ေရာဂါခံစားေနရတဲ့ခ်စ္သူရဲ႕ဆံပင္ေတြကိုရိတ္ေပးေနရင္းမခံစားႏိုင္လို႔ မိမိရဲ႕ဆံပင္ေတြကိုပါအကုန္ရိတ္ထုတ္ပစ္ခဲ့တဲ့ အမ်ိဳးသား

မၾကာေသးခင္ကမွ TikTok မွာေဝမ်ွခဲ့တဲ့ video တစ္ခု လူအေတာ္အမ်ားရဲ႕ ရင္ကိုတုန္လႈပ္ေစခဲ့ၿပီး အခ်စ္စစ္ဆိုတဲ့အရာကို ခံစားမိေစခဲ့ပါတယ္ ။ Video ထဲမွာေတာ့ ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ႕ခ်စ္သူျဖစ္တဲ့ Eva Bari အမည္႐ွိတဲ့မိန္းကေလးရဲ႕ ဆံပင္ကိုအကုန္ရိတ္ပစ္ေနခဲ့တာပါ ။ Eva ဟာ ျပင္သစ္ဥပေဒေက်ာင္းသူတစ္ဦးျဖစ္ၿပီး alopecia အမည္႐ွိတဲ့ေရာဂါကိုခံစားေနရသူျဖစ္ၿပီး ၊ အဆိုပါေရာဂါအေျခအေနေၾကာင့္ ဆံပင္အေမႊးအမွင္မ်ားကြၽတ္၍ ထိပ္ေျပာင္ျခင္း ၊ ဆံပင္အေတာ္မ်ားမ်ား တစ္ခ်ိန္တည္းမွာဆံုး႐ႈံးလိုက္ရျခင္းစတဲ့ အျဖစ္ေတြနဲ႔ၾကံဳေတြ႔ေနရသူပါ ။ ဆံပင္ေတြ အနည္းငယ္ျပန္႐ွည္လာတိုင္း Eva ဟာ သူမရဲ႕ဆံပင္ေတြကို ပံုမွန္ရိတ္ေလ့႐ွိေပမဲ့ ဒီတစ္ေခါက္မွာေတာ့ သူမရဲ႕ခ်စ္သူေကာင္ေလးက သူမရဲ႕ဆံပင္ေတြကိုရိတ္ေပးခဲ့တာပါ ။

ဆံပင္ရိတ္ဖို႔ Eva ဟာခ်စ္သူကိုအကူအညီေတာင္းခဲ့ၿပီးေနာက္ TikTok video ပါ႐ိုက္ကူးထားခဲ့တာပါ ။ ” ဒီ 10 ႏွစ္ဝန္းက်င္အတြင္း လေပါင္းမ်ားစြာၾကာၿပီးဆံပင္႐ွည္လာၿပီးေနာက္ကြၽန္မရဲ႕ခ်စ္သူကို ဆံပင္ရိတ္ေပးဖို႔ ပထမဆံုးအကူအညီေတာင္းခံခဲ့တာပါပဲ ” ဆိုၿပီး ေရးသားထားခဲ့ပါတယ္ ။

ဆံပင္ရိတ္ေနတဲ့အခ်ိန္အတြင္း Eva ဟာ ဝမ္းနည္းတဲ့ပံုစံမ်ိဳးျဖစ္ေပၚေနေပမဲ့လည္း ၊ သူမကေတာ့ သတၱိ႐ွိ႐ွိနဲ႔ ဆံပင္အရိတ္ခံေနခဲ့တာပါ ။ သူမရဲ႕ဆံပင္ကိုရိတ္ေပးၿပီးတာနဲ႔ ခ်က္ခ်င္းပဲ ခ်စ္သူေကာင္ေလးဟာ သူ႔ရဲ႕ဆံပင္ကိုရိတ္ပစ္ခဲ့ပါေတာ့တယ္ ။ ႐ုတ္တရက္ခ်စ္သူရဲ႕အျပဳအမႈေၾကာင့္ Eva ဟာ ဝမ္းသာဝမ္းနည္းျဖစ္ခဲ့ရၿပီး ခ်က္ခ်င္းငိုေႂကြးသြားခဲ့ပါေတာ့တယ္ ။ ခ်စ္သူေကာင္ေလးရဲ႕ Eva အေပၚႏွစ္သိမ့္အားေပးမႈေတြဟာ video ၾကည့္႐ႈသူေတြတိုင္း ရင္ထဲတစ္စံုတစ္ခုခံစားသြားေစမိခဲ့ပါတယ္ ။ Video အဆံုးမွာေတာ့ ႏွစ္ေယာက္လံုး အနမ္းေတြ ၊ ေပြ႔ဖက္မႈေတြနဲ႔ အဆံုးသတ္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

မကြာသေးခင်ကမှ TikTok မှာဝေမျှခဲ့တဲ့ video တစ်ခု လူအတော်အများရဲ့ ရင်ကိုတုန်လှုပ်စေခဲ့ပြီး အချစ်စစ်ဆိုတဲ့အရာကို ခံစားမိစေခဲ့ပါတယ် ။ Video ထဲမှာတော့ ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူဖြစ်တဲ့ Eva Bari အမည်ရှိတဲ့မိန်းကလေးရဲ့ ဆံပင်ကိုအကုန်ရိတ်ပစ်နေခဲ့တာပါ ။ Eva ဟာ ပြင်သစ်ဥပဒေကျောင်းသူတစ်ဦးဖြစ်ပြီး alopecia အမည်ရှိတဲ့ရောဂါကိုခံစားနေရသူဖြစ်ပြီး ၊ အဆိုပါရောဂါအခြေအနေကြောင့် ဆံပင်အမွှေးအမှင်များကျွတ်၍ ထိပ်ပြောင်ခြင်း ၊ ဆံပင်အတော်များများ တစ်ချိန်တည်းမှာဆုံးရှုံးလိုက်ရခြင်းစတဲ့ အဖြစ်တွေနဲ့ကြုံတွေ့နေရသူပါ ။ ဆံပင်တွေ အနည်းငယ်ပြန်ရှည်လာတိုင်း Eva ဟာ သူမရဲ့ဆံပင်တွေကို ပုံမှန်ရိတ်လေ့ရှိပေမဲ့ ဒီတစ်ခေါက်မှာတော့ သူမရဲ့ချစ်သူကောင်လေးက သူမရဲ့ဆံပင်တွေကိုရိတ်ပေးခဲ့တာပါ ။

ဆံပင်ရိတ်ဖို့ Eva ဟာချစ်သူကိုအကူအညီတောင်းခဲ့ပြီးနောက် TikTok video ပါရိုက်ကူးထားခဲ့တာပါ ။ ” ဒီ 10 နှစ်ဝန်းကျင်အတွင်း လပေါင်းများစွာကြာပြီးဆံပင်ရှည်လာပြီးနောက်ကျွန်မရဲ့ချစ်သူကို ဆံပင်ရိတ်ပေးဖို့ ပထမဆုံးအကူအညီတောင်းခံခဲ့တာပါပဲ ” ဆိုပြီး ရေးသားထားခဲ့ပါတယ် ။

ဆံပင်ရိတ်နေတဲ့အချိန်အတွင်း Eva ဟာ ဝမ်းနည်းတဲ့ပုံစံမျိုးဖြစ်ပေါ်နေပေမဲ့လည်း ၊ သူမကတော့ သတ္တိရှိရှိနဲ့ ဆံပင်အရိတ်ခံနေခဲ့တာပါ ။ သူမရဲ့ဆံပင်ကိုရိတ်ပေးပြီးတာနဲ့ ချက်ချင်းပဲ ချစ်သူကောင်လေးဟာ သူ့ရဲ့ဆံပင်ကိုရိတ်ပစ်ခဲ့ပါတော့တယ် ။ ရုတ်တရက်ချစ်သူရဲ့အပြုအမှုကြောင့် Eva ဟာ ဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရပြီး ချက်ချင်းငိုကြွေးသွားခဲ့ပါတော့တယ် ။ ချစ်သူကောင်လေးရဲ့ Eva အပေါ်နှစ်သိမ့်အားပေးမှုတွေဟာ video ကြည့်ရှုသူတွေတိုင်း ရင်ထဲတစ်စုံတစ်ခုခံစားသွားစေမိခဲ့ပါတယ် ။ Video အဆုံးမှာတော့ နှစ်ယောက်လုံး အနမ်းတွေ ၊ ပွေ့ဖက်မှုတွေနဲ့ အဆုံးသတ်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment