သခင့္အသက္ကိုကယ္ႏိုင္ဖို႔ လူနာတင္ကားကိုလမ္းျပေပးခဲ့တဲ့ ေခြးေလး (႐ုပ္သံ)

ၿပီးခဲ့တဲ့လက တ႐ုတ္ႏိုင္ငံ ၊ Shanxi ျပည္နယ္မွာ႐ွိတဲ့ လမ္းၾကားငယ္ေလးတစ္ခုမွာ အမႈိက္ေကာက္တဲ့ အမ်ိဳးသားတစ္ေယာက္မူးေမ့လဲသြားတာကို သူ႔ရဲ႕ Golden အမ်ိဳးအစား ေခြးေလးက ကယ္တင္ေပးႏိုင္ခဲ့ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားမူးေမ့လဲသြားတာကို အနီးဝန္းက်င္ကလူေတြေတြ႔႐ွိသြားခဲ့ၿပီးေနာက္ ခ်က္ခ်င္းအေရးေပၚလူနာတင္ကားေခၚေပးခဲ့ပါတယ္ ။ အဆိုပါ က်ဥ္းေျမာင္းလြန္းတဲ့လမ္းၾကားသို႔ လူနာတင္ကားေရာက္႐ွိလာခ်ိန္မွာေတာ့ ေခြးေလးဟာ ကားရဲ႕အေ႐ွ႕ကေန ဦးေဆာင္ၿပီး ေျပးေနခဲ့ပါေတာ့တယ္ ။ Video ထဲမွာေတာ့ ေခြးေလးက လမ္းလယ္တည့္တည့္မွာ ေစာင့္ေနတာကိုေတြ႔႐ွိရမွာျဖစ္ၿပီး လူနာတင္ကားေရာက္႐ွိလာတာနဲ႔ ေခြးေလးဟာအ႐ွိန္ျပင္းစြာ ကားေ႐ွ႕ကေနေျပးေနခဲ့ပါတယ္ ။ ထို႔ေနာက္ လူနာ႐ွိတဲ့ေနရာအေရာက္မွာေတာ့ ေခြးေလးဟာေျပးေနတာရပ္သြားခဲ့တဲ့အတြက္ သူ႔ရဲ႕သခင္ဆီကိုေခၚသြားေပးမွန္ ေဆးဝန္ထမ္းအကူမ်ားက သေဘာေပါက္သြားခဲ့ၾကပါတယ္ ။

” အမႈိက္ေကာက္သမား မူးေမ့လဲသြားၿပီး ၊ ပါးစပ္မွာလည္း အျမဳပ္ေတြထြက္ေနတယ္ဆိုၿပီး ဖုန္းေခၚဆိုတာကို လက္ခံရ႐ွိခဲ့လို႔ ကြၽန္ေတာ္တို႔ လူနာ႐ွိရာေနရာကို ခ်က္ခ်င္းထြက္လာခဲ့တာပါ ” ဆိုၿပီး ေဆးဝန္ထမ္းတစ္ဦးကေျပာျပသြားခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသားရဲ႕သားျဖစ္သူမွာလည္း သတင္းၾကားၿပီး ခ်က္ခ်င္းအိမ္ကိုျပန္လာခဲ့ၿပီး ေနာက္မွဖခင္ျဖစ္သူဟာ အရက္အလြန္အကြၽံေသာက္ၿပီး မူးေမ့လဲက်သြားတာျဖစ္ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသားမွာေတာ့ ေဆးရံုမွာ ေဆးကုသမႈခံယူေနလ်က္႐ွိၿပီး သားျဖစ္သူ ႏွင့္ ေခြးကေလးတို႔က ၾကည့္႐ႈေစာင့္ေ႐ွာက္ေနလ်က္႐ွိပါတယ္ ။ သခင္ကို အေတာ္ေလးစိတ္ပူၿပီး ဂ႐ုစိုက္လြန္းတဲ့ ေခြးကေလးလို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့လက တရုတ်နိုင်ငံ ၊ Shanxi ပြည်နယ်မှာရှိတဲ့ လမ်းကြားငယ်လေးတစ်ခုမှာ အမှိုက်ကောက်တဲ့ အမျိုးသားတစ်ယောက်မူးမေ့လဲသွားတာကို သူ့ရဲ့ Golden အမျိုးအစား ခွေးလေးက ကယ်တင်ပေးနိုင်ခဲ့ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားမူးမေ့လဲသွားတာကို အနီးဝန်းကျင်ကလူတွေတွေ့ရှိသွားခဲ့ပြီးနောက် ချက်ချင်းအရေးပေါ်လူနာတင်ကားခေါ်ပေးခဲ့ပါတယ် ။ အဆိုပါ ကျဉ်းမြောင်းလွန်းတဲ့လမ်းကြားသို့ လူနာတင်ကားရောက်ရှိလာချိန်မှာတော့ ခွေးလေးဟာ ကားရဲ့အရှေ့ကနေ ဦးဆောင်ပြီး ပြေးနေခဲ့ပါတော့တယ် ။ Video ထဲမှာတော့ ခွေးလေးက လမ်းလယ်တည့်တည့်မှာ စောင့်နေတာကိုတွေ့ရှိရမှာဖြစ်ပြီး လူနာတင်ကားရောက်ရှိလာတာနဲ့ ခွေးလေးဟာအရှိန်ပြင်းစွာ ကားရှေ့ကနေပြေးနေခဲ့ပါတယ် ။ ထို့နောက် လူနာရှိတဲ့နေရာအရောက်မှာတော့ ခွေးလေးဟာပြေးနေတာရပ်သွားခဲ့တဲ့အတွက် သူ့ရဲ့သခင်ဆီကိုခေါ်သွားပေးမှန် ဆေးဝန်ထမ်းအကူများက သဘောပေါက်သွားခဲ့ကြပါတယ် ။

” အမှိုက်ကောက်သမား မူးမေ့လဲသွားပြီး ၊ ပါးစပ်မှာလည်း အမြုပ်တွေထွက်နေတယ်ဆိုပြီး ဖုန်းခေါ်ဆိုတာကို လက်ခံရရှိခဲ့လို့ ကျွန်တော်တို့ လူနာရှိရာနေရာကို ချက်ချင်းထွက်လာခဲ့တာပါ ” ဆိုပြီး ဆေးဝန်ထမ်းတစ်ဦးကပြောပြသွားခဲ့ပါတယ် ။

အဆိုပါအမျိုးသားရဲ့သားဖြစ်သူမှာလည်း သတင်းကြားပြီး ချက်ချင်းအိမ်ကိုပြန်လာခဲ့ပြီး နောက်မှဖခင်ဖြစ်သူဟာ အရက်အလွန်အကျွံသောက်ပြီး မူးမေ့လဲကျသွားတာဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။ အဆိုပါအမျိုးသားမှာတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေလျက်ရှိပြီး သားဖြစ်သူ နှင့် ခွေးကလေးတို့က ကြည့်ရှုစောင့်ရှောက်နေလျက်ရှိပါတယ် ။ သခင်ကို အတော်လေးစိတ်ပူပြီး ဂရုစိုက်လွန်းတဲ့ ခွေးကလေးလို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment