အသက္ႀကီးေနေပမဲ့ လက္ထပ္ပြဲကိုေပ်ာ္ရႊင္စြာ က်င္းပခဲ့ၾကတဲ့ gayစံုတြဲ

တ႐ုတ္ႏိုင္ငံက အသက္အရြယ္ႀကီးရင့္ေနၿပီျဖစ္တဲ့ gay စံုတြဲဟာ ၎တို႔ရဲ႕ Weibo မွ ပရိသတ္ 12000 နဲ႔ေပ်ာ္ေပ်ာ္ရႊင္ရႊင္မဂၤလာပြဲ က်င္းပခဲ့ၾကပါတယ္ ။ စံုတြဲထဲမွ တစ္ေယာက္ကေတာ့ သတို႔သမီးဝတ္စံုေလးကို ဝတ္ဆင္ထားၿပီး ၊ ဓာတ္ပံုေတြ႐ိုက္ခဲ့ၾကပါတယ္ ။ အဆိုပါဓာတ္ပံုေတြကို Weibo ေပၚမွာေဝမ်ွခဲ့ၿပီး ၎တို႔ရဲ႕မဂၤလာပြဲဟာ အဆင္ေျပေျပၿပီးဆံုးခဲ့ေၾကာင္း ႏွင့္ အင္တာနက္ေပၚမွသူငယ္ခ်င္းေတြလာေရာက္ၿပီး ဆုေတာင္းေကာင္းခ်ီးေပးခဲ့ၾကေၾကာင္း ေျပာျပခဲ့ပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါစံုတြဲထဲက အမ်ိဳးသားတစ္ဦးရဲ႕သားျဖစ္သူကေတာ့ အဆိုပါမဂၤလာပြဲကို ကန္႔ကြက္ခဲ့လို႔ ထင္ထားသေလာက္အေပ်ာ္ႀကီးမေပ်ာ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ” အျပင္ကလူေတြက အားေပးခဲ့ၾကေပမဲ့ ကိုယ့္ရဲ႕သားအရင္းက ကန္႔ကြက္ခဲ့လို႔ စိတ္ပ်က္မိတယ္ ၊ အသနားၾကင္နာမဲ့တဲ့သားက ကြၽန္ေတာ္တို႔ရဲ႕ေပ်ာ္ရႊင္မႈကို ဖ်က္ခဲ့တာပဲ ” ဆိုၿပီး ရင္ဖြင့္ခဲ့ၾကပါတယ္ ။

တစ္ခ်ိန္တည္းမွာပဲ ရင္ခုန္စိတ္လႈပ္႐ွားၿပီး ၊ မလြယ္ကူဘူး ဆိုတဲ့ခံစားခ်က္မ်ိဳးကိုလည္း ခံစားမိခဲ့ေၾကာင္း စံုတြဲကေျပာျပခဲ့ပါေသးတယ္ ။ လိင္တူလက္ထပ္ျခင္းကို တ႐ုတ္ျပည္မွာေတာ့ အခုအခ်ိန္ထိ တရားဝင္ခြင့္ျပဳျခင္းမ႐ွိေသးပါဘူး ။

Jasmine (Mckzone Daily)

Source: gaystarnews

Unicode

တရုတ်နိုင်ငံက အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ gay စုံတွဲဟာ ၎င်းတို့ရဲ့ Weibo မှ ပရိသတ် 12000 နဲ့ပျော်ပျော်ရွှင်ရွှင်မင်္ဂလာပွဲ ကျင်းပခဲ့ကြပါတယ် ။ စုံတွဲထဲမှ တစ်ယောက်ကတော့ သတို့သမီးဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ၊ ဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ် ။ အဆိုပါဓာတ်ပုံတွေကို Weibo ပေါ်မှာဝေမျှခဲ့ပြီး ၎င်းတို့ရဲ့မင်္ဂလာပွဲဟာ အဆင်ပြေပြေပြီးဆုံးခဲ့ကြောင်း နှင့် အင်တာနက်ပေါ်မှသူငယ်ချင်းတွေလာရောက်ပြီး ဆုတောင်းကောင်းချီးပေးခဲ့ကြကြောင်း ပြောပြခဲ့ပါတယ် ။

သို့ပေမဲ့လည်း အဆိုပါစုံတွဲထဲက အမျိုးသားတစ်ဦးရဲ့သားဖြစ်သူကတော့ အဆိုပါမင်္ဂလာပွဲကို ကန့်ကွက်ခဲ့လို့ ထင်ထားသလောက်အပျော်ကြီးမပျော်ခဲ့ရကြောင်း သိရှိရပါတယ် ။ ” အပြင်ကလူတွေက အားပေးခဲ့ကြပေမဲ့ ကိုယ့်ရဲ့သားအရင်းက ကန့်ကွက်ခဲ့လို့ စိတ်ပျက်မိတယ် ၊ အသနားကြင်နာမဲ့တဲ့သားက ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုကို ဖျက်ခဲ့တာပဲ ” ဆိုပြီး ရင်ဖွင့်ခဲ့ကြပါတယ် ။

တစ်ချိန်တည်းမှာပဲ ရင်ခုန်စိတ်လှုပ်ရှားပြီး ၊ မလွယ်ကူဘူး ဆိုတဲ့ခံစားချက်မျိုးကိုလည်း ခံစားမိခဲ့ကြောင်း စုံတွဲကပြောပြခဲ့ပါသေးတယ် ။ လိင်တူလက်ထပ်ခြင်းကို တရုတ်ပြည်မှာတော့ အခုအချိန်ထိ တရားဝင်ခွင့်ပြုခြင်းမရှိသေးပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment