ခ်မ္းသာမႈကို အထင္႐ွားဆံုးပံုစံနဲ႔ ႂကြားဝါျပခဲ့တဲ့ အမ်ိဳးသား

ဗီယက္နမ္ႏိုင္ငံ Hanoi ၿမိဳ႕မွာေနထိုင္တဲ့အမ်ိဳးသားဟာ ၎ရဲ႕ေရႊလက္ဝတ္ရတနာမ်ား ဝတ္ဆင္မႈေၾကာင့္ လူေတြရဲ႕စိတ္ဝင္စားမႈကိုခံခဲ့ရပါတယ္ ။ အဆိုပါအမ်ိဳးသားဟာ ႀကီးမားလြန္းတဲ့ ေရႊဆြဲႀကိဳး ၊ ဟန္းခ်ိန္း ႏွင့္ လက္စြပ္ေတြကိုဝတ္ဆင္ၿပီး အျပင္ဖက္သို႔လည္ပတ္ေနေလ့႐ွိတဲ့အတြက္ Internet မွာ လူစိတ္ဝင္စားမႈအေတာ္ေလးကိုရ႐ွိေနလ်က္႐ွိပါတယ္ ။ အဆိုပါအမ်ိဳးသားကို “goldman” လို႔လူသိမ်ားၾကၿပီး ၊ ဘယ္ေနရာသြားသြား ၊ ေစ်းႀကီးလြန္းတဲ့ ဆိုင္ေတြပဲထိုင္ထိုင္ ၊ လမ္းေဘးဆိုင္ေလးမွာပဲထိုင္ထိုင္ အဆိုပါလက္ဝတ္ရတနာအႀကီးႀကီးေတြကို ေပၚေပၚထင္ထင္ဝတ္ဆင္ေလ့ေသာေၾကာင့္ ေတြ႔႐ွိၾကတဲ့သူေတြက ဓာတ္ပံု႐ိုက္ၿပီး social media ေပၚမွာေဝမ်ွေလ့႐ွိပါတယ္ ။

ဗီယက္နမ္မွ လူအမ်ားစုကေတာ့ အဆိုပါအမ်ိဳးသားဟာႂကြားဝါလြန္းသူဆိုၿပီး သတ္မွတ္ၾကေပမဲ့ ၊ အခ်ိဳ႕ကေတာ့ ေစ်းႀကီးလြန္းတဲ့ brand ဝတ္စံုေတြကိုဝယ္ဝတ္ရတာႀကိဳက္တဲ့သူေတြနဲ႔ အတူတူပါပဲဆိုၿပီး မ်ိဳးစံုမွတ္ခ်က္ေရးသားခဲ့ၾကပါတယ္ ။

အဆိုပါအမ်ိဳးသားကို လူေတြစိတ္ဝင္စားေနၾကတာကလည္း ေတြ႔ဆံုခဲ့ၾကသူေတြက ဓာတ္ပံုအတူ႐ိုက္ၿပီး social media ေပၚမွာ ေဝမ်ွေနၾကလို႔ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: doynews.

Unicode

ဗီယက်နမ်နိုင်ငံ Hanoi မြို့မှာနေထိုင်တဲ့အမျိုးသားဟာ ၎င်းရဲ့ရွှေလက်ဝတ်ရတနာများ ဝတ်ဆင်မှုကြောင့် လူတွေရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရပါတယ် ။ အဆိုပါအမျိုးသားဟာ ကြီးမားလွန်းတဲ့ ရွှေဆွဲကြိုး ၊ ဟန်းချိန်း နှင့် လက်စွပ်တွေကိုဝတ်ဆင်ပြီး အပြင်ဖက်သို့လည်ပတ်နေလေ့ရှိတဲ့အတွက် Internet မှာ လူစိတ်ဝင်စားမှုအတော်လေးကိုရရှိနေလျက်ရှိပါတယ် ။ အဆိုပါအမျိုးသားကို “goldman” လို့လူသိများကြပြီး ၊ ဘယ်နေရာသွားသွား ၊ ဈေးကြီးလွန်းတဲ့ ဆိုင်တွေပဲထိုင်ထိုင် ၊ လမ်းဘေးဆိုင်လေးမှာပဲထိုင်ထိုင် အဆိုပါလက်ဝတ်ရတနာအကြီးကြီးတွေကို ပေါ်ပေါ်ထင်ထင်ဝတ်ဆင်လေ့သောကြောင့် တွေ့ရှိကြတဲ့သူတွေက ဓာတ်ပုံရိုက်ပြီး social media ပေါ်မှာဝေမျှလေ့ရှိပါတယ် ။

ဗီယက်နမ်မှ လူအများစုကတော့ အဆိုပါအမျိုးသားဟာကြွားဝါလွန်းသူဆိုပြီး သတ်မှတ်ကြပေမဲ့ ၊ အချို့ကတော့ ဈေးကြီးလွန်းတဲ့ brand ဝတ်စုံတွေကိုဝယ်ဝတ်ရတာကြိုက်တဲ့သူတွေနဲ့ အတူတူပါပဲဆိုပြီး မျိုးစုံမှတ်ချက်ရေးသားခဲ့ကြပါတယ် ။

အဆိုပါအမျိုးသားကို လူတွေစိတ်ဝင်စားနေကြတာကလည်း တွေ့ဆုံခဲ့ကြသူတွေက ဓာတ်ပုံအတူရိုက်ပြီး social media ပေါ်မှာ ဝေမျှနေကြလို့ဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment