ဖက်ထုပ်တွေအဆမတန်စားပြီးနောက် အူမကြီးပေါက်ထွက်သွားခဲ့တဲ့ အမျိုးသား



Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံကအမျိုးသားတစ်ဦးဟာ ဖက်ထုပ်ပွဲကြီးတစ်ပွဲကို အားရပါးရစားသောက်ခဲ့ပြီးနောက် အူမကြီပေါက်ကွဲထွက်သွားခဲ့လို့ အရေးပေါ်ခန်းထဲထိရောက်ရှိသွားခဲ့ပါတယ် ။ အသက် 63နှစ်အရွယ် Wang အမည်ရှိတဲ့အမျိုးသားဟာ အူတွင်းပိတ်ဆို့နေတာမျိုး ခံစားနေရတာတစ်နှစ်ဝန်းကျင်ခန့်ရှိနေပြီဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ့ ညနေ 6နာရီအချိန်ခန့်မှာ Wang ဟာ ဖက်ထုပ်ပွဲကြီးတစ်ပွဲကို စားခဲ့ပါတယ် ။ စားသောက်ပြီးမကြာခင်မှာပဲ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ပေါက်ကွဲထွက်သံကို Wang ကြားခဲ့ပါတယ် ။ ဝမ်းဗိုက်ပိုင်းနာကျင်မှုကို ပြင်းထန်စွာခံစားခဲ့ရတဲ့အပြင် တစ်ကိုယ်လုံးဇောချွေးတွေပြန်နေခဲ့လို့ မိသားစုဝင်တွေကWang ကို ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခဲ့ရပါတယ် ။

Wang ရဲ့အူမကြီးဟာ 1.2လက်မခန့်ပေါက်ကွဲထွက်သွားခဲ့တဲ့အပြင် အူမကြီးလမ်းကြောင်းမှာလည်း အစာဟောင်းတွေနဲ့ပြည့်နှက်နေခဲ့တာပါ ။ ဆရာဝန်များက Wang ၏အူမကြီးထဲကနေ အစာဟောင်း နှင့် အရည်တွေ 3,000 မီလီမီတာခန့်ထုတ်ယူခဲ့ရကြောင်း သိရှိရပါတယ် ။ Wang ဟာ ကုသမှုအကြိမ်ကြိမ်ခံယူခဲ့ပြီးနောက် ယခုအချိန်မှာတော့ သက်သာပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment