မခ်မ္းသာေပမဲ့ သမီးေလးအတြက္ အေကာင္းဆံုး အေထာက္အပံ့ နဲ႔ “gym”ေဆာ့ႏိုင္မဲ့ေနရာဖန္တီးေပးခဲ့တဲ့ ဖခင္

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 17 ႏွစ္အရြယ္ မိန္းကေလးဟာ တာေဝးအေျပးၿပိဳင္ပြဲေတြမွာ ေက်ာင္းေပါင္းစံုရဲ႕စံခ်ိန္ကိုခ်ိဳးေဖာက္ႏိုင္ခဲ့တဲ့ ထက္ျမတ္ကြၽမ္းက်င္လြန္းတဲ့မိန္းကေလးပါ ။ သို႔ေပမဲ့ သူမအခုလိုအေကာင္းဆံုးေဆာင္ရြက္ႏိုင္ခဲ့တာကလည္း သူမရဲ႕ဖခင္ျဖစ္သူက ေငြေရးေၾကးေရးအခ်ိဳ႕အေထာက္အပံ့ေပးရံုသာမက ၊ သူမအေျပးေလ့က်င့္တဲ့ မနက္ခင္းတိုင္းအတူလိုက္ပါေပးတဲ့အျပင္ ၊ သူမ gym ေဆာ့ႏိုင္ဖို႔ေနရာေလးကိုလည္း ေမတၱာအျပည့္နဲ႔တည္ေဆာက္ထားေပးလို႔ပါပဲ ။ Zheng Gouhua အမည္႐ွိတဲ့ သူမဟာ မနက္ခင္း 4နာရီအခ်ိန္ေရာက္တိုင္း လမ္းမႀကီးေပၚဖခင္ျဖစ္သူႏွင့္အတူ အေျပးေလ့က်င့္ေလ့႐ွိပါတယ္ ။ သူမရဲ႕ဖခင္ကေတာ့ သူမရဲ႕အေနာက္ကေန ဆိုင္ကယ္ျဖင့္ ထပ္က်ပ္မကြာလိုက္ေပးေလ့႐ွိပါတယ္ ။

ထို႔အျပင္ ဖခင္ျဖစ္သူဟာ အားလပ္ခ်ိန္ရတဲ့အခ်ိန္တိုင္း သမီးျဖစ္သူေလ့က်င့္ခန္းလုပ္ဖို႔ လိုအပ္တဲ့ပစၥည္းကိရိယာေတြကို လိုက္လံစုစည္းၿပီးေနာက္ တစ္လခြဲေက်ာ္ခန္႔အခ်ိန္ယူကာ သမီးေလးအတြက္ gym ေဆာ့မဲ့ေနရာေလးျပဳလုပ္ေပးခဲ့ပါတယ္ ။ ဖခင္ျဖစ္သူဟာ Zheng Guohua ရဲ႕ေက်ာင္းအားကစားပြဲတိုင္းကို တက္ေရာက္အားေပးေလ့႐ွိလို႔ ” အေဖေကာင္းတစ္ေယာက္ရထားလို႔ ကြၽန္မရဲ႕သူငယ္ခ်င္းေတြက ကြၽန္မကိုအားက်ေနၾကတယ္ ၊ ကြၽန္မအေဖလို အေဖမ်ိဳးကိုသူတို႔လိုခ်င္ေနၾကတာ ” ဆိုၿပီး Zheng Guohua က သူမရဲ႕ဖခင္ကို ဂုဏ္ယူစြာထုတ္ေဖာ္ျပေလ့႐ွိပါတယ္ ။

Zheng Guohua ရဲ႕မ်က္လံုထဲမွာေတာ့ ဖခင္ျဖစ္သူဟာ သူမေလ့က်င့္ခန္းျပဳလုပ္ေနခ်ိန္အသံအက်ယ္ႀကီးနဲ႔ေအာ္ဟစ္သင္ၾကားေပးေနတဲ့ နည္းျပတစ္ေယာက္ျဖစ္ေနယံုသာမက သူမရဲ႕ဘဝတစ္ေလ်ွာက္လံုး သူမနဲ႔အတူ ရဲေဘာ္ရဲဘက္လို အျမဲကူညီေထာက္ပံ့ေပမဲ့ သူအျဖစ္႐ွိေနပါတယ္ ။ Zheng Guohua ဟာ တစ္ခါတစ္ေလမွာ အ႐ႈံးေပးပစ္လိုက္ခ်င္တဲ့စိတ္မ်ိဳး႐ွိခဲ့ေပမဲ့လည္း ဖခင္ရဲ႕အားေပးစကား နဲ႔ ေဆာင္းပုဒ္ေတြေၾကာင့္ သူမအခုလိုေအာင္ျမင္မႈရ႐ွိခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: en.people.cn

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 17 နှစ်အရွယ် မိန်းကလေးဟာ တာဝေးအပြေးပြိုင်ပွဲတွေမှာ ကျောင်းပေါင်းစုံရဲ့စံချိန်ကိုချိုးဖောက်နိုင်ခဲ့တဲ့ ထက်မြတ်ကျွမ်းကျင်လွန်းတဲ့မိန်းကလေးပါ ။ သို့ပေမဲ့ သူမအခုလိုအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တာကလည်း သူမရဲ့ဖခင်ဖြစ်သူက ငွေရေးကြေးရေးအချို့အထောက်အပံ့ပေးရုံသာမက ၊ သူမအပြေးလေ့ကျင့်တဲ့ မနက်ခင်းတိုင်းအတူလိုက်ပါပေးတဲ့အပြင် ၊ သူမ gym ဆော့နိုင်ဖို့နေရာလေးကိုလည်း မေတ္တာအပြည့်နဲ့တည်ဆောက်ထားပေးလို့ပါပဲ ။ Zheng Gouhua အမည်ရှိတဲ့ သူမဟာ မနက်ခင်း 4နာရီအချိန်ရောက်တိုင်း လမ်းမကြီးပေါ်ဖခင်ဖြစ်သူနှင့်အတူ အပြေးလေ့ကျင့်လေ့ရှိပါတယ် ။ သူမရဲ့ဖခင်ကတော့ သူမရဲ့အနောက်ကနေ ဆိုင်ကယ်ဖြင့် ထပ်ကျပ်မကွာလိုက်ပေးလေ့ရှိပါတယ် ။

ထို့အပြင် ဖခင်ဖြစ်သူဟာ အားလပ်ချိန်ရတဲ့အချိန်တိုင်း သမီးဖြစ်သူလေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းကိရိယာတွေကို လိုက်လံစုစည်းပြီးနောက် တစ်လခွဲကျော်ခန့်အချိန်ယူကာ သမီးလေးအတွက် gym ဆော့မဲ့နေရာလေးပြုလုပ်ပေးခဲ့ပါတယ် ။ ဖခင်ဖြစ်သူဟာ Zheng Guohua ရဲ့ကျောင်းအားကစားပွဲတိုင်းကို တက်ရောက်အားပေးလေ့ရှိလို့ ” အဖေကောင်းတစ်ယောက်ရထားလို့ ကျွန်မရဲ့သူငယ်ချင်းတွေက ကျွန်မကိုအားကျနေကြတယ် ၊ ကျွန်မအဖေလို အဖေမျိုးကိုသူတို့လိုချင်နေကြတာ ” ဆိုပြီး Zheng Guohua က သူမရဲ့ဖခင်ကို ဂုဏ်ယူစွာထုတ်ဖော်ပြလေ့ရှိပါတယ် ။

Zheng Guohua ရဲ့မျက်လုံထဲမှာတော့ ဖခင်ဖြစ်သူဟာ သူမလေ့ကျင့်ခန်းပြုလုပ်နေချိန်အသံအကျယ်ကြီးနဲ့အော်ဟစ်သင်ကြားပေးနေတဲ့ နည်းပြတစ်ယောက်ဖြစ်နေယုံသာမက သူမရဲ့ဘဝတစ်လျှောက်လုံး သူမနဲ့အတူ ရဲဘော်ရဲဘက်လို အမြဲကူညီထောက်ပံ့ပေမဲ့ သူအဖြစ်ရှိနေပါတယ် ။ Zheng Guohua ဟာ တစ်ခါတစ်လေမှာ အရှုံးပေးပစ်လိုက်ချင်တဲ့စိတ်မျိုးရှိခဲ့ပေမဲ့လည်း ဖခင်ရဲ့အားပေးစကား နဲ့ ဆောင်းပုဒ်တွေကြောင့် သူမအခုလိုအောင်မြင်မှုရရှိခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment