လူတွေထိုင်စီးနေတဲ့ ကားတစ်စီးလုံးကို သွားဖြင့်ဆွဲပြခဲ့တဲ့ 81နှစ်အရွယ်အဘွားအို



Jasmine (Mckzone Daily)

Source: asiaone

Unicode

ကားတစ်စီးလုံးကို သွားဖြင့်သာဆွဲပြခဲ့တဲ့ အသက် 81 နှစ်အရွယ်အဘွားအိုကတော့ အံ့မခန်းလောက်အောင်ပါပဲ ။ Wang Xiaobei အမည်ရှိတဲ့အဘွားအိုဟာ 1934 ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ် ၊ Binzhou ကနေ Amazing Chinese အစီအစဉ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ် ။ အဆိုပါကားပေါ်မှာ သူမရဲ့သူငယ်ချင်း ၊ မြေးလေး နှင့် ဇနီးဖြစ်သူတို့ တက်စီးနေခဲ့တာဖြစ်ပါတယ် ။ သို့ပေမဲ့လည်း သူမဟာ 38 စက္ကန့်တည်းနဲ့ အဆိုပါကားကို သွားဖြင့်ဆွဲပြနိုင်ခဲ့တာပါ ။

အဘွားရဲ့ဖျော်ဖြေတင်ဆက်မှုကို လာရောက်ကြည့်ရှုတွေက အတော်လေးကိုအံ့သြကြပြီး လက်ခုတ်တီးချီးကျူ းခဲ့ကြပါတယ် ။ အဘွားအိုဟာ ကျန်းမာလွန်းတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်တဲ့အပြင် ၊ သူမကိုယ်သူမ လူငယ်တွေနဲ့အတူတူပဲ မကွဲပြားဘူးလို့ ယုံကြည်မှတ်ယူထားသူလည်းဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment