နာမက်န္းျဖစ္ေနတဲ့ဇနီးသည္ကိုအျမဲေက်ာပိုးၿပီး သူမရဲ႕ေနာက္ဆံုးအခ်ိန္ေနာင္တမရေအာင္ ခရီးေခၚထြက္ေလ့႐ွိတဲ့ ခင္ပြန္း

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 57 ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ဖ်ားနာေနတဲ့ဇနီးျဖစ္သူကို ေက်ာပိုးၿပီး Anhui ျပည္နယ္႐ွိ ေတာင္တန္းတစ္ေလ်ွာက္ခရီးေခၚထြက္ခဲ့တဲ့ video ဟာ social media ေပၚမွာအေတာ္ေလးလူၾကည့္မ်ားေနလ်က္႐ွိပါတယ္ ။ Wang Xiaomin အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ ဇနီးသည္ကိုေက်ာပိုးၿပီး တ႐ုတ္ႏိုင္ငံတစ္ေလ်ွာက္ နာမည္ႀကီးျပီးလာေရာက္လည္ပတ္သူမ်ားတဲ့ေနရာမ်ိဳးကို လည္ပတ္ေနခဲ့ၾကတာပါ ။ Video ထဲမွာေတာ့ Wang ဟာ ဇနီးသည္ကိုျပဳစုေစာင့္ေ႐ွာက္ေနရတာ လြန္ခဲ့တဲ့ 5ႏွစ္က ဇနီးသည္ ALS ေရာဂါစၿပီးခံစားခဲ့ရတဲ့အခ်ိန္ကတည္းကျဖစ္ေၾကာင္း ႏွင့္ အဆိုပါေရာဂါဟာ ႂကြက္သားေတြကိုပ်က္ဆီးေစၿပီး ၊ ခႏၶာကိုယ္ကို ကိုယ္တိုင္မလႈပ္႐ွားႏိုင္ေတာ့ေအာင္ျဖစ္ေစတဲ့ေရာဂါမ်ိဳးျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။

အဆိုပါေရာဂါခံစားရသူေတြဟာ 2ႏွစ္ ဒါမွမဟုတ္ 4ႏွစ္ခန္႔သာ အသက္႐ွင္ေနထိုင္ႏိုင္ေတာ့တဲ့အတြက္ က်န္႐ွိတဲ့ရက္ေတြမွာ ဇနီးသည္ေနာင္တမရေအာင္ က်ယ္ေျပာလွတဲ့ကမာၻႀကီးကို ဇနီးသည္ၾကည္႐ႈခံစားႏိုင္ေအာင္ ဆက္ၿပီးေခၚေဆာင္သြားခ်င္ေၾကာင္း Wang ကေျပာျပခဲ့ပါတယ္ ။ တျခားခရီးသြားေတြနဲ႔ စကားစျမည္းေျပာခဲ့ခ်ိန္မွာေတာ့ Wang ဟာ ” ပင္ပန္းတာေပါ့ ၊ သူ႔ရဲ႕ဘဝကို အဓိပၸါယ္႐ွိေအာင္လုပ္ေပးႏိုင္ရင္ေတာ့ ဒီပင္ပန္းမႈက ဘားမွမဟုတ္ဘူး ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ 5ႏွစ္အတြင္းမွာလည္း Wang ဟာဇနီးသည္ကို ေက်ာပိုးၿပီးေနရာအႏွံ႔ခရီးထြက္ခဲ့ၾကၿပီး ၊ ေနာက္ထပ္ ထပ္သြားမည့္ခရီးစဥ္ေတြကိုေတာ့ မဆံုးျဖတ္ရေသးေၾကာင္း Wang ကေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: medium.

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 57 နှစ်အရွယ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဖျားနာနေတဲ့ဇနီးဖြစ်သူကို ကျောပိုးပြီး Anhui ပြည်နယ်ရှိ တောင်တန်းတစ်လျှောက်ခရီးခေါ်ထွက်ခဲ့တဲ့ video ဟာ social media ပေါ်မှာအတော်လေးလူကြည့်များနေလျက်ရှိပါတယ် ။ Wang Xiaomin အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ ဇနီးသည်ကိုကျောပိုးပြီး တရုတ်နိုင်ငံတစ်လျှောက် နာမည်ကြီးပြီးလာရောက်လည်ပတ်သူများတဲ့နေရာမျိုးကို လည်ပတ်နေခဲ့ကြတာပါ ။ Video ထဲမှာတော့ Wang ဟာ ဇနီးသည်ကိုပြုစုစောင့်ရှောက်နေရတာ လွန်ခဲ့တဲ့ 5နှစ်က ဇနီးသည် ALS ရောဂါစပြီးခံစားခဲ့ရတဲ့အချိန်ကတည်းကဖြစ်ကြောင်း နှင့် အဆိုပါရောဂါဟာ ကြွက်သားတွေကိုပျက်ဆီးစေပြီး ၊ ခန္ဓာကိုယ်ကို ကိုယ်တိုင်မလှုပ်ရှားနိုင်တော့အောင်ဖြစ်စေတဲ့ရောဂါမျိုးဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

အဆိုပါရောဂါခံစားရသူတွေဟာ 2နှစ် ဒါမှမဟုတ် 4နှစ်ခန့်သာ အသက်ရှင်နေထိုင်နိုင်တော့တဲ့အတွက် ကျန်ရှိတဲ့ရက်တွေမှာ ဇနီးသည်နောင်တမရအောင် ကျယ်ပြောလှတဲ့ကမ္ဘာကြီးကို ဇနီးသည်ကြည်ရှုခံစားနိုင်အောင် ဆက်ပြီးခေါ်ဆောင်သွားချင်ကြောင်း Wang ကပြောပြခဲ့ပါတယ် ။ တခြားခရီးသွားတွေနဲ့ စကားစမြည်းပြောခဲ့ချိန်မှာတော့ Wang ဟာ ” ပင်ပန်းတာပေါ့ ၊ သူ့ရဲ့ဘဝကို အဓိပ္ပါယ်ရှိအောင်လုပ်ပေးနိုင်ရင်တော့ ဒီပင်ပန်းမှုက ဘားမှမဟုတ်ဘူး ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

ပြီးခဲ့တဲ့ 5နှစ်အတွင်းမှာလည်း Wang ဟာဇနီးသည်ကို ကျောပိုးပြီးနေရာအနှံ့ခရီးထွက်ခဲ့ကြပြီး ၊ နောက်ထပ် ထပ်သွားမည့်ခရီးစဉ်တွေကိုတော့ မဆုံးဖြတ်ရသေးကြောင်း Wang ကပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment