ဘြဲ႔ဓာတ္ပံုကို အလန္းစားပံုစံနဲ႔ ဓာတ္ပံု႐ိုက္ယူခဲ့တဲ့ ေက်ာင္းသား (႐ုပ္သံ)

အထက္တန္းေက်ာင္းေအာင္ျမင္ခဲ့တဲ့အထိမ္းအမွတ္အေနနဲ႔ ေရလႊာလႈိင္းစီးၿပီး ဓာတ္ပံု႐ိုက္ခဲ့တာကေတာ့ အေတာ္ေလးကိုဆန္းသစ္လြန္းလွတဲ့ အေတြးလို႔ေျပာရမွာပါပဲ ။ Andrew Shaffer အမည္႐ွိတဲ့ အသက္ 17ႏွစ္အရြယ္ေကာင္ေလးဟာ Utah ျပည္နယ္ Powell ေရကန္ႀကီးမွာ လက္တစ္ဖက္တည္းနဲ့ေလွကေနခ်ိတ္ဆက္ထားတဲ့ႀကိဳးကို ကိုင္ၿပီး စီးနင္လိုက္ပါလာခဲ့တာပါ ။ ထို႔ေနာက္ ႀကိဳးကိုတံေတာင္ဆစ္နဲ႔ထိန္ကိုင္ထားလိုက္ၿပီးေနာက္ ဘြဲ႔ဝတ္စံုကို wakeboard စီးေနရင္း ဝတ္ဆင္ခဲ့ပါတယ္ ။ ထို႔ေနာက္ႀကိဳးကိုကိုင္ဆြဲလ်က္သားႏွင့္ လက္ႏွစ္ဖက္လံုးႏွင့္ ဘြဲ႔ဦးထုပ္ကိုေဆာင္းလိုက္ပါတယ္ ။

ဓာတ္ပံုဆရာကလည္း Andrew အတြက္ ဓာတ္ပံု႐ိုက္ေပးေနခဲ့ရင္း ေနာက္ဆံုးလက္ႏွစ္ဖက္လံုး ႀကိဳးကိုလြတ္လိုက္ၿပီး ဘြဲ႔ဝတ္စံုနဲ႔ wakeboard စီးေနတဲ့ Andrew ရဲ႕ဓာတ္ပံုကို မိမိရရ လန္ထြက္ေနေအာင္႐ိုက္ေပးခဲ့ပါတယ္ ။ Andrew ကေတာ့ ” ကြၽန္ေတာ္အစက ဒီလိုပံုစံဓာတ္ပံု႐ိုက္ဖို႔ မစဥ္းစားထားဘူးဗ် ၊ ဒါေပမဲ့လည္း ေလွပိုင္႐ွင္ေတြနဲ႔ သူငယ္ခ်င္းျဖစ္ခဲ့ၾကၿပီး အခုလိုအခြင့္အေရးမ်ိဳးရခဲ့တာပါ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ Andrew ရဲ႕videoကို TikTok မွာတင္ ၾကည့္႐ႈသူ 2.2 million အထိ ရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: DailyMail

Unicode

အထက်တန်းကျောင်းအောင်မြင်ခဲ့တဲ့အထိမ်းအမှတ်အနေနဲ့ ရေလွှာလှိုင်းစီးပြီး ဓာတ်ပုံရိုက်ခဲ့တာကတော့ အတော်လေးကိုဆန်းသစ်လွန်းလှတဲ့ အတွေးလို့ပြောရမှာပါပဲ ။ Andrew Shaffer အမည်ရှိတဲ့ အသက် 17နှစ်အရွယ်ကောင်လေးဟာ Utah ပြည်နယ် Powell ရေကန်ကြီးမှာ လက်တစ်ဖက်တည်းနဲ့လှေကနေချိတ်ဆက်ထားတဲ့ကြိုးကို ကိုင်ပြီး စီးနင်လိုက်ပါလာခဲ့တာပါ ။ ထို့နောက် ကြိုးကိုတံတောင်ဆစ်နဲ့ထိန်ကိုင်ထားလိုက်ပြီးနောက် ဘွဲ့ဝတ်စုံကို wakeboard စီးနေရင်း ဝတ်ဆင်ခဲ့ပါတယ် ။ ထို့နောက်ကြိုးကိုကိုင်ဆွဲလျက်သားနှင့် လက်နှစ်ဖက်လုံးနှင့် ဘွဲ့ဦးထုပ်ကိုဆောင်းလိုက်ပါတယ် ။

ဓာတ်ပုံဆရာကလည်း Andrew အတွက် ဓာတ်ပုံရိုက်ပေးနေခဲ့ရင်း နောက်ဆုံးလက်နှစ်ဖက်လုံး ကြိုးကိုလွတ်လိုက်ပြီး ဘွဲ့ဝတ်စုံနဲ့ wakeboard စီးနေတဲ့ Andrew ရဲ့ဓာတ်ပုံကို မိမိရရ လန်ထွက်နေအောင်ရိုက်ပေးခဲ့ပါတယ် ။ Andrew ကတော့ ” ကျွန်တော်အစက ဒီလိုပုံစံဓာတ်ပုံရိုက်ဖို့ မစဉ်းစားထားဘူးဗျ ၊ ဒါပေမဲ့လည်း လှေပိုင်ရှင်တွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ကြပြီး အခုလိုအခွင့်အရေးမျိုးရခဲ့တာပါ ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ Andrew ရဲ့videoကို TikTok မှာတင် ကြည့်ရှုသူ 2.2 million အထိ ရရှိခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment