မိသားစုကိုေထာက္ပံ့ႏိုင္ဖို႔ မိမိရဲ႕ေက်ာက္ကပ္ကိုေရာင္းခ်င္ေၾကာင္း တစ္အိမ္ၿပီးတစ္အိမ္ဝင္ထြက္ကာ ေၾကာ္ျငာခဲ့တဲ့အမ်ိဳးသား

Covid -19 ေရာဂါအေျခအေနေၾကာင့္ လူအေတာ္မ်ားမ်ားရဲ႕စီးပြားေရးဟာ အခက္အခဲနဲ႔ၾကံဳေတြ႔ေနရၿပီး ၊ စားဝတ္ေနေရးခက္ခဲေနလ်က္႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း အင္ဒိုနီး႐ွားႏိုင္ငံ ၊ Klaten ေဒသမွာ ေနထိုင္လ်က္႐ွိတဲ့အမ်ိဳးသားဟာ သူ၏သားသမီး4ေယာက္ကို ေကြၽးေမြးေစာင့္ေ႐ွာက္ႏိုင္ဖို႔အတြက္ ေက်ာက္ကပ္တစ္ခုေရာင္ခ်လိုေၾကာင္း ကတ္ထူျပားႀကီးမွာေၾကာ္ျငာစာေရးသားၿပီး ေက်ာက္ကပ္လိုက္လံေရာင္းခ်ခဲ့ပါတယ္ ။ Frans Larry Okravianus အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ နာရီေပါင္း 20ေက်ာ္ (100km)ၾကာတဲ့အထိ တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ တစ္အိမ္ၿပီးတစ္အိမ္ဝင္ထြက္ၿပီး မိသားစုရဲ႕ေဆးဝါးစရိတ္ ၊ သားသမီးအတြက္ ပညာေရး ႏွင့္ အေႂကြးေတြဆပ္ခ်င္လို႔ ျဖစ္ေၾကာင္း႐ွင္းျပကာ ေက်ာက္ကပ္လိုက္လံေရာင္းေနခဲ့တာပါ ။

” သူ႔မွာ ကေလး 4ေယာက္႐ွိတယ္ ၊ ကေလးေတြက ေတာ္ေတာ္ေလးငယ္ေနေသးတယ္ ၊ အႀကီးဆံုးကေတာ့ ေက်ာင္းတက္ေနၿပီ ၊ Larry က ဒီကမဟုတ္ဘူး ၊ သူက Jakarta ၿမိဳ႕က ဒီကမိန္းကေလးနဲ႔အိမ္ေထာင္က်ၿပီး ဒီမွာအေျခခ်ဖို႔ဆံုးျဖတ္ခဲ့တာ ” ဆိုၿပီး Larry ရဲ႕ရြာသူႀကီးက ေျပာျပခဲ့ပါတယ္ ။ Larry ဟာ အရင္ခ်ိန္တုန္းက Jakarta ၿမိဳ႕မွာ ကားေရေဆးနဲ႔အလုပ္လုပ္ကိုင္ခဲ့ေပမဲ့ အလုပ္ျပဳတ္သြားခဲ့တာျဖစ္ပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ Larry ရဲ႕အျဖစ္ကို အင္ဒိုနီး႐ွားအစိုးရအဖြဲ႔က သိ႐ွိသြားခဲ့ၿပီးေနာက္ အကူအညီေပးႏိုင္ခဲ့ပါတယ္ ။ ဒါေၾကာင့္ ကိုယ့္ကိုအဆင္မေျပဘူးဆိုၿပီး စိတ္ညစ္ေနမယ္ဆိုရင္ ၊ ကိုယ့္ထက္အဆင္မေျပသူေတြမ်ားစြာ႐ွိေနေသးေၾကာင္းကို Larry ဆိုတဲ့အမ်ိဳးသားရဲ႕အျဖစ္ေလးက ႏႈိင္းယွဥ္ျပေနသလိုပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Covid -19 ရောဂါအခြေအနေကြောင့် လူအတော်များများရဲ့စီးပွားရေးဟာ အခက်အခဲနဲ့ကြုံတွေ့နေရပြီး ၊ စားဝတ်နေရေးခက်ခဲနေလျက်ရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း အင်ဒိုနီးရှားနိုင်ငံ ၊ Klaten ဒေသမှာ နေထိုင်လျက်ရှိတဲ့အမျိုးသားဟာ သူ၏သားသမီး4ယောက်ကို ကျွေးမွေးစောင့်ရှောက်နိုင်ဖို့အတွက် ကျောက်ကပ်တစ်ခုရောင်ချလိုကြောင်း ကတ်ထူပြားကြီးမှာကြော်ငြာစာရေးသားပြီး ကျောက်ကပ်လိုက်လံရောင်းချခဲ့ပါတယ် ။ Frans Larry Okravianus အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ နာရီပေါင်း 20ကျော် (100km)ကြာတဲ့အထိ တစ်မြို့ပြီးတစ်မြို့ တစ်အိမ်ပြီးတစ်အိမ်ဝင်ထွက်ပြီး မိသားစုရဲ့ဆေးဝါးစရိတ် ၊ သားသမီးအတွက် ပညာရေး နှင့် အကြွေးတွေဆပ်ချင်လို့ ဖြစ်ကြောင်းရှင်းပြကာ ကျောက်ကပ်လိုက်လံရောင်းနေခဲ့တာပါ ။

” သူ့မှာ ကလေး 4ယောက်ရှိတယ် ၊ ကလေးတွေက တော်တော်လေးငယ်နေသေးတယ် ၊ အကြီးဆုံးကတော့ ကျောင်းတက်နေပြီ ၊ Larry က ဒီကမဟုတ်ဘူး ၊ သူက Jakarta မြို့က ဒီကမိန်းကလေးနဲ့အိမ်ထောင်ကျပြီး ဒီမှာအခြေချဖို့ဆုံးဖြတ်ခဲ့တာ ” ဆိုပြီး Larry ရဲ့ရွာသူကြီးက ပြောပြခဲ့ပါတယ် ။ Larry ဟာ အရင်ချိန်တုန်းက Jakarta မြို့မှာ ကားရေဆေးနဲ့အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ အလုပ်ပြုတ်သွားခဲ့တာဖြစ်ပါတယ် ။

ကံကောင်းစွာနဲ့ပဲ Larry ရဲ့အဖြစ်ကို အင်ဒိုနီးရှားအစိုးရအဖွဲ့က သိရှိသွားခဲ့ပြီးနောက် အကူအညီပေးနိုင်ခဲ့ပါတယ် ။ ဒါကြောင့် ကိုယ့်ကိုအဆင်မပြေဘူးဆိုပြီး စိတ်ညစ်နေမယ်ဆိုရင် ၊ ကိုယ့်ထက်အဆင်မပြေသူတွေများစွာရှိနေသေးကြောင်းကို Larry ဆိုတဲ့အမျိုးသားရဲ့အဖြစ်လေးက နှိုင်းယှဉ်ပြနေသလိုပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment