သမီးေလးရဲ႕ 4ႏွစ္ျပည့္ေမြးေန႔မွာ စက္ဘီးတစ္စီးနဲ႔ 71 ရက္ခရီး႐ွည္အတူထြက္ခဲ့ၾကၿပီးအမွတ္တရဖန္တီးေပးနိုင္ခဲ့တဲ့ ဖခင္(႐ုပ္သံ)

Dou Haobei အမည္႐ွိတဲ့ တ႐ုတ္ႏိုင္ငံ Dongguan ၿမိဳ႕က single father တစ္ဦးဟာ သူ႔ရဲ႕သမီး 4ႏွစ္ျပည့္ေမြးေန႔မွာ စက္ဘီးတစ္စီးနဲ႔ သမီးေလးကို 71 ရက္ၾကာတဲ့ခရီး႐ွည္ေခၚထြက္ခဲ့ပါတယ္ ။ အသက္ 26ႏွစ္အရြယ္႐ွိၿပီျဖစ္တဲ့ Haobei ဟာ 2019 ခုႏွစ္မွာဇနီးျဖစ္သူနဲ႔ တရားဝင္ကြာ႐ွင္းခဲ့တာပါ ။ၿပီးခဲ့တဲ့ April 2 ရက္ေန႔က ေမြးရပ္ေျမျဖစ္တဲ့ တိဘတ္႐ွိ Lhasa ၿမိဳ႕သို႔ခရီးႏွင္ဖို႔ဆံုးျဖတ္ခဲ့တာပါ ။ ခရီးတစ္ေလ်ွာက္လွပလြန္းတဲ့ ေတာင္တန္းေတြ ၊ သစ္ေတာေတြနဲ႔ ေရကန္ႀကီးေတြကို သမီးျဖစ္သူနဲ႔အတူျဖတ္သန္းသြားခဲ့ၾကပါတယ္ ။ ” ကြၽန္ေတာ္က စက္ဘီးနဲ႔ခရီးသြားရတာကိုႀကိဳက္တယ္ ၊ ပိုၿပီးအဓိပၸါယ္႐ွိတယ္လို႔ ထင္တယ္ ၊ လက္႐ွိဘဝမွာ အခ်ိဳ႕အရာေတြကျဖတ္ေက်ာ္သြားဖို႔ခက္ခဲတယ္လို႔ ထင္ေနလိုက္မယ္ ဒါေပမဲ့ တစ္ဆင့္ၿပီးတစ္ဆင့္အ႐ႈံးမေပးပဲ ဆက္ေလ်ွာက္သြားမယ္ဆိုရင္ ကိုယ့္ရဲ႕ဦးတည္ရာပန္းတိုင္ကို ေရာက္မွာပါ ” ဆိုၿပီး Haobei ကေျပာျပခဲ့ပါတယ္ ။

တစ္ရက္ကို 8-9 နာရီခန္႔ခရီးႏွင္ခဲ့ၾကၿပီး တစ္ခါတစ္ေလညဖက္ေတြပါ ခရီးဆက္ခဲ့ၾကတာပါ ။ မိုးေတြ ၊ ႏွင္းေတြ က်ေနခဲ့ေပမဲ့ သားအဖႏွစ္ေယာက္ရဲ႕ ခရီးစဥ္ကိုေတာ့ မရပ္တန္႔ႏိုင္ခဲ့ပါဘူး ။ ” ကြၽန္ေတာ္တို႔ Erhai ေရကန္ႀကီးကိုေရာက္ေတာ့ ေကာင္းကင္မွာ ၾကယ္ေတြအမ်ားႀကီးပဲ ၊ ကြၽန္ေတာ္က စက္ဘီးဆက္နင္းေနခဲ့ၿပီး သမီးေလးကေတာ့ ‘twinkle,twinkle,little star’ ဆိုတဲ့ သီခ်င္ကိုဆိုေနခဲ့တာပါ၊ ကြၽန္ေတာ္တို႔ခရီးရဲ႕ အေပ်ာ္ဆံုးအခ်ိန္ပါပဲ ” ဆိုၿပီး Haobai ကိုေျပာျပခဲ့ပါတယ္ ။

“သမီးေလးက မပင္ပန္းပါဘူး သူက လူစီးတြဲေလးထဲမွာထိုင္ၿပီး လိုက္ပါလာခဲ့တာပါ ၊ သမီးေလးနဲ႔အတူ အခ်ိန္ကုန္ဆံုးရတာအေတာ္ေလးေပ်ာ္ပါတယ္ ၊ သူ႔ရဲ႕ကေလးဘဝကို ေက်ာင္းစာအုပ္ေတြ ၊ သ႐ုပ္ေဖာ္ပံုျပင္စာအုပ္ေတြနဲ႔ပဲ မကုန္ဆံုးေစခ်င္ပါဘူး ၊ အခုေခတ္ၿမိဳ႕ေပၚမွာေနၾကတဲ့ကေလးေတြက ၾကယ္ေတြသိပ္မေတြ႔ဖူးၾကေတာ့ပါဘူး ၊ ကြၽန္ေတာ္သမီးေလးကို ေက်းလက္ေဒသဖက္ကိုေခၚသြားခဲ့ရင္ စာအုပ္ထဲမွာတင္မဟုတ္ဘဲ အျပင္ဖက္မွာလည္း ၾကယ္ေတြ ၊ ႏွင္းေတာင္ေတြ ၊ အျပာေရာင္ေကာင္းကင္ေတြနဲ႔ အျဖဴေရာင္တိမ္တိုက္ေတြကို သူမမ်က္စိနဲ႔ကိုယ္တိုင္ျမင္ေတြ႔ေစခ်င္လို႔ပါပဲ ၊ ေနာက္တစ္ေခါက္က် ခရီး႐ွည္မသြားျဖစ္ရင္ေတာင္ သမီးေလးနဲ႔အတူ အျမဲရက္တိုခရီးေတြအတူထြက္ခ်င္ပါေသးတယ္ ၊ သမီးေလးႏွင္းေတြျမင္ႏိုင္ေအာင္ ေျမာက္ဖက္ပိုင္းကိုေခၚသြားခ်င္ပါေသးတယ္ ” ဆိုၿပီး ဖခင္ျဖစ္သူက သမီးအေပၚထားတဲ့သူ႔ရဲ႕စိတ္ရင္းသေဘာထားကို ႐ွင္းျပခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

Dou Haobei အမည်ရှိတဲ့ တရုတ်နိုင်ငံ Dongguan မြို့က single father တစ်ဦးဟာ သူ့ရဲ့သမီး 4နှစ်ပြည့်မွေးနေ့မှာ စက်ဘီးတစ်စီးနဲ့ သမီးလေးကို 71 ရက်ကြာတဲ့ခရီးရှည်ခေါ်ထွက်ခဲ့ပါတယ် ။ အသက် 26နှစ်အရွယ်ရှိပြီဖြစ်တဲ့ Haobei ဟာ 2019 ခုနှစ်မှာဇနီးဖြစ်သူနဲ့ တရားဝင်ကွာရှင်းခဲ့တာပါ ။ပြီးခဲ့တဲ့ April 2 ရက်နေ့က မွေးရပ်မြေဖြစ်တဲ့ တိဘတ်ရှိ Lhasa မြို့သို့ခရီးနှင်ဖို့ဆုံးဖြတ်ခဲ့တာပါ ။ ခရီးတစ်လျှောက်လှပလွန်းတဲ့ တောင်တန်းတွေ ၊ သစ်တောတွေနဲ့ ရေကန်ကြီးတွေကို သမီးဖြစ်သူနဲ့အတူဖြတ်သန်းသွားခဲ့ကြပါတယ် ။ ” ကျွန်တော်က စက်ဘီးနဲ့ခရီးသွားရတာကိုကြိုက်တယ် ၊ ပိုပြီးအဓိပ္ပါယ်ရှိတယ်လို့ ထင်တယ် ၊ လက်ရှိဘဝမှာ အချို့အရာတွေကဖြတ်ကျော်သွားဖို့ခက်ခဲတယ်လို့ ထင်နေလိုက်မယ် ဒါပေမဲ့ တစ်ဆင့်ပြီးတစ်ဆင့်အရှုံးမပေးပဲ ဆက်လျှောက်သွားမယ်ဆိုရင် ကိုယ့်ရဲ့ဦးတည်ရာပန်းတိုင်ကို ရောက်မှာပါ ” ဆိုပြီး Haobei ကပြောပြခဲ့ပါတယ် ။

တစ်ရက်ကို 8-9 နာရီခန့်ခရီးနှင်ခဲ့ကြပြီး တစ်ခါတစ်လေညဖက်တွေပါ ခရီးဆက်ခဲ့ကြတာပါ ။ မိုးတွေ ၊ နှင်းတွေ ကျနေခဲ့ပေမဲ့ သားအဖနှစ်ယောက်ရဲ့ ခရီးစဉ်ကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး ။ ” ကျွန်တော်တို့ Erhai ရေကန်ကြီးကိုရောက်တော့ ကောင်းကင်မှာ ကြယ်တွေအများကြီးပဲ ၊ ကျွန်တော်က စက်ဘီးဆက်နင်းနေခဲ့ပြီး သမီးလေးကတော့ ‘twinkle,twinkle,little star’ ဆိုတဲ့ သီချင်ကိုဆိုနေခဲ့တာပါ၊ ကျွန်တော်တို့ခရီးရဲ့ အပျော်ဆုံးအချိန်ပါပဲ ” ဆိုပြီး Haobai ကိုပြောပြခဲ့ပါတယ် ။

“သမီးလေးက မပင်ပန်းပါဘူး သူက လူစီးတွဲလေးထဲမှာထိုင်ပြီး လိုက်ပါလာခဲ့တာပါ ၊ သမီးလေးနဲ့အတူ အချိန်ကုန်ဆုံးရတာအတော်လေးပျော်ပါတယ် ၊ သူ့ရဲ့ကလေးဘဝကို ကျောင်းစာအုပ်တွေ ၊ သရုပ်ဖော်ပုံပြင်စာအုပ်တွေနဲ့ပဲ မကုန်ဆုံးစေချင်ပါဘူး ၊ အခုခေတ်မြို့ပေါ်မှာနေကြတဲ့ကလေးတွေက ကြယ်တွေသိပ်မတွေ့ဖူးကြတော့ပါဘူး ၊ ကျွန်တော်သမီးလေးကို ကျေးလက်ဒေသဖက်ကိုခေါ်သွားခဲ့ရင် စာအုပ်ထဲမှာတင်မဟုတ်ဘဲ အပြင်ဖက်မှာလည်း ကြယ်တွေ ၊ နှင်းတောင်တွေ ၊ အပြာရောင်ကောင်းကင်တွေနဲ့ အဖြူရောင်တိမ်တိုက်တွေကို သူမမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့စေချင်လို့ပါပဲ ၊ နောက်တစ်ခေါက်ကျ ခရီးရှည်မသွားဖြစ်ရင်တောင် သမီးလေးနဲ့အတူ အမြဲရက်တိုခရီးတွေအတူထွက်ချင်ပါသေးတယ် ၊ သမီးလေးနှင်းတွေမြင်နိုင်အောင် မြောက်ဖက်ပိုင်းကိုခေါ်သွားချင်ပါသေးတယ် ” ဆိုပြီး ဖခင်ဖြစ်သူက သမီးအပေါ်ထားတဲ့သူ့ရဲ့စိတ်ရင်းသဘောထားကို ရှင်းပြခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment