စားခ်င္တာေတြစားရဖို႔ အျခားေစ်းဝယ္ေတြလို ဆိုင္ေရွ႕မွာတန္းစီၿပီးရပ္ေစာင့္ေနခဲ့တဲ့ ေခြးေလး

မေလး႐ွားႏိုင္ငံ ၊ Sarawakျပည္နယ္ မွာ႐ွိတဲ့ Nasi Lemak ဆိုတဲ့အစားအစာေရာင္းတဲ့ လမ္းေဘးဆိုင္ေလးတစ္ခုမွာ သူ႔အလွည့္ေရာက္ဖို႔ တန္းစီၿပီးဝင္ေစာင့္ေနခဲ့တဲ့ေခြးေလးရဲ႕ ဓာတ္ပံုဟာ online ေပၚမွာအေတာ္ေလးပ်ံ့ႏွံ႔ေနလ်က္႐ွိပါတယ္ ။လမ္းေဘးဆိုင္ေလးက အဆိုပါေဒသတစ္ဝိုက္မွာအေတာ္ေလးကို လူႀကိဳက္မ်ားလြန္းလို႔ အလွည့္က်တန္းစီၿပီးေစာင့္ရတဲ့ဆိုင္ပါ ။ အဲ့ဆိုင္မွာေရာင္းတဲ့ ၾကက္ေၾကာ္ေလးကိုေခြးေလးက အေတာ္ေလးႀကိဳက္လြန္းလို႔ တန္းစီေစာင့္ၿပီးလို႔ သူ႔အလွည့္ေရာက္ၿပီဆိုတာနဲ႔ ဆိုင္ပိုင္႐ွင္ကိုေခြးေလးကႏႈတ္ဆက္ပါေတာ့တယ္ ။ အဆိုပါေခြးေလးရဲ႕ဓာတ္ပံုကို ေခြးေလးကဆိုင္ပိုင္႐ွင္ကို စကားေျပာေနသလို ဟာသေႏွာၿပီးေဖာ္ျပထားခဲ့ပါတယ္ ။

ေဖာ္ျပထားတဲ့ စာသားေလးေတြကေတာ့ ” nasi lemak တစ္ပြဲေပးပါ အစ္ကို ၊ တစ္ပြဲဘယ္ေလာက္လဲ ” ” ကြၽန္ေတာ့္မွာ ပိုက္ဆံမ႐ွိဘူးထင္ေနတာလား ၊ ဘာလို႔ဟိုၾကည့္ ဒီၾကည့္လုပ္ေနတာလဲ ” ” ခဏေလး ကြၽန္ေတာ့္အိတ္ကပ္ထဲက ပိုက္ဆံေလာက္ရဲ႕လား ” ” ပိုက္ဆံမ႐ွိဘူး E-wallet နဲ႔႐ွင္းလို႔ရလား ” စသည္ျဖင့္ ေခြးေလးရဲ႕ဓာတ္ပံုေလးမွာ ဟာသေႏွာထားတဲ့စာသားေလးေတြနဲ႔ ေဝမ်ွေပးခဲ့တာပါ ။

ကံေကာင္းစြာနဲ႔ ေနာက္ဆံုးမွာေတာ့ ေခြးေလးဟာ ၾကက္ေၾကာ္ကိုအလကားစားခြင့္ရခဲ့ၿပီးေနာက္ ၊ အေပ်ာ္လြန္ေနတဲ့႐ုပ္ေလးနဲ႔လည္း ထပ္ၿပီးဓာတ္ပံုအ႐ိုက္ခံခဲ့ပါေသးတယ္ ။ ေခြးေလးရဲ႕အမူအရာကို ၾကည့္႐ႈမိသူတိုင္းက ခ်စ္မဝႏိုင္ေအာင္ျဖစ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံ ၊ Sarawakပြည်နယ် မှာရှိတဲ့ Nasi Lemak ဆိုတဲ့အစားအစာရောင်းတဲ့ လမ်းဘေးဆိုင်လေးတစ်ခုမှာ သူ့အလှည့်ရောက်ဖို့ တန်းစီပြီးဝင်စောင့်နေခဲ့တဲ့ခွေးလေးရဲ့ ဓာတ်ပုံဟာ online ပေါ်မှာအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။လမ်းဘေးဆိုင်လေးက အဆိုပါဒေသတစ်ဝိုက်မှာအတော်လေးကို လူကြိုက်များလွန်းလို့ အလှည့်ကျတန်းစီပြီးစောင့်ရတဲ့ဆိုင်ပါ ။ အဲ့ဆိုင်မှာရောင်းတဲ့ ကြက်ကြော်လေးကိုခွေးလေးက အတော်လေးကြိုက်လွန်းလို့ တန်းစီစောင့်ပြီးလို့ သူ့အလှည့်ရောက်ပြီဆိုတာနဲ့ ဆိုင်ပိုင်ရှင်ကိုခွေးလေးကနှုတ်ဆက်ပါတော့တယ် ။ အဆိုပါခွေးလေးရဲ့ဓာတ်ပုံကို ခွေးလေးကဆိုင်ပိုင်ရှင်ကို စကားပြောနေသလို ဟာသနှောပြီးဖော်ပြထားခဲ့ပါတယ် ။

ဖော်ပြထားတဲ့ စာသားလေးတွေကတော့ ” nasi lemak တစ်ပွဲပေးပါ အစ်ကို ၊ တစ်ပွဲဘယ်လောက်လဲ ” ” ကျွန်တော့်မှာ ပိုက်ဆံမရှိဘူးထင်နေတာလား ၊ ဘာလို့ဟိုကြည့် ဒီကြည့်လုပ်နေတာလဲ ” ” ခဏလေး ကျွန်တော့်အိတ်ကပ်ထဲက ပိုက်ဆံလောက်ရဲ့လား ” ” ပိုက်ဆံမရှိဘူး E-wallet နဲ့ရှင်းလို့ရလား ” စသည်ဖြင့် ခွေးလေးရဲ့ဓာတ်ပုံလေးမှာ ဟာသနှောထားတဲ့စာသားလေးတွေနဲ့ ဝေမျှပေးခဲ့တာပါ ။

ကံကောင်းစွာနဲ့ နောက်ဆုံးမှာတော့ ခွေးလေးဟာ ကြက်ကြော်ကိုအလကားစားခွင့်ရခဲ့ပြီးနောက် ၊ အပျော်လွန်နေတဲ့ရုပ်လေးနဲ့လည်း ထပ်ပြီးဓာတ်ပုံအရိုက်ခံခဲ့ပါသေးတယ် ။ ခွေးလေးရဲ့အမူအရာကို ကြည့်ရှုမိသူတိုင်းက ချစ်မဝနိုင်အောင်ဖြစ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment