ကိုယ့္ကေလးရဲ႕အသက္ကိုကယ္ႏိုင္ဖို႔ မိဘေတြဆီကေနမွတ္ပံုတင္ခိုးယူခဲ့ရတဲ့ မိန္းကေလး

တ႐ုတ္ႏိုင္ငံက မိန္းမငယ္ေလးတစ္ေယာက္ဟာ သူမကေလးရဲ႕အသက္ကိုကယ္တင္ႏိုင္ဖို႔ သူမရဲ႕အသည္းအစိတ္အပိုင္းအခ်ိဳ႕ေပးလႉႏိုင္ဖို႔အတြက္မိဘေတြဆီကေန သူမရဲ႕ႏိုင္ငံသားမွတ္ပံုတင္ကတ္ကိုျပန္လည္ခိုးယူခဲ့ရပါတယ္ ။ အသက္ 22ႏွစ္အရြယ္ Jiang Liuxin အမည္႐ွိတဲ့မိန္းကေလးဟာ သူမရဲ႕သမီးငယ္ေလးေမြးဖြားၿပီးေနာက္မွာေတာ့ သမီးေလးဟာ အသားဝါေရာဂါခံစားေနရမွန္းသိ႐ွိခဲ့ရပါတယ္ ။ မၾကာခင္မွာပဲ သမီးေလးရဲ႕အဆုတ္ဟာအနာေရာဂါျဖစ္လာခဲ့ၿပီးေနာက္ ၊ အေကာင္းဆံုးကုသႏိုင္တဲ့နည္းလမ္းက မိဘေတြဆီကေန အဆုတ္အစိတ္အပိုင္းအခ်ိဳ႕နဲ႔အစားထိုးကုသေပးဖို႔ပါပဲ ။ အစားထိုးကုသမႈမ်ားမျပဳလုပ္ခင္ Jiang ဟာသူမရဲ႕ႏိုင္ငံသားမွတ္ပံုတင္ကတ္နဲ႔အတည္ျပဳဖို႔ လိုအပ္ပါတယ္ ။ သူမဟာ ခြဲစိတ္ကုသဖို႔အတြက္ ေငြအလံုအေလာက္စုေဆာင္းထားခဲ့ေပမဲ့လည္း သူမရဲ႕မိဘေတြနဲ႔ ေဆြမ်ိဳးေတြက ကန္႔ကြက္ခဲ့ၾကၿပီး သူမရဲ႕ မွတ္ပံုတင္ကတ္ျပားကို သိမ္းဆည္းထားခဲ့ၾကပါေတာ့တယ္ ။

‘ ကြၽန္မက ကြၽန္မရဲ႕ကေလးကိုသနားတယ္ ၊ ကြၽန္မရဲ႕မိဘေတြကက်ေတာ့ ကြၽန္မကိုျပန္သနားတယ္ အဲ့ေၾကာင့္သူတို႔က အစားထိုးကုသဖို႔ကို သေဘာမတူႏိုင္ၾကဘူး ‘ ဆိုၿပီးသူမက အစီအစဥ္တစ္ခုမွာ ေျပာျပသြားခဲ့ပါတယ္ ။ သမီးေလးရဲ႕အသက္ကိုကယ္တင္ႏိုင္ဖို႔ Jiang ဟာမိဘေတြကိုဆန္႔က်င္ၿပီး သူမရဲ႕မွတ္ပံုတင္ကတ္ကိုရေအာင္ခိုးယူခဲ့ၿပီး မိဘေတြရဲ႕ခြင့္ျပဳခ်က္မပါဘဲ ခြဲစိတ္ကုသမႈကိုျပဳလုပ္ခဲ့ပါေတာ့တယ္ ။

‘ ကြၽန္မရဲ႕ မိဘေတြကိုေတာင္းပန္ပါတယ္ ၊ ကြၽန္မခင္ပြန္း နဲ႔ ကြၽန္မကေတာ့ သမီးေလးအတြက္အျပည့္အဝတာဝန္ယူမွာပါ ၊ သမီးအတြက္ ဘာပဲျဖစ္ျဖစ္လုပ္မွာပါ ‘ ဆိုၿပီး ေျပာျပသြားခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ သမီးေလး 7လသားအရြယ္မွာ ခြဲစိတ္မႈကိုေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့ၿပီး ကေလးငယ္မွာေတာ့ အျပည့္အဝျပန္လည္က်န္းမာလာဖို႔ ကုသမႈေတြကိုေတာ့ ဆက္လက္ခံယူရအံုးမွာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံက မိန်းမငယ်လေးတစ်ယောက်ဟာ သူမကလေးရဲ့အသက်ကိုကယ်တင်နိုင်ဖို့ သူမရဲ့အသည်းအစိတ်အပိုင်းအချို့ပေးလှူနိုင်ဖို့အတွက်မိဘတွေဆီကနေ သူမရဲ့နိုင်ငံသားမှတ်ပုံတင်ကတ်ကိုပြန်လည်ခိုးယူခဲ့ရပါတယ် ။ အသက် 22နှစ်အရွယ် Jiang Liuxin အမည်ရှိတဲ့မိန်းကလေးဟာ သူမရဲ့သမီးငယ်လေးမွေးဖွားပြီးနောက်မှာတော့ သမီးလေးဟာ အသားဝါရောဂါခံစားနေရမှန်းသိရှိခဲ့ရပါတယ် ။ မကြာခင်မှာပဲ သမီးလေးရဲ့အဆုတ်ဟာအနာရောဂါဖြစ်လာခဲ့ပြီးနောက် ၊ အကောင်းဆုံးကုသနိုင်တဲ့နည်းလမ်းက မိဘတွေဆီကနေ အဆုတ်အစိတ်အပိုင်းအချို့နဲ့အစားထိုးကုသပေးဖို့ပါပဲ ။ အစားထိုးကုသမှုများမပြုလုပ်ခင် Jiang ဟာသူမရဲ့နိုင်ငံသားမှတ်ပုံတင်ကတ်နဲ့အတည်ပြုဖို့ လိုအပ်ပါတယ် ။ သူမဟာ ခွဲစိတ်ကုသဖို့အတွက် ငွေအလုံအလောက်စုဆောင်းထားခဲ့ပေမဲ့လည်း သူမရဲ့မိဘတွေနဲ့ ဆွေမျိုးတွေက ကန့်ကွက်ခဲ့ကြပြီး သူမရဲ့ မှတ်ပုံတင်ကတ်ပြားကို သိမ်းဆည်းထားခဲ့ကြပါတော့တယ် ။

‘ ကျွန်မက ကျွန်မရဲ့ကလေးကိုသနားတယ် ၊ ကျွန်မရဲ့မိဘတွေကကျတော့ ကျွန်မကိုပြန်သနားတယ် အဲ့ကြောင့်သူတို့က အစားထိုးကုသဖို့ကို သဘောမတူနိုင်ကြဘူး ‘ ဆိုပြီးသူမက အစီအစဉ်တစ်ခုမှာ ပြောပြသွားခဲ့ပါတယ် ။ သမီးလေးရဲ့အသက်ကိုကယ်တင်နိုင်ဖို့ Jiang ဟာမိဘတွေကိုဆန့်ကျင်ပြီး သူမရဲ့မှတ်ပုံတင်ကတ်ကိုရအောင်ခိုးယူခဲ့ပြီး မိဘတွေရဲ့ခွင့်ပြုချက်မပါဘဲ ခွဲစိတ်ကုသမှုကိုပြုလုပ်ခဲ့ပါတော့တယ် ။

‘ ကျွန်မရဲ့ မိဘတွေကိုတောင်းပန်ပါတယ် ၊ ကျွန်မခင်ပွန်း နဲ့ ကျွန်မကတော့ သမီးလေးအတွက်အပြည့်အဝတာဝန်ယူမှာပါ ၊ သမီးအတွက် ဘာပဲဖြစ်ဖြစ်လုပ်မှာပါ ‘ ဆိုပြီး ပြောပြသွားခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ပဲ သမီးလေး 7လသားအရွယ်မှာ ခွဲစိတ်မှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး ကလေးငယ်မှာတော့ အပြည့်အဝပြန်လည်ကျန်းမာလာဖို့ ကုသမှုတွေကိုတော့ ဆက်လက်ခံယူရအုံးမှာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment