မိန်းမကစိတ်ကောက်ပြီး အိမ်ပေါ်ကဆင်းသွားလို့ 19လွှာကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့အမျိုးသား

မလေးရှားနိုင်ငံ ၊ Bukit Mertajam မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူစိတ်ကောက်ပြီး အိမ်ပေါ်ကနေဆင်းသွားခဲ့တဲ့အတွက် ကွန်ဒိုတိုက်တန်းရဲ့ 19လွှာကနေခုန်ချပြီးကိုယ့်ကိုအဆုံးစီရင်ခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ စက်တင်ဘာလ 4ရက်နေ့ ည 8:30 အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ၊ ကွန်ဒိုတိုက်ခန်းတွင်နေထိုင်သူတစ်ဦးက ဆိုင်ကယ်ရပ်နားထားတဲ့နေရာအနားမှာ ဦးခေါင်းခွံကွဲနေပြီး သေဆုံးနေတဲ့အဆိုပါ 46နှစ်အရွယ် အမျိုးသားကိုတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ် ။ ရဲအရာရှိတွေရဲ့ စုံစမ်းစစ်ဆေးမှုအရ အဆိုပါအမျိုးသားဟာ တိုက်ပေါ်မှမခုန်ချခင် ဇနီးဖြစ်သူနှင့်ရန်ဖြစ်စကားများခဲ့ကြောင်း သိရှိရပါတယ် ။မျက်မြင်သက်သေတစ်ဦး၏ ထွက်ဆိုချက်အရ ဇနီးသည်ဖြစ်သူဟာ သူတို့၏အသက် 12နှစ်အရွယ် ကလေးကိုခေါ်ပြီးအိမ်ပေါ်ကနေဆင်းသွားခဲ့တာဖြစ်ပြီး သူမထွက်သွားခဲ့ခြင်းက ခင်ပွန်းဖြစ်သူကို စိတ်ဖိစီးသောကရောက်စေခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

“ဇနီး နဲ့ ကလေးက အိမ်ပေါ်ကနေဆင်းသွားပြီး 6နာရီအကြာမှာ သူ့ရဲ့စိတ်ခံစားချက်ကိုမထိန်းနိုင်တော့ဘဲ တိုက်ခန်းရဲ့ပုတင်းပေါက်ကနေ ခုန်ချသွားခဲ့တာပါ ” ဆိုပြီးမျက်မြင်သက်သေတစ်ဦးကထွက်ဆိုသွားခဲ့ပါတယ် ။စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ဖို့ ၎င်းအမျိုးသား၏တိုက်ခန်းသို့သွားရောက်ခဲ့စဉ်မှာတော့ တိုက်ခန်းဟာတံခါးသော့ခတ်ထားခဲ့သည့်အတွက် တံခါးကိုဖျက်ပြီးတိုက်ခန်းတွင်းသို့ဝင်ခဲ့ရပါတယ် ။ တိုက်ခန်းကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက်မှာတော့ အခြားပြစ်မှုကျူးလွန်ခံခဲ့ရတဲ့ကိစ္စရပ်များကို မတွေ့ရှိခဲ့ကြောင်း ရဲအရာရှိများကကောက်ချက်ချခဲ့ကြပါတယ် ။

ထို့အပြင် နေအိမ်အတွင်းရှုပ်ပွခြင်းမျိုးမရှိဘဲ ပုတင်းပေါက်တံခါးကိုလည်း အကျယ်ကြီးဖွင့်ထားခဲ့တဲ့အတွက် ပုတင်းပေါက်ကနေခုန်ချပြီးကိုယ့်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများက ကောက်ချက်ချခဲ့ကြပါတယ် ။အခုချိန်မှာတော့ အဆိုပါပြစ်မှုကို ရုတ်တရက်လူသေမှုဖြင့် သတ်မှတ်ထားခဲ့ပြီး ၎င်းအမျိုးသား၏ရုပ်အလောင်းကိုတော့ အလောင်းခွဲစိတ် စစ်ဆေးမှုပြုလုပ်ရန်အတွက် ဆေးရုံသို့သယ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "မိန်းမကစိတ်ကောက်ပြီး အိမ်ပေါ်ကဆင်းသွားလို့ 19လွှာကနေခုန်ချပြီး ကိုယ့်ကိုအဆုံးစီရင်ခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*