ပိုက်ဆံတွေကိုသန့်ရှင်းအောင်ဆိုပြီး အဝတ်လျှော်စက်ထဲ ထည့်လျှော်ပစ်ခဲ့တဲ့အမျိုးသားရဲ့အဖြစ်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တောင်ကိုးရီးယားနိုင်ငံက အမျိုးသားတစ်ဦးဟာ သံသယစိတ်တွေများလွန်းပြီးပိုက်ဆံတွေ သန့်ရှင်းအောင်ဆိုပြီး အဝတ်လျှော်စက်ထဲထည့်လျှော်ပစ်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူ့ရဲ့အကြံက ဓာတ်ပုံထဲမှာမြင်တွေ့နေရသလို အဆိုးဝါးဆုံးပုံစံဖြစ်သွားခဲ့ပြီး ပိုက်ဆံတွေကလုံးဝကိုစုတ်ပြက်သွားခဲ့တဲ့အတွက် ဘဏ်တွေကပိုက်ဆံပြန်လဲပေးဖို့ကို ငြင်းပယ်ခဲ့ရတဲ့အထိပါပဲ ။ Eom အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ 50000won တန်ပိုက်ဆံတွေကို အဝတ်လျှော်စက်ထဲထည့်ပစ်ခဲ့တာပါ ။ ကံကောင်းစွာနဲ့ပဲ ဘဏ်က ပိုက်ဆံအချို့ကိုပြန်လဲပေးခဲ့ပါတယ် ။

ဘဏ်ကတော့ 50000won တန် ပိုက်ဆံ 507 ရွက်ကို ပျက်ဆီးမှုကြောင့် တန်ဖိုးတစ်ဝက်နဲ့ပြန်လဲပေးခဲ့ပါတယ် ။ အချို့သောပိုက်ဆံတွေကိုတော့ ပျက်ဆီးမှုဆိုးရွားလွန်းတဲ့အတွက် မလဲလှယ်ပေးခဲ့ပါဘူး ။ အဆိုပါ ပိုက်ဆံတွေကိုတော့ Eom ရဲ့ဆွေမျိုး နှင့် သူငယ်ချင်းတွေ မိသားစုဝင်ရဲ့အသုဘမှာ သွေးသောက်ကြေးအဖြစ်ပေးခဲ့တဲ့ပိုက်ဆံတွေဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment