လူအိုပံုစံမိတ္ကပ္လိမ္းခိုင္းၿပီး မဂၤလာဓာတ္ပံု႐ိုက္ဖို႔ပူဆာတဲ့ သတို႔သမီးကိုစိတ္ကုန္လို႔ ထားပစ္ခဲ့တဲ့အမ်ိဳးသား

တ႐ုတ္ႏိုင္ငံ ၊ Shenzhen ၿမိဳ႕မွာ႐ွိတဲ့ လမ္းတစ္ေနရာမွာ သတို႔သားတစ္ေယာက္ဟာ မဂၤလာဓာတ္ပံု႐ိုက္ဖို႔ သူရဲ႕သတို႔သမီးကို ေစာင့္ေနခဲ့တာပါ ။ သတို႔သားကို အံ့ၾသထိတ္လန္႔ေစခဲ့တဲ့အရာကေတာ့ သတို႔သမီးဟာ အသက္ 70 အရြယ္အဘြားအိုတစ္ေယာက္ပံုစံ မိတ္ကပ္လိမ္းျခယ္ထားၿပီး သတို႔သမီးဝတ္စံုနဲ႔ေရာက္ခ်လာလို႔ပါပဲ ။ ထို႔ေနာက္ သတို႔သမီးက သူမကိုအသက္ 70အရြယ္ထိခ်စ္မယ္ဆိုရင္ သတို႔သားလည္းအဘိုးအိုပံုစံမိတ္ကပ္လိမ္းျခယ္ၿပီး မဂၤလာဓာတ္ပံုအတူ႐ိုက္ဖို႔ ေတာင္းဆိုခဲ့ပါတယ္ ။

သတို႔သမီးရဲ႕လုပ္ရပ္ကို လံုးဝနားမလည္ေအာင္ျဖစ္ခဲ့တဲ့ သတို႔သားက သတို႔သမီးအားမိတ္ကပ္ေတြျပန္ျပင္ဖို႔ ေတာင္းဆိုခဲ့ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း သတို႔သမီးက သူမရဲ႕စိတ္ဆႏၵကိုသာဦးစားေပးၿပီး မိတ္ကပ္ျပန္မျပင္ႏိုင္ေၾကာင္း လံုးဝျငင္းဆိုခဲ့တဲ့အတြက္ သတို႔သားဟာေဒါသေပါက္ကြဲၿပီး လူၾကားထဲမွာတင္ သတို႔သမီးကိုေအာ္ဟစ္ပစ္ခဲ့ပါေတာ့တယ္ ။ ထို႔ေနာက္ သတို႔သားဟာ အဆိုပါေနရာကေနထြက္လာခဲ့ၿပီး လမ္းမေပၚမွာေအာ္ဟစ္ငိုယိုေနတဲ့ သတို႔သမီးကိုတစ္ေယာက္တည္း ထားရစ္ပစ္ခဲ့ပါေတာ့တယ္ ။

အဆိုပါ ကိစၥရပ္ကို လူအမ်ားစုက” ဘာမွမဟုတ္တဲ့လုပ္ရပ္နဲ႔ အခ်စ္ကိုသက္ေသျပခိုင္းေနတယ္” ၊ “အဲ့လို မိန္းမေတြပံုစံကို ေယာက်ၤားေတြကမႀကိဳက္ဆံုးပဲ” ၊ “အဲ့လိုပံုစံ ဓာတ္ပံုေလး႐ိုက္ေပးလိုက္ေတာ့ဘာျဖစ္မလဲ ေကာင္းေလးကိုနားမလည္ႏိုင္ဘူး” စသည္ျဖင့္မ်ိဳးစံုေဝဖန္သံုးသပ္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: chinasmack

Unicode

တရုတ်နိုင်ငံ ၊ Shenzhen မြို့မှာရှိတဲ့ လမ်းတစ်နေရာမှာ သတို့သားတစ်ယောက်ဟာ မင်္ဂလာဓာတ်ပုံရိုက်ဖို့ သူရဲ့သတို့သမီးကို စောင့်နေခဲ့တာပါ ။ သတို့သားကို အံ့သြထိတ်လန့်စေခဲ့တဲ့အရာကတော့ သတို့သမီးဟာ အသက် 70 အရွယ်အဘွားအိုတစ်ယောက်ပုံစံ မိတ်ကပ်လိမ်းခြယ်ထားပြီး သတို့သမီးဝတ်စုံနဲ့ရောက်ချလာလို့ပါပဲ ။ ထို့နောက် သတို့သမီးက သူမကိုအသက် 70အရွယ်ထိချစ်မယ်ဆိုရင် သတို့သားလည်းအဘိုးအိုပုံစံမိတ်ကပ်လိမ်းခြယ်ပြီး မင်္ဂလာဓာတ်ပုံအတူရိုက်ဖို့ တောင်းဆိုခဲ့ပါတယ် ။

သတို့သမီးရဲ့လုပ်ရပ်ကို လုံးဝနားမလည်အောင်ဖြစ်ခဲ့တဲ့ သတို့သားက သတို့သမီးအားမိတ်ကပ်တွေပြန်ပြင်ဖို့ တောင်းဆိုခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း သတို့သမီးက သူမရဲ့စိတ်ဆန္ဒကိုသာဦးစားပေးပြီး မိတ်ကပ်ပြန်မပြင်နိုင်ကြောင်း လုံးဝငြင်းဆိုခဲ့တဲ့အတွက် သတို့သားဟာဒေါသပေါက်ကွဲပြီး လူကြားထဲမှာတင် သတို့သမီးကိုအော်ဟစ်ပစ်ခဲ့ပါတော့တယ် ။ ထို့နောက် သတို့သားဟာ အဆိုပါနေရာကနေထွက်လာခဲ့ပြီး လမ်းမပေါ်မှာအော်ဟစ်ငိုယိုနေတဲ့ သတို့သမီးကိုတစ်ယောက်တည်း ထားရစ်ပစ်ခဲ့ပါတော့တယ် ။

အဆိုပါ ကိစ္စရပ်ကို လူအများစုက” ဘာမှမဟုတ်တဲ့လုပ်ရပ်နဲ့ အချစ်ကိုသက်သေပြခိုင်းနေတယ်” ၊ “အဲ့လို မိန်းမတွေပုံစံကို ယောင်္ကျားတွေကမကြိုက်ဆုံးပဲ” ၊ “အဲ့လိုပုံစံ ဓာတ်ပုံလေးရိုက်ပေးလိုက်တော့ဘာဖြစ်မလဲ ကောင်းလေးကိုနားမလည်နိုင်ဘူး” စသည်ဖြင့်မျိုးစုံဝေဖန်သုံးသပ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment