မဂၤလာပြဲရဲ႕ထမင္းပန္းကန္ေပၚမွာ ကေလးတစ္ခါသံုးဒိုင္ပါစြန္႔ပစ္သြားခဲ့ၾကတဲ့ ကေလးမိဘမ်ား

မဂၤလာပြဲကိုတက္ေရာက္တယ္ဆိုတာက မဂၤလာဇနီးေမာင္ႏွံကေလးေလးစားစားဖိတ္ၾကားခဲ့လို႔ပါ ။ ဒါေၾကာင့္ အနည္းဆံုးေတာ့ ကိုယ့္ရဲ႕ေလးစားတဲ့အျပဳအမူကိုျပန္ျပေပးရမွာပါ ။ ဒါေပမဲ့လည္း တစ္ခ်ိဳ႕ေသာသူေတြကေတာ့ လူ႔အသိုင္းအဝိုင္းရဲ႕ယဥ္ေက်းတဲ့အျပဳအမႈေတြကို မသိနားမလည္ၾကေတာ့တာလားဆိုၿပီး ေတြခ်င္စရာပါပဲ ။ မၾကာေသးခင္က မေလး႐ွားႏိုင္ငံရဲ႕ မဂၤလာခန္းမတစ္ခုမွာက်င္းပျပဳလုပ္တဲ့ မဂၤလာပြဲမွာ Faqihuddin အမည္႐ွိတဲ့ twitter အသံုးျပဳသူတစ္ေယာက္က စားၿပီးသားပန္းကန္ျပားတစ္ခုေပၚမွာ စိုစြတ္ေနတဲ့ကေလးတစ္ခါသံုးဒိုင္ပါတစ္ခုကို ထုပ္ပိုးၿပီးတင္ထားခဲ့တာကို ေတြ႔႐ွိသြားခဲ့ပါတယ္ ။ စြန္႔ပစ္သြားတဲ့သူေတြကေတာ့ ေနာက္က်ရင္ အဆိုပါဒိုင္ပါကို မဂၤလာခန္းမ႐ွိသန္႔႐ွင္းေရးဝန္ထမ္းမ်ားက သိမ္းက်ံဳးသြားမည္လို႔ထင္မွတ္ထားပံုရပါတယ္ ။ ေျပာစရာမ႐ွိေလာက္ေအာင္ ေတာ္ေတာ္ေလးကိုေအာ့အန္သြားေစမဲ့ ရြံ႐ွာဖို႔ေကာင္းတဲ့ လုပ္ရက္မ်ိဳးပါ ။” ေတာ္ေတာ္ေလးကိုမိုက္မဲလြန္းတဲ့ မေလး႐ွားက မဂၤလာပြဲဧည့္သည္ ” ဆိုၿပီး Faqihuddin ကသူ၏ Twitter ေပၚမွာေဖာ္ျပခဲ့ပါတယ္ ။

ကိုယ္ထိုင္ေနတဲ့စားပြဲဝိုင္းမွာက်န္႐ွိေနတဲ့ ပန္းကန္ျပားေပၚမွာေတြ႔႐ွိခဲ့မယ္လို႔ စဥ္းစားၾကည့္လိုက္ရံုျဖင့္ ဘယ္လိုမွ လက္မခံႏိုင္တဲ့ ႐ိုင္းစိုင္းတဲ့အျပဳအမႈမ်ိဳးျဖစ္ပါတယ္ ။ပိုၿပီးဆိုးဝါးတာက မဂၤလာပြဲကိုခန္းမအတြင္းမွာျပဳလုပ္တာျဖစ္တဲ့အတြက္ အနံ႔ဆိုးမ်ားက က်န္႐ွိေနအံုးမွာပဲဆိုၿပီး Faqihuddin က႐ွင္းျပသြားခဲ့ပါတယ္ ။ Twitter အသံုးျပဳသူအမ်ားအျပားကလည္း အဆိုပါအျပဳအမႈမ်ိဳးကို မႏွစ္သက္ေၾကာင္းအမ်ိဳးမ်ိဳးေျပာဆိုခဲ့ၾကပါတယ္ ။

Twitter အသံုျပဳသူတစ္ေယာက္ကေတာ့ ” မိုက္မဲ႐ိုင္းစိုင္းတဲ့မိဘေတြက မိုက္မဲတဲ့ကေလးမ်ိဳးကိုပဲ ေမြးျမဴ ၾကမွာပါပဲ ။ တစ္ခ်ိဳ႕သူေတြဆိုရင္ သူမ်ားရဲ႕ေနအိမ္မွာ ညစ္ေပေနတဲ့ကေလးတစ္ခါသံုးဒိုင္ပါကိုစြန္႔ပစ္ဖို႔ အေတာ္ေလးအားနာ႐ွက္တတ္ၾကၿပီး ပလပ္စတစ္ျဖင့္ထုပ္ပိုးၿပီး အေဝးမွာသာသြားေရာက္စြန္႔ပစ္ေလ့႐ွိၾကပါတယ္ ။ လူေတြကတစ္ရက္ၿပီးတစ္ရက္ ပိုၿပီးထူးဆန္လာၾကပါတယ္ ” ဆိုၿပီးသူ၏ထင္ျမင္ခ်က္ကို ခ်ျပခဲ့ပါတယ္ ။ အဆိုပါလုပ္ရက္မ်ိဳးကို ျပဳလုပ္သြားၾကတဲ့ ကေလးမိဘေတြကိုေတာ့ လူအေတာ္အမ်ားက ခံ်ဴ ့ခ်ေဝဖန္အျပစ္တင္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မင်္ဂလာပွဲကိုတက်ရောက်တယ်ဆိုတာက မင်္ဂလာဇနီးမောင်နှံကလေးလေးစားစားဖိတ်ကြားခဲ့လို့ပါ ။ ဒါကြောင့် အနည်းဆုံးတော့ ကိုယ့်ရဲ့လေးစားတဲ့အပြုအမူကိုပြန်ပြပေးရမှာပါ ။ ဒါပေမဲ့လည်း တစ်ချို့သောသူတွေကတော့ လူ့အသိုင်းအဝိုင်းရဲ့ယဉ်ကျေးတဲ့အပြုအမှုတွေကို မသိနားမလည်ကြတော့တာလားဆိုပြီး တွေချင်စရာပါပဲ ။ မကြာသေးခင်က မလေးရှားနိုင်ငံရဲ့ မင်္ဂလာခန်းမတစ်ခုမှာကျင်းပပြုလုပ်တဲ့ မင်္ဂလာပွဲမှာ Faqihuddin အမည်ရှိတဲ့ twitter အသုံးပြုသူတစ်ယောက်က စားပြီးသားပန်းကန်ပြားတစ်ခုပေါ်မှာ စိုစွတ်နေတဲ့ကလေးတစ်ခါသုံးဒိုင်ပါတစ်ခုကို ထုပ်ပိုးပြီးတင်ထားခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။ စွန့်ပစ်သွားတဲ့သူတွေကတော့ နောက်ကျရင် အဆိုပါဒိုင်ပါကို မင်္ဂလာခန်းမရှိသန့်ရှင်းရေးဝန်ထမ်းများက သိမ်းကျုံးသွားမည်လို့ထင်မှတ်ထားပုံရပါတယ် ။ ပြောစရာမရှိလောက်အောင် တော်တော်လေးကိုအော့အန်သွားစေမဲ့ ရွံရှာဖို့ကောင်းတဲ့ လုပ်ရက်မျိုးပါ ။” တော်တော်လေးကိုမိုက်မဲလွန်းတဲ့ မလေးရှားက မင်္ဂလာပွဲဧည့်သည် ” ဆိုပြီး Faqihuddin ကသူ၏ Twitter ပေါ်မှာဖော်ပြခဲ့ပါတယ် ။

ကိုယ်ထိုင်နေတဲ့စားပွဲဝိုင်းမှာကျန်ရှိနေတဲ့ ပန်းကန်ပြားပေါ်မှာတွေ့ရှိခဲ့မယ်လို့ စဉ်းစားကြည့်လိုက်ရုံဖြင့် ဘယ်လိုမှ လက်မခံနိုင်တဲ့ ရိုင်းစိုင်းတဲ့အပြုအမှုမျိုးဖြစ်ပါတယ် ။ပိုပြီးဆိုးဝါးတာက မင်္ဂလာပွဲကိုခန်းမအတွင်းမှာပြုလုပ်တာဖြစ်တဲ့အတွက် အနံ့ဆိုးများက ကျန်ရှိနေအုံးမှာပဲဆိုပြီး Faqihuddin ကရှင်းပြသွားခဲ့ပါတယ် ။ Twitter အသုံးပြုသူအများအပြားကလည်း အဆိုပါအပြုအမှုမျိုးကို မနှစ်သက်ကြောင်းအမျိုးမျိုးပြောဆိုခဲ့ကြပါတယ် ။

Twitter အသုံပြုသူတစ်ယောက်ကတော့ ” မိုက်မဲရိုင်းစိုင်းတဲ့မိဘတွေက မိုက်မဲတဲ့ကလေးမျိုးကိုပဲ မွေးမြူ ကြမှာပါပဲ ။ တစ်ချို့သူတွေဆိုရင် သူများရဲ့နေအိမ်မှာ ညစ်ပေနေတဲ့ကလေးတစ်ခါသုံးဒိုင်ပါကိုစွန့်ပစ်ဖို့ အတော်လေးအားနာရှက်တတ်ကြပြီး ပလပ်စတစ်ဖြင့်ထုပ်ပိုးပြီး အဝေးမှာသာသွားရောက်စွန့်ပစ်လေ့ရှိကြပါတယ် ။ လူတွေကတစ်ရက်ပြီးတစ်ရက် ပိုပြီးထူးဆန်လာကြပါတယ် ” ဆိုပြီးသူ၏ထင်မြင်ချက်ကို ချပြခဲ့ပါတယ် ။ အဆိုပါလုပ်ရက်မျိုးကို ပြုလုပ်သွားကြတဲ့ ကလေးမိဘတွေကိုတော့ လူအတော်အများက ခံျူ့ချဝေဖန်အပြစ်တင်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "မဂၤလာပြဲရဲ႕ထမင္းပန္းကန္ေပၚမွာ ကေလးတစ္ခါသံုးဒိုင္ပါစြန္႔ပစ္သြားခဲ့ၾကတဲ့ ကေလးမိဘမ်ား"

Leave a comment

Your email address will not be published.


*