ေဘာ္လံုးကြင္း 5ကြင္းစာထက္႐ွည္တဲ့ ကမာၻ့အ႐ွည္ဆံုးမွန္တံတားကို ဖြင့္လွစ္လိုက္ၿပီျဖစ္တဲ့ (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံ ၊ Guangdong ျပည္နယ္ Qingyuan ၿမိဳ႕႐ွိ Linjiang ျမစ္ရဲ႕ ကမာၻ့အ႐ွည္ဆံုးျမစ္ကူးမွန္တံတားကို ဖြင့္လွစ္လိုက္ၿပီျဖစ္ပါတယ္ ။ မွန္တံတားဟာ 526 မီတာ (1,725 ေပ) အ႐ွည္႐ွိၿပီး ၊ အေမရိကန္ေဒၚလာ 43 million ခန္႔အကုန္အက်ခံကာ 3ႏွစ္ခန္႔တည္ေဆာက္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ဖြင့္လွစ္ခဲ့တဲ့ July 18 ရက္ေန႔ကမွ ကမာၻ့အ႐ွည္ဆံုးမွန္တံတားအျဖစ္ မွတ္တမ္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္ ။ Video ထဲမွာေတာ့ မွန္တံတားကို ကားႏွစ္စီးကျဖတ္ေမာင္းျပခဲ့တဲ့အျပင္ လူေပါင္းမ်ားစြာျဖင့္ ေပ်ာ္ရႊင္စြာဖြင့္လွစ္ခဲ့ၾကတာျဖစ္ပါတယ္ ။ အဆိုပါတံတားကို တစ္ႀကိမ္တည္မွာပင္ လူေပါင္း 500 ခန္႔ ကူးျဖတ္ႏိုင္ၿပီး ၊ လာေရာက္လည္ပတ္သူမ်ားမွာလည္း bungee ႀကိဳးခုန္ျခင္းတို႔ျပဳလုပ္ႏိုင္ေၾကာင္း ႏွင့္ မွန္တံတားကို fashion show ေတြအတြက္ runway အေနနဲ႔လည္း အသံုးျပဳႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက တ႐ုတ္ႏိုင္ငံမွာ မွန္တံတားေပါင္း 2,300 ခန္႔ဖြင့္လွစ္ခဲ့ေပမဲ့လည္း အခ်ိဳ႕တံတားမ်ားဟာ လံုျခံဳစိတ္ခ်မႈမ႐ွိေသာေၾကာင့္ ျပန္ပိတ္ပစ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ 2016ခုႏွစ္က ကမာၻ့စံခ်ိန္တင္ခဲ့ဖူးတဲ့ Zhangjiajie Grand Canyon မွန္တံတားဟာဆိုရင္ ဖြင့္လွစ္ၿပီး 13 ရက္အၾကာ လံုျခံဳစိတ္ခ်ရမႈမ႐ွိေသာေၾကာင့္ ျပန္ပိတ္ပစ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ 2018 ခုႏွစ္မွာေတာ့ Hubei ျပည္နယ္မွာတည္႐ွိတဲ့ မွန္တံတားေပါင္း 32 ခုမွာလည္း ျပန္ပိတ္ပစ္ခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ ၊ Guangdong ပြည်နယ် Qingyuan မြို့ရှိ Linjiang မြစ်ရဲ့ ကမ္ဘာ့အရှည်ဆုံးမြစ်ကူးမှန်တံတားကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ် ။ မှန်တံတားဟာ 526 မီတာ (1,725 ပေ) အရှည်ရှိပြီး ၊ အမေရိကန်ဒေါ်လာ 43 million ခန့်အကုန်အကျခံကာ 3နှစ်ခန့်တည်ဆောက်ခဲ့ရကြောင်း သိရှိရပါတယ် ။ ဖွင့်လှစ်ခဲ့တဲ့ July 18 ရက်နေ့ကမှ ကမ္ဘာ့အရှည်ဆုံးမှန်တံတားအဖြစ် မှတ်တမ်းရယူနိုင်ခဲ့တာဖြစ်ပါတယ် ။ Video ထဲမှာတော့ မှန်တံတားကို ကားနှစ်စီးကဖြတ်မောင်းပြခဲ့တဲ့အပြင် လူပေါင်းများစွာဖြင့် ပျော်ရွှင်စွာဖွင့်လှစ်ခဲ့ကြတာဖြစ်ပါတယ် ။ အဆိုပါတံတားကို တစ်ကြိမ်တည်မှာပင် လူပေါင်း 500 ခန့် ကူးဖြတ်နိုင်ပြီး ၊ လာရောက်လည်ပတ်သူများမှာလည်း bungee ကြိုးခုန်ခြင်းတို့ပြုလုပ်နိုင်ကြောင်း နှင့် မှန်တံတားကို fashion show တွေအတွက် runway အနေနဲ့လည်း အသုံးပြုနိုင်ကြောင်း သိရှိရပါတယ် ။

ပြီးခဲ့တဲ့နှစ်တွေတုန်းက တရုတ်နိုင်ငံမှာ မှန်တံတားပေါင်း 2,300 ခန့်ဖွင့်လှစ်ခဲ့ပေမဲ့လည်း အချို့တံတားများဟာ လုံခြုံစိတ်ချမှုမရှိသောကြောင့် ပြန်ပိတ်ပစ်ခဲ့ရကြောင်း သိရှိရပါတယ် ။ 2016ခုနှစ်က ကမ္ဘာ့စံချိန်တင်ခဲ့ဖူးတဲ့ Zhangjiajie Grand Canyon မှန်တံတားဟာဆိုရင် ဖွင့်လှစ်ပြီး 13 ရက်အကြာ လုံခြုံစိတ်ချရမှုမရှိသောကြောင့် ပြန်ပိတ်ပစ်ခဲ့ရကြောင်း သိရှိရပါတယ် ။ 2018 ခုနှစ်မှာတော့ Hubei ပြည်နယ်မှာတည်ရှိတဲ့ မှန်တံတားပေါင်း 32 ခုမှာလည်း ပြန်ပိတ်ပစ်ခဲ့ရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment