5ႏွစ္သားအရြယ္သာ႐ွိေသးေပမဲ့ ေျမေကာ္စက္ႀကီးေတြကို ကြၽမ္းက်င္ပိုင္ႏိုင္စြာေမာင္းႏွင္ေနၿပီျဖစ္တဲ့ ကေလးငယ္(႐ုပ္သံ)

ေဆာက္လုပ္ေရးဧရိယာေတြမွာ 5ႏွစ္သားအရြယ္ေလးကေျမေကာ္စက္ႀကီးေတြကိုေမာင္ႏွင္းေနတာဟာ အသက္အရြယ္အရအေတာ္ေလးကိုငယ္ရြယ္လြန္းလွပါတယ္ ။ တ႐ုတ္ႏိုင္ငံ ၊ ဝူဟန္ၿမိဳ႕မွာေနထိုင္တဲ့ Wang Shuhan အမည္႐ွိတဲ့ 5ႏွစ္သားအရြယ္ေကာင္ေလးမွာေတာ့ ေဆာက္လုပ္ေရးဧရိယာေတြမွာ တစ္ကယ့္ဆရာတစ္ေယာက္လို ေျမေကာ္စက္ႀကီးေတြကိုေမာင္းႏွင္ေနပါၿပီ ။ Wang Xuebing အမည္႐ွိတဲ့ဖခင္ျဖစ္သူက သားငယ္ေလးတည္တည္ၿငိမ္ၿငိမ္နဲ႔ကားေမာင္းႏွင္ေနတာကို video ႐ိုက္ကူးေပးခဲ့တာပါ ။ ဖခင္ျဖစ္သူက သားငယ္ေလးကိုအလုပ္ဆီသို႔အျမဲေခၚလာေလ့႐ွိၿပီးေနာက္ပိုင္း သားငယ္ေလးဟာ ဖခင္ျဖစ္သူေမာင္းႏွင္ေနတဲ့ေျမေကာ္စက္ႀကီးကိုအေတာ္ေလး စိတ္ဝင္စားလာခဲ့ပါေတာ့တယ္ ။ “တစ္ခါတစ္ေလ ကြၽန္ေတာ္သူ႔ကိုဂီယာနဲ႔ပက္သက္ၿပီး လုပ္ေဆာင္ခ်က္ေတြကို အပိုင္းအကန္႔ေလးေတြနဲ႔ခြဲၿပီး႐ွင္းျပေပးခဲ့ပါတယ္ ၊ ၿပီးေတာ့ သူ 3ႏွစ္သားအရြယ္မွာပဲ စမ္းေမာင္းၾကည့္ဖို႔ကြၽန္ေတာ့္ကိုေတာင္းဆိုခဲ့ပါတယ္ ၊ အံ့ၾသေလာက္ေအာင္ပဲ သူေအာင္ျမင္စြာေမာင္းႏိုင္ခဲ့တယ္ ” ဆိုၿပီး ဖခင္ျဖစ္သူက သားေလးရဲ႕ကြၽမ္းက်င္တတ္ေျမာက္လြယ္ပံုကို ေျပာျပခဲ့ပါတယ္ ။

သားငယ္ေလးဟာ အခုအခ်ိန္မွာေျမေကာ္စက္ႀကီးေတြကို အ႐ုပ္ႀကီးေတြလို႔ျမင္ေနခဲ့ၿပီး ၊ မၾကာခဏေမာင္းႏွင္ခြင့္ေပးဖို႔ ဖခင္ျဖစ္သူကိုပူဆာလ်က္႐ွိပါတယ္ ။ သို႔ေပမဲ့လည္း လံုျခံဳစိတ္ခ်ရေအာင္ သားငယ္ေလးေျမေကာ္စက္ႀကီးေတြေမာင္းႏွင္တဲ့အခ်ိန္တိုင္း ဖခင္ျဖစ္သူမွာေတာ့ မ်က္စိေတာက္ေထာက္ေစာင့္ၾကည့္ေနရေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: DailyMail

Unicode

ဆောက်လုပ်ရေးဧရိယာတွေမှာ 5နှစ်သားအရွယ်လေးကမြေကော်စက်ကြီးတွေကိုမောင်နှင်းနေတာဟာ အသက်အရွယ်အရအတော်လေးကိုငယ်ရွယ်လွန်းလှပါတယ် ။ တရုတ်နိုင်ငံ ၊ ဝူဟန်မြို့မှာနေထိုင်တဲ့ Wang Shuhan အမည်ရှိတဲ့ 5နှစ်သားအရွယ်ကောင်လေးမှာတော့ ဆောက်လုပ်ရေးဧရိယာတွေမှာ တစ်ကယ့်ဆရာတစ်ယောက်လို မြေကော်စက်ကြီးတွေကိုမောင်းနှင်နေပါပြီ ။ Wang Xuebing အမည်ရှိတဲ့ဖခင်ဖြစ်သူက သားငယ်လေးတည်တည်ငြိမ်ငြိမ်နဲ့ကားမောင်းနှင်နေတာကို video ရိုက်ကူးပေးခဲ့တာပါ ။ ဖခင်ဖြစ်သူက သားငယ်လေးကိုအလုပ်ဆီသို့အမြဲခေါ်လာလေ့ရှိပြီးနောက်ပိုင်း သားငယ်လေးဟာ ဖခင်ဖြစ်သူမောင်းနှင်နေတဲ့မြေကော်စက်ကြီးကိုအတော်လေး စိတ်ဝင်စားလာခဲ့ပါတော့တယ် ။ “တစ်ခါတစ်လေ ကျွန်တော်သူ့ကိုဂီယာနဲ့ပက်သက်ပြီး လုပ်ဆောင်ချက်တွေကို အပိုင်းအကန့်လေးတွေနဲ့ခွဲပြီးရှင်းပြပေးခဲ့ပါတယ် ၊ ပြီးတော့ သူ 3နှစ်သားအရွယ်မှာပဲ စမ်းမောင်းကြည့်ဖို့ကျွန်တော့်ကိုတောင်းဆိုခဲ့ပါတယ် ၊ အံ့သြလောက်အောင်ပဲ သူအောင်မြင်စွာမောင်းနိုင်ခဲ့တယ် ” ဆိုပြီး ဖခင်ဖြစ်သူက သားလေးရဲ့ကျွမ်းကျင်တတ်မြောက်လွယ်ပုံကို ပြောပြခဲ့ပါတယ် ။

သားငယ်လေးဟာ အခုအချိန်မှာမြေကော်စက်ကြီးတွေကို အရုပ်ကြီးတွေလို့မြင်နေခဲ့ပြီး ၊ မကြာခဏမောင်းနှင်ခွင့်ပေးဖို့ ဖခင်ဖြစ်သူကိုပူဆာလျက်ရှိပါတယ် ။ သို့ပေမဲ့လည်း လုံခြုံစိတ်ချရအောင် သားငယ်လေးမြေကော်စက်ကြီးတွေမောင်းနှင်တဲ့အချိန်တိုင်း ဖခင်ဖြစ်သူမှာတော့ မျက်စိတောက်ထောက်စောင့်ကြည့်နေရကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment