Pre-Wedding ဓာတ္ပံု႐ိုက္ေနတုန္း ေဘရြတ္ၿမိဳ႕ရဲ႕ေပါက္ကြဲမႈေၾကာင့္ အသက္လုေျပးခဲ့ရတဲ့စံုတြဲ (႐ုပ္သံ)

ၿပီးခဲ့တဲ့ August 4 ရက္ေန႔က လက္ဘႏြန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ ေဘရြတ္ၿမိဳ႕ကေပါက္ကြဲမႈကို pre-wedding ဓာတ္ပံုေတြ႐ိုက္ကူးေနၾကတဲ့ စံုတြဲ နဲ႔ ဓာတ္ပံုဆရာက အဆိုပါအျဖစ္အပ်က္ကို အမိအရ video ႐ိုက္ကူးထားႏိုင္ခဲ့ပါတယ္ ။ Mahmoud Nakib အမည္႐ွိတဲ့ ဓာတ္ပံုဆရာက ေပါက္ကြဲမႈျပင္းထန္လြန္းလို႔ ေျမျပင္ႀကီးတုန္ခါသြားခဲ့ၿပီး ၊ တိုက္အေဆာက္အအံုေတြ႐ွိ မွန္နံရံမ်ားေပါက္ကြဲထြက္သြားပံုကို video ႐ိုက္ယူထားႏိုင္ခဲ့တာပါ ။ Video အစပိုင္းမွာေတာ့ Seblani အမည္႐ွိတဲ့ သတို႔သမီးဟာ အျပံဳးအျပည့္နဲ႔ သူမရဲ႕သတို႔သမီးဝတ္စံုကိုထင္ဟတ္ေအာင္ pose ေပးေနခဲ့တာပါ ။ ႐ိုက္ကူးေနရင္ တစ္စံုတစ္ခုလြဲမွားသြားခဲ့တာကို သတိထားမိရင္း Nakib က သတို႔သမီးကို video မ႐ိုက္ကူးႏိုင္ေတာ့ဘဲ လံုျခံဳမယ္လို႔ထင္တဲ့ေနရာသို႔ ေျပးသြားခဲ့ပါေတာ့တယ္ ။

သတို႔သမီး နဲ႔ လူအေတာ္မ်ားမ်ားဟာ အကာအကြယ္ရေအာင္ အေဆာက္အဦးေအာက္ဖက္ေတြဆီသို႔ အေျပးအလႊားထြက္သြားခဲ့ၾကပါေတာ့တယ္ ။ ေပါက္ကြဲမႈက ၿပီးဆံုးသြားခဲ့ေပမဲ့လည္း Nakib ကေနရာအေနာက္ ေပါက္ကြဲမႈေၾကာင့္ ျပန္႔က်ဲေနတဲ့ ပစၥည္းကိရိယာေတြ ၊ မွန္စေတြကို video ဆက္ၿပီး ႐ိုက္ကူးထားႏိုင္ခဲ့ပါတယ္ ။ ထို႔ေနာက္ ကိုယ့္ကို video ျပန္႐ိုက္ၿပီး ” ကြၽန္ေတာ္ကိုၾကည့္ပါအံုး ၊ ကြၽန္ေတာ္အေတာ္ေလးကို တုန္လႈပ္ေနပါၿပီ ” ဆိုၿပီးေျပာဆိုခဲ့ပါေသးတယ္ ။

Nakib ႏွင့္ အဆိုပါစံုတြဲကေတာ့ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိေပမဲ့ ေပါက္ကြဲမႈမျဖစ္ခင္ ဓာတ္ပံု႐ိုက္လို႔ၿပီးရင္ ညစာအတူတူစားဖို႔စီစဥ္ခဲ့ၾကေသးေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါေပါက္ကြဲမႈဟာ ဓာတ္ပံု႐ိုက္ေနတဲ့ေနရာရဲ႕ 1 km အကြာအေဝးမွာျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါေပါက္ကြဲမႈကို တာဝန္႐ွိသူမ်ားက ဆက္လက္ၿပီးစံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ August 4 ရက်နေ့က လက်ဘနွန်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဘေရွတ်မြို့ကပေါက်ကွဲမှုကို pre-wedding ဓာတ်ပုံတွေရိုက်ကူးနေကြတဲ့ စုံတွဲ နဲ့ ဓာတ်ပုံဆရာက အဆိုပါအဖြစ်အပျက်ကို အမိအရ video ရိုက်ကူးထားနိုင်ခဲ့ပါတယ် ။ Mahmoud Nakib အမည်ရှိတဲ့ ဓာတ်ပုံဆရာက ပေါက်ကွဲမှုပြင်းထန်လွန်းလို့ မြေပြင်ကြီးတုန်ခါသွားခဲ့ပြီး ၊ တိုက်အဆောက်အအုံတွေရှိ မှန်နံရံများပေါက်ကွဲထွက်သွားပုံကို video ရိုက်ယူထားနိုင်ခဲ့တာပါ ။ Video အစပိုင်းမှာတော့ Seblani အမည်ရှိတဲ့ သတို့သမီးဟာ အပြုံးအပြည့်နဲ့ သူမရဲ့သတို့သမီးဝတ်စုံကိုထင်ဟတ်အောင် pose ပေးနေခဲ့တာပါ ။ ရိုက်ကူးနေရင် တစ်စုံတစ်ခုလွဲမှားသွားခဲ့တာကို သတိထားမိရင်း Nakib က သတို့သမီးကို video မရိုက်ကူးနိုင်တော့ဘဲ လုံခြုံမယ်လို့ထင်တဲ့နေရာသို့ ပြေးသွားခဲ့ပါတော့တယ် ။

သတို့သမီး နဲ့ လူအတော်များများဟာ အကာအကွယ်ရအောင် အဆောက်အဦးအောက်ဖက်တွေဆီသို့ အပြေးအလွှားထွက်သွားခဲ့ကြပါတော့တယ် ။ ပေါက်ကွဲမှုက ပြီးဆုံးသွားခဲ့ပေမဲ့လည်း Nakib ကနေရာအနောက် ပေါက်ကွဲမှုကြောင့် ပြန့်ကျဲနေတဲ့ ပစ္စည်းကိရိယာတွေ ၊ မှန်စတွေကို video ဆက်ပြီး ရိုက်ကူးထားနိုင်ခဲ့ပါတယ် ။ ထို့နောက် ကိုယ့်ကို video ပြန်ရိုက်ပြီး ” ကျွန်တော်ကိုကြည့်ပါအုံး ၊ ကျွန်တော်အတော်လေးကို တုန်လှုပ်နေပါပြီ ” ဆိုပြီးပြောဆိုခဲ့ပါသေးတယ် ။

Nakib နှင့် အဆိုပါစုံတွဲကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိပေမဲ့ ပေါက်ကွဲမှုမဖြစ်ခင် ဓာတ်ပုံရိုက်လို့ပြီးရင် ညစာအတူတူစားဖို့စီစဉ်ခဲ့ကြသေးကြောင်း သိရှိရပါတယ် ။ အဆိုပါပေါက်ကွဲမှုဟာ ဓာတ်ပုံရိုက်နေတဲ့နေရာရဲ့ 1 km အကွာအဝေးမှာဖြစ်ကြောင်းသိရှိရပါတယ် ။ အဆိုပါပေါက်ကွဲမှုကို တာဝန်ရှိသူများက ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment