အိမ်ကမိန်းမရဲ့ဆိုင်ကယ်ကိုလုပ်ပျောက်လိုက်မိလို့ ကိုယ်တိုင်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တဲ့ အလစ်သုတ်သမား

ပြီးခဲ့တဲ့ ဧပြီလ 12ရက်နေ့က မလေးရှားနိုင်ငံက Ayus အမည်ရှိတဲ့အမျိုးသမီးဟာ Kuala Selangor မြို့မှာရှိတဲ့ Hong Leong Bank အရှေ့မှာ လုယက်ခြင်းခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း လုယက်သူတွေထဲကတစ်ယောက်ဟာ မယုံနိုင်လောက်တဲ့အကြောင်းပြချက်တစ်ခုနဲ့ရဲစခန်းမှာ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ် ။အဆိုပါအဖြစ်အပျက်ကို Ayus ကသူမ၏ Facebook စာမျက်နှာပေါ်မှာ ဖော်ပြထားခဲ့ပါတယ် ။ ” အလစ်သုတ်သမားနှစ်ယောက်က သူတို့ရဲဆိုင်ကယ်ကိုအင်ဂျင်စက်နှိုးရက်နဲ့ ထားခဲ့ပြီး အလစ်သုတ်ထားတဲ့ပစ္စည်းနဲ့ သုတ်ခြေတင်ပြေးသွားခဲ့ကြပါတယ် ။ ကျွန်မအတွက်ပိုပြီးတော့ လွယ်ကူစေတာပေါ့ ။ ကျွန်မအဲ့ဆိုင်ကယ်နဲ့ ရဲစခန်းကိုမောင်းသွားခဲ့ပါတယ် ။ ကျွန်မရဲအရာရှိတွေကို တိုင်ကြားနေချိန်မှာ T-shirt အနီရောင်နဲ့အလစ်သုတ်သမားတစ်ယောက်ဟာ ငိုငိုယိုယိုနဲ့ ၎င်းဆိုင်ကယ်ဟာသူ့မိန်မ၏ဆိုင်ကယ်ဖြစ်နေတဲ့အတွက် ရဲစခန်းသို့လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရဖို့မကြောက်ပေမဲ့ အိမ်ကမိန်းမကိုတော့တအားကြောက်လို့ဆိုပြီး ပြောခဲ့ပါတယ် ။ အဲ့နေ့က ရဲစခန်းမှာရှိနေတဲ့လူတွေအားလုံး အတော်လေးကိုရယ်နေခဲ့ရပါတယ် ” ဆိုပြီး Ayus ကရေးသားထားခဲ့ပါတယ် ။

Ayus ဟာသူမ၏သူငယ်ချင်းနဲ့ ခင်ပွန်းတို့ကို ရဲစခန်းသို့သွားရောက်တိုင်ကြားစဉ် အတူလိုက်ပါပေတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ် ။ထို့နောက် လုယက်ခံရချိန်တုန်းက အလစ်သုတ်သမားတွေကိုလိုက်ဖမ်းပေးခဲ့ကြတဲ့ အမည်မသိတဲ့လူ3ယောက်ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါသေးတယ် ။ အဆိုပါအဖြစ်အပျက် အတော်လေးကိုရေပန်းစားခဲ့ချိန်မှာတော့ လုယက်သူဟာ ပြစ်ဒဏ်ချမှတ်ခံရမဲ့အကျိုးဆက်ထက် ဇနီးသည်၏အမျက်ဒေါသကိုပိုပြီးကြောက်လန့်နေတာကိုကြည့်ခြင်းအားဖြင့် ဇနီးသည်ကဒေါသအလွန်ကြီးသူဆိုပြီး ထင်ကြေးပေးခဲ့ကြပါတယ် ။

လုယက်သူဟာ အဆုံးသတ်မှာမည်သည့်ပစ်ဒဏ်မျိုးချမှတ်ခံခဲ့ရလည်းဆိုတာကိုတော့ သေချာဖော်ပြထားခြင်းမရှိပေမဲ့လည်း လုယက်မှုခံရသူများကိုဒဏ်ရာများရစေနိုင်ပြီး ၊ တစ်ချို့အကြိမ်တွေမှာဆိုရင် အသက်သေဆုံးခဲ့တဲ့အခြေအနေတွေနဲ့ ကြုံတွေ့ရစေခဲ့တဲ့အတွက် လူအများစုကတော့ ထိရောက်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ကို မျှော်လင့်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အိမ်ကမိန်းမရဲ့ဆိုင်ကယ်ကိုလုပ်ပျောက်လိုက်မိလို့ ကိုယ်တိုင်ရဲစခန်းမှာ လာရောက်အဖမ်းခံခဲ့တဲ့ အလစ်သုတ်သမား"

Leave a comment

Your email address will not be published.


*