ပူေဖာင္းေတြနဲ႔ အလွပဆံုးအႏုပညာေတြကိုဖန္တီးျပသခဲ့တဲ့ အမ်ိဳးသား

‘ King of Balloons ‘ လို႔လူသိမ်ားတဲ့ တ႐ုတ္ႏိုင္ငံမွ အသက္ 19 ႏွစ္အရြယ္ Xu Wulong အမည္႐ွိတဲ့ေကာင္ေလးဟာ ပူေဖာင္းေတြကိုအသံုးျပဳၿပီး မ်ားစြာေသာအႏုပညာလက္ရာေတြကိုဖန္တီးျပသခဲ့ပါတယ္ ။ ထို႔အျပင္ Xu က ” ကားေတြ ၊ ဝတ္စံုေတြနဲ႔ တိရစာၦန္မ်ိဳးစံုရဲ႕႐ုပ္ပံုေတြကို ကြၽန္ေတာ္ပူေဖာင္းနဲ႔ ျပဳလုပ္ႏိုင္ပါတယ္ ၊ တစ္ရက္ကိုကြၽန္ေတာ္ပူေဖာင္း အခု 10,000 ေလာက္အထိ မႈတ္ႏိုင္ပါတယ္ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။ Xu ဟာ 3ႏွစ္သားအရြယ္ေလာက္က ပိုလီယိုေရာဂါကိုခံစားခဲ့ရၿပီးေနာက္ ကိုမာအထိပါျဖစ္သြားခဲ့ၿပီး 8ရက္ေလာက္မိသားစုဝင္ေတြနဲ႔ ဆရာဝန္ေတြရဲ႕ဂ႐ုတစိုက္ျပဳစုေစာင့္ေ႐ွာက္မႈေတြေၾကာင့္ ျပန္သက္သာလာခဲ့သူျဖစ္ပါတယ္ ။

Xu 8ႏွစ္သားအရြယ္သို႔ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ ပူေဖာင္းေတြရဲ႕မတူညီတဲ့ပံုစံမ်ိဳးစံုကိုျမင္ေတြ႔ခဲ့ၿပီးေနာက္ ပူေဖာင္းေတြကိုအေတာ္ေလးစိတ္ဝင္စားလာခဲ့ကာ ကိုယ့္ကိုစၿပီးပူေဖာင္းေတြကိုမႈတ္ခဲ့ပါတယ္ ။ ေနာက္ပိုင္း အရည္အခ်င္းေတြတိုးတက္လာခဲ့ၿပီး Xu ဟာ အႏုပညာဆန္လြန္တဲ့လက္ရာေတြကို ပူေဖာင္းနဲ႔ျပဳလုပ္ျပႏိုင္ခဲ့ပါေတာ့တယ္ ။

Xu ရဲ႕အရည္အခ်င္းကို လူသိမ်ားလာခဲ့ခ်ိန္မွာေတာ့ ေဖ်ာ္ေျဖတင္ဆက္ေပးဖို႔ကမ္းလွမ္းမႈမ်ိဳးေတြ အေတာ္မ်ားမ်ားလက္ခံရ႐ွိခဲ့ပါတယ္ ။ ကိုယ့္ဘဝကို အျပည့္အဝေထာက္ပံ့ေပးႏိုင္ေလာက္တဲ့ ေငြေၾကးမ်ိဳးေတာ့မရ႐ွိခဲ့ေပမဲ့ ၊ ညီမျဖစ္သူအတြက္ ေက်ာင္းစရိတ္ကိုေထာက္ပံ့ေပးႏိုင္ခဲ့ပါတယ္ ။ထို႔အျပင္ Xu ဟာ သူ႔နည္းလမ္းနဲ႔သူ အျခားသူေတြကိုကူညီေထာက္ပံ့ေပးႏိုင္ဖို႔ ႀကိဳးစားေနသူလည္းျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source: asiaone

Unicode

‘ King of Balloons ‘ လို့လူသိများတဲ့ တရုတ်နိုင်ငံမှ အသက် 19 နှစ်အရွယ် Xu Wulong အမည်ရှိတဲ့ကောင်လေးဟာ ပူဖောင်းတွေကိုအသုံးပြုပြီး များစွာသောအနုပညာလက်ရာတွေကိုဖန်တီးပြသခဲ့ပါတယ် ။ ထို့အပြင် Xu က ” ကားတွေ ၊ ဝတ်စုံတွေနဲ့ တိရစ္ဆာန်မျိုးစုံရဲ့ရုပ်ပုံတွေကို ကျွန်တော်ပူဖောင်းနဲ့ ပြုလုပ်နိုင်ပါတယ် ၊ တစ်ရက်ကိုကျွန်တော်ပူဖောင်း အခု 10,000 လောက်အထိ မှုတ်နိုင်ပါတယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ Xu ဟာ 3နှစ်သားအရွယ်လောက်က ပိုလီယိုရောဂါကိုခံစားခဲ့ရပြီးနောက် ကိုမာအထိပါဖြစ်သွားခဲ့ပြီး 8ရက်လောက်မိသားစုဝင်တွေနဲ့ ဆရာဝန်တွေရဲ့ဂရုတစိုက်ပြုစုစောင့်ရှောက်မှုတွေကြောင့် ပြန်သက်သာလာခဲ့သူဖြစ်ပါတယ် ။

Xu 8နှစ်သားအရွယ်သို့ရောက်ရှိလာခဲ့ချိန်မှာတော့ ပူဖောင်းတွေရဲ့မတူညီတဲ့ပုံစံမျိုးစုံကိုမြင်တွေ့ခဲ့ပြီးနောက် ပူဖောင်းတွေကိုအတော်လေးစိတ်ဝင်စားလာခဲ့ကာ ကိုယ့်ကိုစပြီးပူဖောင်းတွေကိုမှုတ်ခဲ့ပါတယ် ။ နောက်ပိုင်း အရည်အချင်းတွေတိုးတက်လာခဲ့ပြီး Xu ဟာ အနုပညာဆန်လွန်တဲ့လက်ရာတွေကို ပူဖောင်းနဲ့ပြုလုပ်ပြနိုင်ခဲ့ပါတော့တယ် ။

Xu ရဲ့အရည်အချင်းကို လူသိများလာခဲ့ချိန်မှာတော့ ဖျော်ဖြေတင်ဆက်ပေးဖို့ကမ်းလှမ်းမှုမျိုးတွေ အတော်များများလက်ခံရရှိခဲ့ပါတယ် ။ ကိုယ့်ဘဝကို အပြည့်အဝထောက်ပံ့ပေးနိုင်လောက်တဲ့ ငွေကြေးမျိုးတော့မရရှိခဲ့ပေမဲ့ ၊ ညီမဖြစ်သူအတွက် ကျောင်းစရိတ်ကိုထောက်ပံ့ပေးနိုင်ခဲ့ပါတယ် ။ထို့အပြင် Xu ဟာ သူ့နည်းလမ်းနဲ့သူ အခြားသူတွေကိုကူညီထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားနေသူလည်းဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment