ဓာတ္ပံု႐ိုက္ခ်င္ေဇာနဲ႔ ျပတိုက္ကေ႐ွ႕ေဟာင္း႐ုပ္တုႀကီးကိုဖ်က္ဆီးပစ္ခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

ေ႐ွ႕ေဟာင္းျပတိုက္ေတြမွာဆိုရင္ အဖိုးထိုက္တန္လြန္းလွတဲ့ေ႐ွးေဟာင္းအႏုပညာပစၥည္းေတြကို မထိရ ၊ မကိုင္ရ ဆိုၿပီး တားျမစ္ထားေပမဲ့ အခ်ိဳ႕ေသာသူေတြကေတာ့ အဆိုပါစည္းကမ္းခ်က္ေတြကို မလိုက္နာၾကပါဘူး ။ ဒီတစ္ေခါက္မွာလည္း အီတလီႏိုင္ငံမွာ႐ွိတဲ့ Gypsotheca Antonio Canova ျပတိုက္ႀကီးမွ ႏွစ္ေပါင္း 200ေက်ာ္ သက္တမ္း႐ွိေနၿပီျဖစ္တဲ့႐ုပ္တုႀကီးရဲ႕ ေျခေခ်ာင္းေတြဟာ ျသစေၾတးလ်ႏိုင္ငံကေန လာေရာက္လည္ပတ္တဲ့ အသက္ 50 အရြယ္အမ်ိဳးသားရဲ႕ အျပဳအမႈေတြေၾကာင့္ ပ်က္ဆီးသြားခဲ့တာကို CCTV မွတ္တမ္းကေန႐ိုက္ယူထားႏိုင္ခဲ့ပါတယ္ ။ ႐ုပ္တုႀကီးကို Antonio Canova အမည္႐ွိတဲ့ နာမည္ႀကီးပန္းပုဆရာရဲ႕ Paolina Borghese Bonaparte as Venus Victrix ႐ုပ္တုေတြျဖစ္ပါတယ္ ။ ျဖစ္စဥ္ကေတာ့ အဆိုပါအမ်ိဳးသားက ႐ုပ္တုအေပၚလဲေလွာင္ၿပီး ပံုထြက္လွတဲ့ဓာတ္ပံုမ်ိဳးရေအာင္ pose ေပးရင္းနဲ႔ ႐ုပ္တုရဲ႕ေျခေခ်ာင္းေတြကို ဖ်က္ဆီးပစ္ခဲ့မိတာျဖစ္ပါတယ္ ။

အဆိုပါ CCTV မွတ္တမ္း video ကို social media ေပၚမွာေဝမ်ွခဲ့ၿပီးေနာက္ ၾကည့္႐ႈသူအေျမာက္အမ်ားရ႐ွိခဲ့ပါတယ္ ။ အဆိုပါအမ်ိဳးသားႀကီးက ႐ုပ္တုရဲ႕ေျခေခ်ာင္းေလးေတြကိုဖ်က္ဆီးပစ္ခဲ့တာသိသိရက္နဲ႔ ဘားမွမျဖစ္သလိုဂ႐ုမစိုက္ဘဲ ထထြက္သြားခဲ့တာပါ ။သို႔ေပမဲ့လည္း Covid -19 ေရာဂါေၾကာင့္ ျပတိုက္သို႔လာေရာက္လည္ပတ္သူမ်ားဟာ ကိုယ္ေရးကိုယ္တာအခ်က္အလက္အေသးစိတ္ကိုျပတိုက္သို႔မဝင္ခင္ ဝန္ထမ္းမ်ားအားေပးပို႔ထားရတဲ့အတြက္ အဆိုပါအမ်ိဳးသားကို တာဝန္႐ွိသူမ်ားက စစ္ေဆးေမးျမန္းသို႔အလြယ္တကူေခၚယူႏိုင္ခဲ့ပါတယ္ ။

ေနာက္ဆံုးမွာေတာ့ အဆိုပါအမ်ိဳးသားဟာ သူ႔ရဲ႕အျပစ္အတြက္ဝန္ခ်ေတာင္းပန္ခဲ့တဲ့အျပင္ ၊ ႐ုပ္တုကိုနဂိုအတိုင္းျပန္လည္ျပဳျပင္ဖို႔အတြက္ ေလ်ာ္ေၾကးေငြေပးေဆာင္မည္ျဖစ္ေၾကာင္း ျပန္လည္ေတာင္းဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ရှေ့ဟောင်းပြတိုက်တွေမှာဆိုရင် အဖိုးထိုက်တန်လွန်းလှတဲ့ရှေးဟောင်းအနုပညာပစ္စည်းတွေကို မထိရ ၊ မကိုင်ရ ဆိုပြီး တားမြစ်ထားပေမဲ့ အချို့သောသူတွေကတော့ အဆိုပါစည်းကမ်းချက်တွေကို မလိုက်နာကြပါဘူး ။ ဒီတစ်ခေါက်မှာလည်း အီတလီနိုင်ငံမှာရှိတဲ့ Gypsotheca Antonio Canova ပြတိုက်ကြီးမှ နှစ်ပေါင်း 200ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ရုပ်တုကြီးရဲ့ ခြေချောင်းတွေဟာ သြစတြေးလျနိုင်ငံကနေ လာရောက်လည်ပတ်တဲ့ အသက် 50 အရွယ်အမျိုးသားရဲ့ အပြုအမှုတွေကြောင့် ပျက်ဆီးသွားခဲ့တာကို CCTV မှတ်တမ်းကနေရိုက်ယူထားနိုင်ခဲ့ပါတယ် ။ ရုပ်တုကြီးကို Antonio Canova အမည်ရှိတဲ့ နာမည်ကြီးပန်းပုဆရာရဲ့ Paolina Borghese Bonaparte as Venus Victrix ရုပ်တုတွေဖြစ်ပါတယ် ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားက ရုပ်တုအပေါ်လဲလှောင်ပြီး ပုံထွက်လှတဲ့ဓာတ်ပုံမျိုးရအောင် pose ပေးရင်းနဲ့ ရုပ်တုရဲ့ခြေချောင်းတွေကို ဖျက်ဆီးပစ်ခဲ့မိတာဖြစ်ပါတယ် ။

အဆိုပါ CCTV မှတ်တမ်း video ကို social media ပေါ်မှာဝေမျှခဲ့ပြီးနောက် ကြည့်ရှုသူအမြောက်အများရရှိခဲ့ပါတယ် ။ အဆိုပါအမျိုးသားကြီးက ရုပ်တုရဲ့ခြေချောင်းလေးတွေကိုဖျက်ဆီးပစ်ခဲ့တာသိသိရက်နဲ့ ဘားမှမဖြစ်သလိုဂရုမစိုက်ဘဲ ထထွက်သွားခဲ့တာပါ ။သို့ပေမဲ့လည်း Covid -19 ရောဂါကြောင့် ပြတိုက်သို့လာရောက်လည်ပတ်သူများဟာ ကိုယ်ရေးကိုယ်တာအချက်အလက်အသေးစိတ်ကိုပြတိုက်သို့မဝင်ခင် ဝန်ထမ်းများအားပေးပို့ထားရတဲ့အတွက် အဆိုပါအမျိုးသားကို တာဝန်ရှိသူများက စစ်ဆေးမေးမြန်းသို့အလွယ်တကူခေါ်ယူနိုင်ခဲ့ပါတယ် ။

နောက်ဆုံးမှာတော့ အဆိုပါအမျိုးသားဟာ သူ့ရဲ့အပြစ်အတွက်ဝန်ချတောင်းပန်ခဲ့တဲ့အပြင် ၊ ရုပ်တုကိုနဂိုအတိုင်းပြန်လည်ပြုပြင်ဖို့အတွက် လျော်ကြေးငွေပေးဆောင်မည်ဖြစ်ကြောင်း ပြန်လည်တောင်းဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment