးမလေးရဲ့ဓာတ်ပုံဆိုင်းဘုတ်လေးနဲ့ ဘူးဖေးပါတီလေးလုပ်ပေးခဲ့ပါတယ် ။ Look Moo ရဲ့မိခင်ကို အရင်မွေးစားခဲ့တာဖြစ်ပြီး ၊ နောက်ပိုင်းမှ Look Moo လေးမွေးဖွားလာခဲ့တာဖြစ်ကြောင်း ယခုဆိုရင် Look Moo ဟာ အသက် 2နှစ်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

ထို့အပြင် Look Moo ဟာ ဝက်သားကင်ကို အတော်လေးကြိုက်နှစ်သက်တဲ့အပြင် အိမ်နီးချင်းတွေကလည်း ဝိုင်းချစ်ကြတဲ့ခွေးမလေးပါ ။ နေ့ခင်းမှာတော့ ခွေးမလေးဟာ အတော်လေးကိုရင်းနှီဖော်ရွေတတ်ပြီး ၊ ညဖက်မှာတော့ သတိဝီရိယနဲ့အမြဲအိမ်ကိုစောင့်ရှောက်ပေးနေတဲ့ ခွေးမလေးဖြစ်ကြောင်း ပိုင်ရှင်ကပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment