ခိုးယူခံလိုက္ရတဲ႕ေသဆံုးသြားတဲ့မိခင္ရဲ႕ အသံသြင္းထားတဲ့ဝက္ဝံ႐ုပ္ေလးကို သခင့္ဆီျပန္ေရာက္ေအာင္ ကူညီေပးခဲ့တဲ့မင္းသားႀကီ

ကေနဒါႏိုင္ငံမွာေနထိုင္တဲ့ Mara Soriano အမည္႐ွိတဲ့ မိန္းကေလးဟာ မၾကာေသးခင္အခ်ိန္က ေနအိမ္ေျပာင္းေရႊ႔ေနရင္းနဲ႔ သူမရဲ႕သူငယ္ခ်င္းျဖစ္သူဟာ ရထားလမ္းေလ်ွာ္ရင္းနဲ႔ မေတာ္တဆထိခိုက္မႈရ႐ွိခဲ့တယ္ဆိုၿပီး ဖုန္းလက္ခံရ႐ွိခဲ့ပါတယ္ ။ သူငယ္ခ်င္းျဖစ္သူကို ကူညီဖို႔အေျပးအလႊားသြားခဲ့ရင္းနဲ႔ သူမရဲ႕အိတ္ေတြကို ေမ့ၿပီးခ်န္ထားရစ္ခဲ့မိပါေတာ့တယ္ ။ အဆိုပါအိတ္ေတြထဲမွာ တန္ဖိုးမျဖတ္ႏိုင္တဲ့ပစၥည္းတစ္ခုပါ႐ွိေနခဲ့ပါတယ္ ။ အဲဒါကေတာ့ ေသဆံုးသြားခဲ့ၿပီျဖစ္တဲ့သူမရဲ႕မိခင္ အသံကိုသြင္းယူထားခဲ့တဲ့ဝက္ဝံ႐ုပ္ေလးပဲျဖစ္ပါတယ္ ။

ထို႔ေၾကာင့္ Mara ဟာ ခိုးယူခံလိုက္ရတဲ့သူမရဲ႕ဝက္ဝံ႐ုပ္ေလးကို ျပန္႐ွာေတြ႔ႏိုင္ေအာင္ အင္တာနက္ေပၚမွာ အကူအညီေတာင္းခံၿပီး က်ယ္က်ယ္ျပန္႔ျပန္႔႐ွာေဖြခဲ့ပါေတာ့တယ္ ။ သူမရဲ႕အျဖစ္အပ်က္ကို လူခ်စ္လူခင္မ်ားလြန္းတဲ့ မင္းသားႀကီး Ryan Reynolds ကေတြ႔ျမင္သြားခဲ့ၿပီး ” Mara ဆီကို အဲ့ဝက္ဝံ႐ုပ္ေလးျပန္ေပးမယ့္လူ ဘယ္သူကိုမဆို $5,000 ေပးပါမယ္ ၊ ေမးျမန္းျခင္း သည္းခံပါ ” ဆိုၿပီး tweet ကာ ဝင္ေရာက္ကူညီေပးခဲ့ပါတယ္ ။

3ရက္အၾကာမွာေတာ့ Reynold ဟာ အင္တာနက္ေပၚမွာ ေပ်ာ္ရႊင္စရာသတင္းေကာင္းေလးတစ္ခုနဲ႔ လူေတြကိုသတိေပးလိုက္ပါတယ္ ။ Mara ဟာ အခုဆိုရင္ မင္းသားရဲ႕အကူအညီေၾကာင့္ သူမရဲ႕ဝက္ဝံ႐ုပ္ေလးကိုျပန္ရ႐ွိခဲ့ၿပီျဖစ္ၿပီး ” And,Finally,Mama bear is home ” ဆိုၿပီး ျပန္tweet ထားခဲ့ပါတယ္ ။ အဆိုပါဝက္ဝံ႐ုပ္ေလးဟာ ကင္ဆာေရာဂါေဝဒနာကို 9ႏွစ္ခန္႔ခံစားခဲ့ရတဲ့မိခင္ျဖစ္သူ ေသဆံုးသြားခဲ့တဲ့အခ်ိန္မွာ ေပးထားခဲ့တဲ့လက္ေဆာင္ျဖစ္ႁပီး ၊ ဝက္ဝံ႐ုပ္ထဲက voice recording မွာေတာ့ မိခင္ကသူမကိုခ်စ္ေၾကာင္း ၊ သူမနဲ႔အတူအျမဲ႐ွိေနေၾကာင္း စတဲ့အသံသြင္းထားတဲ့အရာေတြပါ႐ွိခဲ့လို႔ Mara အတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ လက္ေဆာင္တစ္ခုကို မင္းသား Ryan Reynolds က စာနာနားလည္စိတ္အျပည့္နဲ႔ ကူညီေပးခဲ့လို႔ ေလးစားဖြယ္ေကာင္းလြန္းလွပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကနေဒါနိုင်ငံမှာနေထိုင်တဲ့ Mara Soriano အမည်ရှိတဲ့ မိန်းကလေးဟာ မကြာသေးခင်အချိန်က နေအိမ်ပြောင်းရွှေ့နေရင်းနဲ့ သူမရဲ့သူငယ်ချင်းဖြစ်သူဟာ ရထားလမ်းလျှော်ရင်းနဲ့ မတော်တဆထိခိုက်မှုရရှိခဲ့တယ်ဆိုပြီး ဖုန်းလက်ခံရရှိခဲ့ပါတယ် ။ သူငယ်ချင်းဖြစ်သူကို ကူညီဖို့အပြေးအလွှားသွားခဲ့ရင်းနဲ့ သူမရဲ့အိတ်တွေကို မေ့ပြီးချန်ထားရစ်ခဲ့မိပါတော့တယ် ။ အဆိုပါအိတ်တွေထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းတစ်ခုပါရှိနေခဲ့ပါတယ် ။ အဲဒါကတော့ သေဆုံးသွားခဲ့ပြီဖြစ်တဲ့သူမရဲ့မိခင် အသံကိုသွင်းယူထားခဲ့တဲ့ဝက်ဝံရုပ်လေးပဲဖြစ်ပါတယ် ။

ထို့ကြောင့် Mara ဟာ ခိုးယူခံလိုက်ရတဲ့သူမရဲ့ဝက်ဝံရုပ်လေးကို ပြန်ရှာတွေ့နိုင်အောင် အင်တာနက်ပေါ်မှာ အကူအညီတောင်းခံပြီး ကျယ်ကျယ်ပြန့်ပြန့်ရှာဖွေခဲ့ပါတော့တယ် ။ သူမရဲ့အဖြစ်အပျက်ကို လူချစ်လူခင်များလွန်းတဲ့ မင်းသားကြီး Ryan Reynolds ကတွေ့မြင်သွားခဲ့ပြီး ” Mara ဆီကို အဲ့ဝက်ဝံရုပ်လေးပြန်ပေးမယ့်လူ ဘယ်သူကိုမဆို $5,000 ပေးပါမယ် ၊ မေးမြန်းခြင်း သည်းခံပါ ” ဆိုပြီး tweet ကာ ဝင်ရောက်ကူညီပေးခဲ့ပါတယ် ။

3ရက်အကြာမှာတော့ Reynold ဟာ အင်တာနက်ပေါ်မှာ ပျော်ရွှင်စရာသတင်းကောင်းလေးတစ်ခုနဲ့ လူတွေကိုသတိပေးလိုက်ပါတယ် ။ Mara ဟာ အခုဆိုရင် မင်းသားရဲ့အကူအညီကြောင့် သူမရဲ့ဝက်ဝံရုပ်လေးကိုပြန်ရရှိခဲ့ပြီဖြစ်ပြီး ” And,Finally,Mama bear is home ” ဆိုပြီး ပြန်tweet ထားခဲ့ပါတယ် ။ အဆိုပါဝက်ဝံရုပ်လေးဟာ ကင်ဆာရောဂါဝေဒနာကို 9နှစ်ခန့်ခံစားခဲ့ရတဲ့မိခင်ဖြစ်သူ သေဆုံးသွားခဲ့တဲ့အချိန်မှာ ပေးထားခဲ့တဲ့လက်ဆောင်ဖြစ်ပြီး ၊ ဝက်ဝံရုပ်ထဲက voice recording မှာတော့ မိခင်ကသူမကိုချစ်ကြောင်း ၊ သူမနဲ့အတူအမြဲရှိနေကြောင်း စတဲ့အသံသွင်းထားတဲ့အရာတွေပါရှိခဲ့လို့ Mara အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုကို မင်းသား Ryan Reynolds က စာနာနားလည်စိတ်အပြည့်နဲ့ ကူညီပေးခဲ့လို့ လေးစားဖွယ်ကောင်းလွန်းလှပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment