လိမၼာလြန္းလို႔ car salesman ရာထူးတိုးျမင့္ျခင္းခံခဲ့ရတဲ့ေခြးေလး

ဘရာဇီးႏိုင္ငံက ေခြးေလးတစ္ေကာင္ရဲ႕ဘဝဟာ အစပိုင္းမွာ အိုးမဲ့အိမ္မဲ့ေလးျဖစ္ခဲ့လို႔ အေတာ္ေလးအခက္အခဲဒုကၡေရာက္ခဲ့ပါတယ္ ။ သို႔ေပမဲ့ ေမလ 22 ရက္ေန႔မွာေတာ့ ေခြးေလးကို ဘရာဇီးမွာ႐ွိတဲ့ Hyundai Serra, ES ကားအေရာင္းျပခန္းမွ ဝန္ထမ္းမ်ားကေမြးစားခဲ့ၾကပါတယ္ ။ ေခြးေလးရဲ႕အိမ္အသစ္ေလးက သက္ေသာင့္သက္သာ႐ွိလြန္းၿပီး ၊ ေလေကာင္းေလသန္႔ရတဲ့ ကားအေရာင္းျပခန္းျဖစ္တဲ့အျပင္ အစားအေသာက္လံုလံုေလာက္ေလာက္႐ွိတဲ့ေနရာလည္းျဖစ္ခဲ့ပါတယ္ ။ေခၚယူေမြးစားခဲ့ၾကသူမ်ားက ေခြးေလးရဲ႕အိမ္ကို ကိုယ္တိုင္ေဆာက္လုပ္ေပးခဲ့ၾကတဲ့အျပင္ ေခြးေလးကိုကာကြယ္ေဆးထိုးေပးၿပီး ၊ ကိုယ္တိုင္သန္႔႐ွင္းေရးမ်ားလည္း ျပဳလုပ္ေပးၾကပါေသးတယ္ ။

ေခြးေလးဟာ ဝန္ထမ္းေတြနဲ႔အလုပ္အတူသြားေလ့႐ွိၿပီး အလုပ္မွာလည္းတည္ၿငိမ္စြာေနထိုင္တတ္ပါေသးတယ္ ။အလုပ္မွာပ်င္းရိၿငီးေငြ႔တာမ်ိဳးမျဖစ္ေအာင္ ေခြးကေလးဟာ တစ္ခါတစ္ေလမွာေတာ့ လုပ္ငန္းခြင္မွာေဆာ့ကစားေလ့႐ွိပါတယ္ ။ ထို႔အျပင္ေခြးေလးရဲ႕နာမည္ကို Tucson ဆိုၿပီးေပးခဲ့ၾကပါတယ္ ။ Tucson ဟာ ဧည့္သည္ေတြကားစမ္းေမာင္ၾကည့္မယ္ဆိုရင္ အရာအားလံုးလံုျခံဳစိတ္ခ်ရေအာင္ စစ္ေဆးေပးပါတယ္ ။ ထို႔အျပင္ Tucson ဟာ ကားေတြရဲ႕ အမွတ္တံဆိပ္သံအမတ္ျဖစ္တဲ့အျပင္ ၊ ေမာ္ဒယ္လည္း ျဖစ္ေနခဲ့ပါေသးတယ္ ။

ကားေတြရဲ႕အမွတ္တံဆိပ္ ambassador နဲ႔ saleman အျဖစ္ခန္႔အပ္ခံထားရတဲ့အေလ်ာက္ ၊ Tacson ေလးဟာ သူ႔အနီးဝန္းက်င္မွာေရာက္လာတဲ့သူေတြနဲ႔ ေဆာ့ကစားေပးေလ့႐ွိပါေသးတယ္ ။ Tucson ဟာ ယံုၾကည္စိတ္ခ်ရၿပီး ၊ ကားေတြေရာင္းထြက္ေအာင္ ဆြဲေဆာင္ႏိုင္လြန္းတဲ့ saleman တစ္ေယာက္ျဖစ္လာႏိုင္ပါတယ္ ။ Tucson ဟာ အစပိုင္းမွာေတာ့ ပိုင္႐ွင္မဲ့ေခြးေလးတစ္ေကာင္ျဖစ္ခဲ့ေပမဲ့ သူနဲ႔သင့္ေလ်ာ္မဲ့၊ သူ႔ကိုလက္ခံေပးႏိုင္မဲ့ေနရာမ်ိဳး႐ွာေတြ႔ႏိုင္ခဲ့တဲ့ ေခြးေလးပါ ။ ယခုအခ်ိန္မွာေတာ့ Tacson ဟာ Instagram မွာ Follower ေပါင္း 27,300 ခန္႔ပိုင္ဆိုင္ထားတဲ့ ေခြးေလးျဖစ္ေနခဲ့ပါၿပီ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘရာဇီးနိုင်ငံက ခွေးလေးတစ်ကောင်ရဲ့ဘဝဟာ အစပိုင်းမှာ အိုးမဲ့အိမ်မဲ့လေးဖြစ်ခဲ့လို့ အတော်လေးအခက်အခဲဒုက္ခရောက်ခဲ့ပါတယ် ။ သို့ပေမဲ့ မေလ 22 ရက်နေ့မှာတော့ ခွေးလေးကို ဘရာဇီးမှာရှိတဲ့ Hyundai Serra, ES ကားအရောင်းပြခန်းမှ ဝန်ထမ်းများကမွေးစားခဲ့ကြပါတယ် ။ ခွေးလေးရဲ့အိမ်အသစ်လေးက သက်သောင့်သက်သာရှိလွန်းပြီး ၊ လေကောင်းလေသန့်ရတဲ့ ကားအရောင်းပြခန်းဖြစ်တဲ့အပြင် အစားအသောက်လုံလုံလောက်လောက်ရှိတဲ့နေရာလည်းဖြစ်ခဲ့ပါတယ် ။ခေါ်ယူမွေးစားခဲ့ကြသူများက ခွေးလေးရဲ့အိမ်ကို ကိုယ်တိုင်ဆောက်လုပ်ပေးခဲ့ကြတဲ့အပြင် ခွေးလေးကိုကာကွယ်ဆေးထိုးပေးပြီး ၊ ကိုယ်တိုင်သန့်ရှင်းရေးများလည်း ပြုလုပ်ပေးကြပါသေးတယ် ။

ခွေးလေးဟာ ဝန်ထမ်းတွေနဲ့အလုပ်အတူသွားလေ့ရှိပြီး အလုပ်မှာလည်းတည်ငြိမ်စွာနေထိုင်တတ်ပါသေးတယ် ။အလုပ်မှာပျင်းရိငြီးငွေ့တာမျိုးမဖြစ်အောင် ခွေးကလေးဟာ တစ်ခါတစ်လေမှာတော့ လုပ်ငန်းခွင်မှာဆော့ကစားလေ့ရှိပါတယ် ။ ထို့အပြင်ခွေးလေးရဲ့နာမည်ကို Tucson ဆိုပြီးပေးခဲ့ကြပါတယ် ။ Tucson ဟာ ဧည့်သည်တွေကားစမ်းမောင်ကြည့်မယ်ဆိုရင် အရာအားလုံးလုံခြုံစိတ်ချရအောင် စစ်ဆေးပေးပါတယ် ။ ထို့အပြင် Tucson ဟာ ကားတွေရဲ့ အမှတ်တံဆိပ်သံအမတ်ဖြစ်တဲ့အပြင် ၊ မော်ဒယ်လည်း ဖြစ်နေခဲ့ပါသေးတယ် ။

ကားတွေရဲ့အမှတ်တံဆိပ် ambassador နဲ့ saleman အဖြစ်ခန့်အပ်ခံထားရတဲ့အလျောက် ၊ Tacson လေးဟာ သူ့အနီးဝန်းကျင်မှာရောက်လာတဲ့သူတွေနဲ့ ဆော့ကစားပေးလေ့ရှိပါသေးတယ် ။ Tucson ဟာ ယုံကြည်စိတ်ချရပြီး ၊ ကားတွေရောင်းထွက်အောင် ဆွဲဆောင်နိုင်လွန်းတဲ့ saleman တစ်ယောက်ဖြစ်လာနိုင်ပါတယ် ။ Tucson ဟာ အစပိုင်းမှာတော့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ဖြစ်ခဲ့ပေမဲ့ သူနဲ့သင့်လျော်မဲ့၊ သူ့ကိုလက်ခံပေးနိုင်မဲ့နေရာမျိုးရှာတွေ့နိုင်ခဲ့တဲ့ ခွေးလေးပါ ။ ယခုအချိန်မှာတော့ Tacson ဟာ Instagram မှာ Follower ပေါင်း 27,300 ခန့်ပိုင်ဆိုင်ထားတဲ့ ခွေးလေးဖြစ်နေခဲ့ပါပြီ ။

Jasmine (Mckzone Daily)

  • Leave a Comment