ပထမဆံုးသားဦးေလးကို တ႐ုတ္နာမည္ မွည့္ေခၚခဲ့တဲ့ ဇမ္ဘီယာႏိုင္ငံကစံုတြဲ

ဇမ္ဘီယာႏိုင္ငံ ၊ လြတ္စကာၿမိဳ႕မွာ ေနထိုင္လ်က္႐ွိတဲ့စံုတြဲဟာ မၾကာေသးခင္က၎တို႔ရဲ႕သားဦးရတနာေလးကိုေမြးဖြားခဲ့ပါတယ္ ။ Fabio Phiri အမည္႐ွိတဲ့ခင္ပြန္းျဖစ္သူက တကၠစီေမာင္းသမားျဖစ္ၿပီး ၊ ဇနီးျဖစ္သူ Priscilla Phiri မွာေတာ့ တ႐ုတ္အင္ဂ်င္နီယာႏွင့္ေဆာက္လုပ္ေရးလုပ္ငန္းကုမၸဏီမွာ သန္႔႐ွင္းေရးဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနသူျဖစ္ပါတယ္ ။ 6လသားအရြယ္႐ွိေနၿပီျဖစ္တဲ့ သားငယ္ေလးရဲ႕နာမည္ကို ဖခင္ျဖစ္သူကိုယ္တိုင္က Fabio Ji Wu Phiti ဆိုၿပီးအမည္ေပးခဲ့ပါတယ္ ။ Ji Wu ဆိုတဲ့ တ႐ုတ္နာမည္ဟာ ဇနီးရဲ႕သူေ႒းျဖစ္သူ တ႐ုတ္အင္ဂ်င္နီယာရဲ႕နာမည္ျဖစ္ၿပီး ၊ ဇနီးျဖစ္သူကိုယ္ဝန္ေဆာင္ေနစဥ္အခ်ိန္က ၎တို႔မိသားစုကို အဆိုပါသူေ႒းကအျမဲကူညီေထာက္ပံ့ေပးခဲ့တာျဖစ္ၿပီး ၊ ဇမ္ဘီယာႏိုင္ငံကေန တ႐ုတ္ႏိုင္ငံသို႔ျပန္သြားခဲ့ၿပီးတဲ့အခ်ိန္ထိေတာင္ တတ္ႏိုင္သေလာက္ ၎တို႔ရဲ႕မိသားစုကိုထပ္ၿပီးေထာက္ပံ့ေပးခဲ့တဲ့အတြက္ ေက်းဇူးကိုသိတတ္နားလည္တဲ့သေဘာအေနနဲ႔ သူေ႒းရဲ႕နာမည္ကိုယူၿပီး သားေလးကိုမွည့္ေခၚခဲ့တာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ဇနီးျဖစ္သူကလည္း က်န္းမာသန္စြမ္းတဲ့သားငယ္ေလးကိုေမြးဖြားႏိုင္ခဲ့တဲ့အတြက္ ” သားေလးကိုပိုင္ဆိုင္ခြင့္ရတဲ့အတြက္ အရမ္းေပ်ာ္တယ္ ၊ သားေလးကိုအရမ္းခ်စ္ပါတယ္ ၊ သားေလးကို ကြၽန္မတို႔ဆီေပးခဲ့တဲ့ ဘုရားသခင္ကိုလည္း ေက်းဇူးတင္တယ္ ” ဆိုၿပီးေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: zambiareports

Unicode

ဇမ်ဘီယာနိုင်ငံ ၊ လွတ်စကာမြို့မှာ နေထိုင်လျက်ရှိတဲ့စုံတွဲဟာ မကြာသေးခင်က၎င်းတို့ရဲ့သားဦးရတနာလေးကိုမွေးဖွားခဲ့ပါတယ် ။ Fabio Phiri အမည်ရှိတဲ့ခင်ပွန်းဖြစ်သူက တက္ကစီမောင်းသမားဖြစ်ပြီး ၊ ဇနီးဖြစ်သူ Priscilla Phiri မှာတော့ တရုတ်အင်ဂျင်နီယာနှင့်ဆောက်လုပ်ရေးလုပ်ငန်းကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ် ။ 6လသားအရွယ်ရှိနေပြီဖြစ်တဲ့ သားငယ်လေးရဲ့နာမည်ကို ဖခင်ဖြစ်သူကိုယ်တိုင်က Fabio Ji Wu Phiti ဆိုပြီးအမည်ပေးခဲ့ပါတယ် ။ Ji Wu ဆိုတဲ့ တရုတ်နာမည်ဟာ ဇနီးရဲ့သူဋ္ဌေးဖြစ်သူ တရုတ်အင်ဂျင်နီယာရဲ့နာမည်ဖြစ်ပြီး ၊ ဇနီးဖြစ်သူကိုယ်ဝန်ဆောင်နေစဉ်အချိန်က ၎င်းတို့မိသားစုကို အဆိုပါသူဋ္ဌေးကအမြဲကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ၊ ဇမ်ဘီယာနိုင်ငံကနေ တရုတ်နိုင်ငံသို့ပြန်သွားခဲ့ပြီးတဲ့အချိန်ထိတောင် တတ်နိုင်သလောက် ၎င်းတို့ရဲ့မိသားစုကိုထပ်ပြီးထောက်ပံ့ပေးခဲ့တဲ့အတွက် ကျေးဇူးကိုသိတတ်နားလည်တဲ့သဘောအနေနဲ့ သူဋ္ဌေးရဲ့နာမည်ကိုယူပြီး သားလေးကိုမှည့်ခေါ်ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

ဇနီးဖြစ်သူကလည်း ကျန်းမာသန်စွမ်းတဲ့သားငယ်လေးကိုမွေးဖွားနိုင်ခဲ့တဲ့အတွက် ” သားလေးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက် အရမ်းပျော်တယ် ၊ သားလေးကိုအရမ်းချစ်ပါတယ် ၊ သားလေးကို ကျွန်မတို့ဆီပေးခဲ့တဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်တယ် ” ဆိုပြီးပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment