နတ်ပြည်လို့ ထင်မှတ်ရလောက်တဲ့ မက်ဒီယာရာကျွန်းစုရဲ့ ထူးခြားအံ့ဖွယ်ကောင်းလွန်းတဲ့နေရာများ



1

2

3

4

5

6

7

8

9

10

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ဒီဓာတ်ပုံတွေကိုတော့ အသက် 36 နှစ်အရွယ် Alex အမည်ရှိတဲ့ ဓာတ်ပုံဆရာက ရိုက်ကူးထားခဲ့တာဖြစ်ပါတယ် ။ Alex ဟာ အစ်မဖြစ်သူရှိနေတဲ့ မက်ဒီယာရာကျွန်းစုဆီသို့ ရက်တိုခရီးအလည်ထွက်လာခဲ့ရင်း မျက်လှည့်တွေနဲ့ဖန်တီးထားသလို ထူးခြားပြီးဆွဲဆောင်မှုရှိလှတဲ့အဆိုပါနေရာတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ် ။ ကျွန်တော် မှတ်မိနေသေးတယ် ကျွန်တော် Pico do Arieiro တောင်ထိပ်ပေါ်ရောက်ပြီး တောင်တော်လေးနက်တဲ့ချောက်ကမ်းပါးအောက်ကိုငုံ့ကြည့်လိုက်တဲ့အချိန်မှာ နေရာတိုင်းတိမ်တွေနဲ့ပြည့်နက်နေခဲ့တာပါ ။ အတော်လေး ပျော်တယ်လို့ခံစားလိုက်ရတယ် ။ ကျွန်တော်အကြိုက်ဆုံးနောက်ထပ်နေရာတစ်ခုကတော့ magic tree wood ဆိုတဲ့နေရာလေးပါပဲ ။ အဲ့က သစ်ပင်တွေကြီးထွားလာတဲ့ပုံစံမျိုးကို ကျွန်တော်တောင်မရှင်းပြနိုင်ပါဘူး ။ အဲ့မှာ ကျွန်တော့်ရဲ့အကောင်းဆုံးသောဓာတ်ပုံတွေကို ရိုက်ယူခဲ့ပါတယ် ဆိုပြီး Alex ကပြောပြခဲ့ပါတယ် ။

မက်ဒီယာရာဟာ ကျွန်စုလေးတစ်ခုဖြစ်ပြီး အတ္တလန်တိတ်သမုဒ္ဒရာရဲ့မြောက်ဖက်ခြမ်းမှာ တည်ရှိပြီး ပေါ်တူဂီနိုင်ငံရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှစ်ခုထဲကမှ တစ်ခုဖြစ်ပါတယ် ။ အဆိုပါကျွန်းစုမှာ လူဦးရေ 289,000 ခန့်သာတည်ရှိပြီး လှပတဲ့သဘာဝရှုခင်းတွေကြောင့် ခရီးသွားတွေအမြဲပြည့်နှက်နေတဲ့နေရာလေးလည်း ဖြစ်ပါတယ် ။

11

12

13

14

15

16

17

18

19

20

Jasmine (Mckzone Daily)

  • Leave a Comment