႐ွည္လ်ားလြန္းတဲ့ႏႈတ္သီး နဲ႔ ပိန္သြယ္သြယ္ခႏၶာကိုယ္ပံုစံေၾကာင့္ အေတာ္ေလးကို နာမည္ႀကီးေနတဲ့ ေခြးေလး

လူေတြတိုင္းမွာေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္မတူညီတဲ့ ကြဲထြက္ေနတဲ့ ပံုစံေတြ႐ွိၾကမွာပါပဲ ။ ဥပမာ ႏႈတ္ခမ္းထူတာ ၊ လည္ပင္း႐ွည္တာ ၊ မ်က္လံုးက အေတာ္ေလးျပဴ းၿပီး က်ယ္ေနတာ စသျဖင့္ေပါ့ ။ ဒီတစ္ေခါက္မွာလည္း Borzoi wolfhound ေခြးအမ်ိဳးအစားျဖစ္တဲ့ Eris အမည္႐ွိတဲ့ ေခြးကေလးရဲ႕ ႏႈတ္သီးဟာ 12.2 လက္မအထိ အ႐ွည္႐ွိလို႔အျခားေခြးေတြထက္ ထူးျခားေနတာပါ ။ ေခြးေလးရဲ႕ပိုင္႐ွင္ကေတာ့ ေခြးေလးရဲ႕ႏႈတ္သီးဟာ ကမာၻ့စံခ်ိန္တင္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ Richmond ၿမိဳ႕မွာေနထိုင္တဲ့ Lily နဲ႔ Savannah အမည္႐ွိတဲ့စံုတြဲက အဆိုပါေခြးေလးကို 2018 ခုႏွစ္က ေမြးစားခဲ့ၿပီး ေခြးေလးရဲ႕ႏႈတ္သီးဟာ ယခုေလာက္အထိ ႐ွည္သြားလိမ့္မယ္လို႔ ဘယ္သူကမွ မထင္ထားၾကပါဘူး ။

မၾကာေသးခင္ကမွ ေခြးေလးဟာ အသက္ 2ႏွစ္ျပည့္သြားခဲ့တာပါ ။ အဆိုပါစံုတြဲသတိမထားမိလိုက္ခ်ိန္မွာပဲ ေခြးေလး Eris ဟာ Instagram မွာ follower ေပါင္း 179k အထိ ရ႐ွိခဲ့ၿပီးျဖစ္ပါတယ္ ။

Borzois ေခြးအမ်ိဳးအစားေတြဟာ ႐ု႐ွားႏိုင္ငံမွာ 17 ရာစုကတည္းက ႐ွိခဲ့ၾကတာျဖစ္ၿပီး ၊ အမဲလိုက္ရာတြင္လည္း ျမန္လြန္းတဲ့အတြက္ အေတာ္ေလးကိုကြၽမ္းက်င္တဲ့ ေခြးေလးေတြျဖစ္ၾကပါတယ္ ။ ေခြးေလးေတြရဲ႕ ခႏၶာကိုယ္အေလးခ်ိန္မွာလည္း 100lb ဝန္းက်င္အထိ႐ွိတတ္ၾကပါတယ္ ။ ထို႔အျပင္ အဆိုပါေခြးအမ်ိဳးအစားေတြဟာ တိတ္တဆိတ္သာေနတတ္ေလ့႐ွိၿပီး မၾကာခဏေဟာင္တတ္တာမ်ိဳး မ႐ွိၾကပါဘူး ။ ဒါေၾကာင့္ အဆိုပါေခြးေတြဟာ Eris လိုႏႈတ္သီး႐ွည္တဲ့ ေခြးေလးေတြျဖစ္ေပမဲ့ Eris ရဲ႕ႏႈတ္သီးကေတာ့ အျခားေခြေတြထက္ပိုၿပီး႐ွည္တယ္လို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

လူတွေတိုင်းမှာတောင် တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ ကွဲထွက်နေတဲ့ ပုံစံတွေရှိကြမှာပါပဲ ။ ဥပမာ နှုတ်ခမ်းထူတာ ၊ လည်ပင်းရှည်တာ ၊ မျက်လုံးက အတော်လေးပြူ းပြီး ကျယ်နေတာ စသဖြင့်ပေါ့ ။ ဒီတစ်ခေါက်မှာလည်း Borzoi wolfhound ခွေးအမျိုးအစားဖြစ်တဲ့ Eris အမည်ရှိတဲ့ ခွေးကလေးရဲ့ နှုတ်သီးဟာ 12.2 လက်မအထိ အရှည်ရှိလို့အခြားခွေးတွေထက် ထူးခြားနေတာပါ ။ ခွေးလေးရဲ့ပိုင်ရှင်ကတော့ ခွေးလေးရဲ့နှုတ်သီးဟာ ကမ္ဘာ့စံချိန်တင်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။ Richmond မြို့မှာနေထိုင်တဲ့ Lily နဲ့ Savannah အမည်ရှိတဲ့စုံတွဲက အဆိုပါခွေးလေးကို 2018 ခုနှစ်က မွေးစားခဲ့ပြီး ခွေးလေးရဲ့နှုတ်သီးဟာ ယခုလောက်အထိ ရှည်သွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားကြပါဘူး ။

မကြာသေးခင်ကမှ ခွေးလေးဟာ အသက် 2နှစ်ပြည့်သွားခဲ့တာပါ ။ အဆိုပါစုံတွဲသတိမထားမိလိုက်ချိန်မှာပဲ ခွေးလေး Eris ဟာ Instagram မှာ follower ပေါင်း 179k အထိ ရရှိခဲ့ပြီးဖြစ်ပါတယ် ။

Borzois ခွေးအမျိုးအစားတွေဟာ ရုရှားနိုင်ငံမှာ 17 ရာစုကတည်းက ရှိခဲ့ကြတာဖြစ်ပြီး ၊ အမဲလိုက်ရာတွင်လည်း မြန်လွန်းတဲ့အတွက် အတော်လေးကိုကျွမ်းကျင်တဲ့ ခွေးလေးတွေဖြစ်ကြပါတယ် ။ ခွေးလေးတွေရဲ့ ခန္ဓာကိုယ်အလေးချိန်မှာလည်း 100lb ဝန်းကျင်အထိရှိတတ်ကြပါတယ် ။ ထို့အပြင် အဆိုပါခွေးအမျိုးအစားတွေဟာ တိတ်တဆိတ်သာနေတတ်လေ့ရှိပြီး မကြာခဏဟောင်တတ်တာမျိုး မရှိကြပါဘူး ။ ဒါကြောင့် အဆိုပါခွေးတွေဟာ Eris လိုနှုတ်သီးရှည်တဲ့ ခွေးလေးတွေဖြစ်ပေမဲ့ Eris ရဲ့နှုတ်သီးကတော့ အခြားခွေတွေထက်ပိုပြီးရှည်တယ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment