ဘေရွတ်ဆိပ်ကမ်းရဲ့ ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုကြောင့် လူပေါင်းများစွာထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ရတဲ့အဖြစ် (ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကြောက်မက်ဖွယ်ကောင်းလှအောင် ပြင်ထန်တဲ့ပေါက်ကွဲမှုတစ်ခုဟာ ပြီးခဲ့တဲ့ August 4ရက်နေ့က လက်ဘနွန်နိုင်ငံရဲ့မြို့တော် ဘေရွတ်မြို့မှာဖြစ်ပွားခဲ့ပြီး လူပေါင်း 78ဦးသေဆုံးခဲ့တဲ့အပြင် ၊ လူပေါင်း 4,000 ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ် ။ Video ထဲမှာတော့ အဆောက်အဦးတစ်ခုကနေ မီးခိုးငွေ့ကြီးထွက်လာခဲ့တာကိုတွေ့ရှိရမှာဖြစ်ပြီး ၊ ခဏအကြာမှာတော့ ပြင်ထန်လွန်းတဲ့ပေါက်ကွဲမှုကြောင့် ဘေရွတ်ဆိပ်ကမ်းတစ်ခုလုံး ပြာပုံဘဝသို့ရောက်ရှိသွားခဲ့ရပါတော့တယ် ။

အဆိုပါပေါက်ကွဲမှုကို သမ္မတ Michel Aoun က အမိုးနီးယားနိုက်ထရိတ်တန်ချိန်ပေါင်း 2,750 ကို လုံခြုံမှုမရှိဘဲ သိုလှောင်ထားခဲ့လို့ဖြစ်ခဲ့ရတာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် အဆိုပါဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး ၊ ပေါက်ကွဲမှုနှင့်သက်ဆိုင်ပက်သက်နေသူများကိုလည်း ပြင်းထန်စွာပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

ဝမ်းနည်းပူဆွေးခြင်းအခမ်းအနားကို 3ရက်ခန့်ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း နှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေကို 100 billion Lebanese pounds ထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment