Mask မတပ္တဲ့သူေတြ ဒဏ္ေၾကးေငြေဆာင္ရမယ္ဆိုလို႔ အမိႈက္ပံုေတြၾကားထဲအသံုးျပဳၿပီးသား mask ကို႐ွာေဖြေနတဲ့ အိုးမဲ့အိမ္မဲ့အဘိုးအို

မေလး႐ွားႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ကေနစတင္ၿပီး Covid-19 ေရာဂါကူးစက္ပ်ံ့ႏွံ႔မႈမ႐ွိေအာင္ ေနအိမ္အျပင္ဖက္ထြက္တဲ့အခ်ိန္တိုင္း ၊ အမ်ားျပည္သူပိုင္ေနရာမ်ားသို႔ သြားတဲ့အခ်ိန္တိုင္း mask တပ္ဖို႔အမိန္႔ထုတ္ျပန္ေၾကညာခဲ့ၿပီး လိုက္နာမႈမ႐ွိပါက ဒဏ္ေၾကးေငြRM 1,000 (ျမန္မာေငြ 3သိန္းခြဲ ဝန္းက်င္) ေပးေဆာင္ဖို႔ ထုတ္ျပန္ေၾကညာလိုက္ၿပီျဖစ္ပါတယ္ ။ အဆိုပါနည္းလမ္းဟာ Covid -19 ကူးစက္ပ်ံ့ႏွံမႈကို အေတာ္ေလးထိန္ခ်ဳပ္ႏိုင္လိုက္မယ္လို႔ယူဆရေပမဲ့ ၊ အခ်ိဳ႕ေသာ ဆင္းရဲခ်ိဳ႕တဲ့လြန္းတဲ့ အိုးမဲ့အိမ္မဲ့ သက္ႀကီးရြယ္အိုေတြအတြက္ ဒုကၡေရာက္ေစခဲ့ပါတယ္ ။

ဒီတစ္ေခါက္မွာလည္း မေလး႐ွားႏိုင္ငံ ၊ Seremban ၿမိဳ႕မွာ႐ွိတဲ့ အမိႈက္ပံုတစ္ေနရာမွာ အဘိုးအိုတစ္ေယာက္ဟာ အသံုးျပဳၿပီးသား mask ေတြကို႐ွာေဖြေနလ်က္႐ွိပါတယ္ ။ အဆိုပါအဘိုးအိုဟာ အိုးမဲ့အိမ္မဲ့လို႔ယူဆရၿပီး ၊ Seremban ၿမိဳ႕ရဲ႕လမ္းေဘးေတြမွာ အိပ္စက္ေလ့႐ွိသူျဖစ္ၿပီး ၊ အမည္အတိအက်ကိုေတာ့ သိ႐ွိျခင္းမ်ိဳးမ႐ွိပါဘူး ။ အဆိုပါအျဖစ္အပ်က္ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားၿပီးေနာက္ အျခားေသာအိုးမဲ့အိမ္မဲ့မ်ားမွာလည္း mask ေတြမဝယ္တပ္ႏိုင္လို႔ ဒဏ္ေၾကးေငြလည္းေပးေဆာင္ရမွာဆိုးၿပီး အသံုးျပဳၿပီးသားmask ေတြျပန္႐ွာၿပီး အသံုးျပဳေနၾကတာကိုေတြ႔ဖူးေၾကာင္း မ်ိဳးစံုမွတ္ခ်က္ေရးသားခဲ့ၾကပါတယ္ ။

ယခုအခ်ိန္မွာေတာ့ တစ္ခါသံုး mask ေတြကို အစိုးရက RM 1.50 ႏႈန္းျဖင့္ သတ္မွတ္ၿပီးေရာင္းခ်ေပးေနတဲ့အျပင္ ၊ August လ 15 ရက္ကေနစၿပီး mask မွာ ေစ်းပိုၿပီးသက္သာစြာ ဝယ္ယူရ႐ွိသြားမည္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ကနေစတင်ပြီး Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမရှိအောင် နေအိမ်အပြင်ဖက်ထွက်တဲ့အချိန်တိုင်း ၊ အများပြည်သူပိုင်နေရာများသို့ သွားတဲ့အချိန်တိုင်း mask တပ်ဖို့အမိန့်ထုတ်ပြန်ကြေညာခဲ့ပြီး လိုက်နာမှုမရှိပါက ဒဏ်ကြေးငွေRM 1,000 (မြန်မာငွေ 3သိန်းခွဲ ဝန်းကျင်) ပေးဆောင်ဖို့ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ် ။ အဆိုပါနည်းလမ်းဟာ Covid -19 ကူးစက်ပျံ့နှံမှုကို အတော်လေးထိန်ချုပ်နိုင်လိုက်မယ်လို့ယူဆရပေမဲ့ ၊ အချို့သော ဆင်းရဲချို့တဲ့လွန်းတဲ့ အိုးမဲ့အိမ်မဲ့ သက်ကြီးရွယ်အိုတွေအတွက် ဒုက္ခရောက်စေခဲ့ပါတယ် ။

ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံ ၊ Seremban မြို့မှာရှိတဲ့ အမှိုက်ပုံတစ်နေရာမှာ အဘိုးအိုတစ်ယောက်ဟာ အသုံးပြုပြီးသား mask တွေကိုရှာဖွေနေလျက်ရှိပါတယ် ။ အဆိုပါအဘိုးအိုဟာ အိုးမဲ့အိမ်မဲ့လို့ယူဆရပြီး ၊ Seremban မြို့ရဲ့လမ်းဘေးတွေမှာ အိပ်စက်လေ့ရှိသူဖြစ်ပြီး ၊ အမည်အတိအကျကိုတော့ သိရှိခြင်းမျိုးမရှိပါဘူး ။ အဆိုပါအဖြစ်အပျက်ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားပြီးနောက် အခြားသောအိုးမဲ့အိမ်မဲ့များမှာလည်း mask တွေမဝယ်တပ်နိုင်လို့ ဒဏ်ကြေးငွေလည်းပေးဆောင်ရမှာဆိုးပြီး အသုံးပြုပြီးသားmask တွေပြန်ရှာပြီး အသုံးပြုနေကြတာကိုတွေ့ဖူးကြောင်း မျိုးစုံမှတ်ချက်ရေးသားခဲ့ကြပါတယ် ။

ယခုအချိန်မှာတော့ တစ်ခါသုံး mask တွေကို အစိုးရက RM 1.50 နှုန်းဖြင့် သတ်မှတ်ပြီးရောင်းချပေးနေတဲ့အပြင် ၊ August လ 15 ရက်ကနေစပြီး mask မှာ ဈေးပိုပြီးသက်သာစွာ ဝယ်ယူရရှိသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment