ရည်းစာဟောင်းရဲ့မွေးနေ့ပွဲကိုမဖိတ်ပဲသွားခဲ့ပြီးနောက် သူမ၏တင်ပါးကိုဓားနဲ့ထိုးခဲ့တဲ့အမျိုးသား

Basnayake keith Spencer အမည်ရှိတဲ့စင်ကာပူနိုင်ငံသားတစ်ဦးဟာ ဖိတ်ခေါ်ခြင်းမခံရတဲ့ရည်းစားဟောင်းရဲ့မွေးနေ့ပွဲကိုသွားရောက်ပြီး သူမ၏တင်ပါးနားကို 34cmရှည်တဲ့မီးဖိုချောင်သုံးတဲ့ဓားနဲ့ထိုးခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ် ။ ရည်စားဟောင်းကောင်မလေး၏အမည်မှာ Daniella Joan Pereira ဖြစ်ပြီး သူမဟာပြီးခဲ့တဲ့နှစ်ကမွေးနေ့ပွဲကျင်းပဖို့အတွက် Icon village မှာရှိတဲ့တိုက်ခန်းကို စက်တင်ဘာလ 12ရက်နေ့ကနေ 14ရက်နေ့အထိ ငှါးရမ်းခဲ့ပါတယ် ။ Spencer ဟာ Pereira ၏မွေးနေ့ပွဲသို့အသိပေးခြင်းမရှိဘဲ စက်တင်ဘာလ 13ရက်နေ့ ည1နာရီအချိန်မှာ ရောက်ရှိလာခဲ့ပါတယ် ။ ထို့နောက် Spencer ဟာမီးဖိုချောင်ထဲသို့သွားပြီး methamphetamine ဟုခေါ်သောမူးယစ်ဆေးဝါးကို အသုံးပြုခဲ့ပါတယ် ။ မိနစ်အနည်းငယ်ကြာပြီးနောက် Spencer ဟာမီးဖိုချောင်ထဲမှ 34cm ရှည်သောဓားကိုယူထုတ်လာခဲ့ပြီး ဧည့်ခန်းအတွင်းရှိPereira ရှိရာနေရာသို့သွားပြီးနောက် သူမကိုဓားဖြင့်ထိုးပစ်ခဲ့ပါတော့တယ် ။

ဓားထိုးခံရပြီးနောက် Pereira ဟာကြောက်စိတ်မွှန်းသွားခဲ့ပြီး မတ်တပ်ရပ်ဖို့ကြိုးစာခဲ့ပေမဲ့လည်း လဲကျသွားခဲ့ရပါတယ် ။ ထို့နောက်သူမ၏ ဧည့်သည်များကို အန္တရာယ်ကင်းစေရန်အတွက်အော်ဟစ်ပြီး ထွက်သွားခိုင်းခဲ့ပါတယ် ။Spencer ဟာစိတ်လှုပ်ရှားခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ဓားကိုစင်ပေါ်မှာပြန်တင်ထားခဲ့ပြီး ဧည့်ခန်းတွင်းရှိ ဆိုဖာပေါ်တွင်ထိုင်ကာ ရည်းစားဟောင်းနဲ့စကားများ ပြောဆိုခဲ့ပါတယ် ။ Spencer ကတော့သူ၏မိဘများက Pereira နဲ့တွဲနေသည်ကိုသဘောမတူခဲ့တဲ့အတွက် အဆိုပါဆိုးကျိုးများကြောင့် ယခုကဲ့သို့ဖြစ်ပျက်နေရခြင်းဖြစ်ကြောင်း သူမကိုအပြစ်တင်ဝေဖန်ခဲ့ပါတယ် ။ထို့နောက်သူမက သူ၏မိဘများကိုစိတ်ကုန်စေခဲ့ကြောင်းလည်းပြောဆိုခဲ့ပါတယ် ။ ပြီးနောက် Spencer ဟာရဲစခန်းကိုဖုန်းဆက်အကြောင်းကြားပြီး ‘ကျွန်တော့်သူငယ်ချင်းကို ကျွန်တော်ဓားနဲ့ထိုးပစ်လိုက်ပြီ ‘ ဟုပြောပြီး သူမ၏အနောက်ဖက်အောက်ပိုင်း နှင့် ကျောက်ကပ်တို့တွင်သွေးများထွက်နေကြောင်းကိုလည်း ရဲအရာရှိများကိုပြောပြခဲ့ပါတယ် ။

Pereira ကိုဆေးရုံသို့ခေါ်ဆောင်သွားပြီးချိန်မှာတော့ သူမ၏4cmရှည်ပြီး8cmနက်တဲ့ ဒဏ်ရာကို 7ချက်ချုပ်ယူခဲ့ရပါတယ် ။ရက်အနည်အကြာမှာတော့ Spencer ကို မူးယစ်ဆေးသမားများပြန်လည်ထူထောင်ပေးသည့်စင်တာသို့ပို့ဆောင်ခဲ့ကြပါတယ် ။ စက်တင်ဘာလ 3ရက်နေ့ ၊ 2019 မှာတော့ Spencer ဟာထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရပါတယ် ။ ထောင်ဒဏ် 7နှစ်နှင့် ဒဏ်ငွေကျခံနိုင်ချေရှိပေမဲ့လည်း အချိန်မီရဲဌာနသို့အကူညီတောင်းပြီး ပြစ်မှုကိုဝန်ခံခဲ့တဲ့အချက်တွေကြောင့် တရားသူကြီးမှထောက်ထားငဲညာပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ရည်းစာဟောင်းရဲ့မွေးနေ့ပွဲကိုမဖိတ်ပဲသွားခဲ့ပြီးနောက် သူမ၏တင်ပါးကိုဓားနဲ့ထိုးခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*