ေတာအုပ္ႀကီးထဲမွာ 4ရက္ေလာက္လမ္းေပ်ာက္ခဲ့တဲ့ အမ်ိဳးသားရဲ႕အျဖစ္

ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 26 ႏွစ္အရြယ္အမ်ိဳးသားဟာ ေတာအုပ္ႀကီးထဲမွာ 4ရက္ေလာက္လမ္းေပ်ာက္ၿပီးအၾကာမွ ကူညီကယ္ဆယ္ျခင္းခံခဲ့ရပါတယ္ ။ Nguyen Toan Loc အမည္႐ွိတဲ့အမ်ိဳးသားဟာ ေတာထဲထင္း႐ွာထြက္ရင္း Lam Dong ေဒသမွာေပ်ာက္ဆံုးသြားခဲ့တာပါ ။ ေဒသခံအဖြဲ႔မ်ားက လိုက္လံ႐ွာေဖြရင္း တစ္ေနရာအေရာက္မွာ ခ်ံဳပုတ္ကလႈပ္ခါေနခဲ့တာကိုေတြ႔႐ွိၿပီး ၾကည့္႐ႈခဲ့ခ်ိန္မွာေတာ့ အဆိုပါအမ်ိဳးသားကို အဝတ္ဗလာနဲ့ေတြ႔႐ွိခဲ့တာျဖစ္ပါတယ္ ။

” သူ႔ကိုေတာထဲကေန ေခၚထုတ္ၿပီးခ်က္ခ်င္း ေဆးရံုကိုေခၚသြားခဲ့တာပါ ” ဆိုၿပီး ႐ွာေဖြေရးအဖြဲ႔က ေျပာျပသြားခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားရဲ႕ ခႏၶာကိုယ္ဟာအေတာ္ကိုအားအင္ကုန္ခမ္းေနတဲ့အေနအထားနဲ႔ေတြ႔႐ွိခဲ့တာျဖစ္ၿပီး ၊ စိတ္ပိုင္းဆိုင္ရာမွာလည္း အေတာ္ေလးထိခိုက္ခံစားေနပံုရပါတယ္ ။ ထို႔အျပင္ အဆိုပါအမ်ိဳးသားကိုစမ္းေခ်ာင္းေဘးမွာ အဝတ္ဗလာျဖင့္ ခိုက္ခိုက္တုန္ေနတဲ့အေနအထားမ်ိဳးနဲ႔ေတြ႔႐ွိခဲ့တာပါ ။ လက္႐ွိမွာေတာ့ က်န္းမာေရးအေျခအေနျပန္လည္ေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း ဆရာဝန္မ်ားကေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: vnexpress

Unicode

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ အသက် 26 နှစ်အရွယ်အမျိုးသားဟာ တောအုပ်ကြီးထဲမှာ 4ရက်လောက်လမ်းပျောက်ပြီးအကြာမှ ကူညီကယ်ဆယ်ခြင်းခံခဲ့ရပါတယ် ။ Nguyen Toan Loc အမည်ရှိတဲ့အမျိုးသားဟာ တောထဲထင်းရှာထွက်ရင်း Lam Dong ဒေသမှာပျောက်ဆုံးသွားခဲ့တာပါ ။ ဒေသခံအဖွဲ့များက လိုက်လံရှာဖွေရင်း တစ်နေရာအရောက်မှာ ချုံပုတ်ကလှုပ်ခါနေခဲ့တာကိုတွေ့ရှိပြီး ကြည့်ရှုခဲ့ချိန်မှာတော့ အဆိုပါအမျိုးသားကို အဝတ်ဗလာနဲ့တွေ့ရှိခဲ့တာဖြစ်ပါတယ် ။

” သူ့ကိုတောထဲကနေ ခေါ်ထုတ်ပြီးချက်ချင်း ဆေးရုံကိုခေါ်သွားခဲ့တာပါ ” ဆိုပြီး ရှာဖွေရေးအဖွဲ့က ပြောပြသွားခဲ့ပါတယ် ။ အဆိုပါအမျိုးသားရဲ့ ခန္ဓာကိုယ်ဟာအတော်ကိုအားအင်ကုန်ခမ်းနေတဲ့အနေအထားနဲ့တွေ့ရှိခဲ့တာဖြစ်ပြီး ၊ စိတ်ပိုင်းဆိုင်ရာမှာလည်း အတော်လေးထိခိုက်ခံစားနေပုံရပါတယ် ။ ထို့အပြင် အဆိုပါအမျိုးသားကိုစမ်းချောင်းဘေးမှာ အဝတ်ဗလာဖြင့် ခိုက်ခိုက်တုန်နေတဲ့အနေအထားမျိုးနဲ့တွေ့ရှိခဲ့တာပါ ။ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်နေပြီဖြစ်ကြောင်း ဆရာဝန်များကပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment