သင္တန္းသူေတြအေပၚ အသားယူလြန္းတယ္ဆိုၿပီး ျပစ္တင္ေဝဖန္ခံေနရတဲ့gym သင္တန္းဆရာ

စင္ကာပူႏိုင္ငံမွာေနထိုင္တဲ့Fitness Center တစ္ခုမွ personal trainer တစ္ဦးဟာ ကိုယ့္ရဲ႕သင္တန္းသူအေပၚ အသားယူလြန္းလို႔ဆိုၿပီး ျပစ္တင္စြပ္စြဲခံေနရလ်က္႐ွိပါတယ္ ။ David Mesutအမည္႐ွိတဲ့ အဆိုပါသင္တန္းဆရာဟာ မသင့္ေလ်ာ္တဲ့အျပဳအမႈေတြနဲ႔ သင္တန္းသူရဲ႕တင္ပါးကိုအျမဲထိေတြ႔ကိုင္တြယ္ေနခဲ့တာပါ ။ Cheryl Loh အမည္႐ွိတဲ့ အဆိုပါအားကစားရံုမွာအျမဲလာေရာက္ေဆာ့ကစားေနတဲ့ မိန္းကေလးတစ္ဦးက အဆိုပါအျဖစ္အပ်က္ကို video ႐ိုက္ကူးထားၿပီးေနာက္ Instagram မွာ ေဝမ်ွခဲ့တာျဖစ္ပါတယ္ ။ Post မွာေတာ့ Loh က Mesut ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာထိေတြ႔မႈေတြဟာ ပံုမွန္မဟုတ္ေၾကာင္း ေရးသားခဲ့ပါတယ္ ။

Loh ရဲ႕ေျပာျပခ်က္အရ Mesut ရဲ႕အျပဳအမႈေတြပံုမွန္မဟုတ္တာ သူမသတိထားမိခဲ့တာ ရက္ေပါင္းမ်ားစြာၾကာျမင့္ေနၿပီျဖစ္ေၾကာင္း ႏွင့္ July 31 ရက္ေန႔မွာ ထပ္ၿပီး video ႐ိုက္ကူးခဲ့ကာ အဆိုပါသင္တန္းသူကိုဆက္သြယ္ခဲ့ခ်ိန္မွာေတာ့ သင္တန္းသူက Mesut ရဲ႕ သင္ၾကားေပးတဲ့နည္းလမ္းေတြက က်င့္ဝတ္သိကၡာမဲ့လြန္းေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သင္တန္းသူက သူမရဲ႕တင္ပါးကိုကိုင္ေနတာက သူမကိုစိတ္ထဲဘဝန္မက်ျဖစ္ေစလို႔ Mesut ကိုမထိေတြ႔ဖို႔ ေျပာခဲ့ေပမဲ့လည္း Mesut ကသူမရဲ႕ ႂကြက္သားေတြကို စစ္ေဆးဖို႔လိုအပ္လို႔ ကိုင္ရတာျဖစ္ေၾကာင္း ေျပာဆိုခဲ့သူပါ ။

အဆိုပါအျဖစ္အပ်က္ဟာ လူအေတာ္အမ်ားက ျပစ္တင္ေဝဖန္မႈကိုခံခဲ့ရၿပီးေနာက္ Mesut ကေတာ့ ယခုလိုသူ႔အားမွားယြင္းၿပီးျပစ္တင္စြပ္စြဲခဲ့သူေတြကို ရဲစခန္းသို႔တိုင္ၾကားသြားမည္ျဖစ္ေၾကာင္း ႏွင့္ လိုအပ္တဲ့သာမာန္ထိေတြ႔မႈမ်ိဳးကလြဲၿပီး အျခားစိတ္နဲ႔႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႔ကိုင္တြယ္မႈမ်ိဳးမ႐ွိခဲ့ေၾကာင္း ျပန္လည္ေျဖ႐ွင္းေျပာၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

စင်ကာပူနိုင်ငံမှာနေထိုင်တဲ့Fitness Center တစ်ခုမှ personal trainer တစ်ဦးဟာ ကိုယ့်ရဲ့သင်တန်းသူအပေါ် အသားယူလွန်းလို့ဆိုပြီး ပြစ်တင်စွပ်စွဲခံနေရလျက်ရှိပါတယ် ။ David Mesutအမည်ရှိတဲ့ အဆိုပါသင်တန်းဆရာဟာ မသင့်လျော်တဲ့အပြုအမှုတွေနဲ့ သင်တန်းသူရဲ့တင်ပါးကိုအမြဲထိတွေ့ကိုင်တွယ်နေခဲ့တာပါ ။ Cheryl Loh အမည်ရှိတဲ့ အဆိုပါအားကစားရုံမှာအမြဲလာရောက်ဆော့ကစားနေတဲ့ မိန်းကလေးတစ်ဦးက အဆိုပါအဖြစ်အပျက်ကို video ရိုက်ကူးထားပြီးနောက် Instagram မှာ ဝေမျှခဲ့တာဖြစ်ပါတယ် ။ Post မှာတော့ Loh က Mesut ရဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေဟာ ပုံမှန်မဟုတ်ကြောင်း ရေးသားခဲ့ပါတယ် ။

Loh ရဲ့ပြောပြချက်အရ Mesut ရဲ့အပြုအမှုတွေပုံမှန်မဟုတ်တာ သူမသတိထားမိခဲ့တာ ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ကြောင်း နှင့် July 31 ရက်နေ့မှာ ထပ်ပြီး video ရိုက်ကူးခဲ့ကာ အဆိုပါသင်တန်းသူကိုဆက်သွယ်ခဲ့ချိန်မှာတော့ သင်တန်းသူက Mesut ရဲ့ သင်ကြားပေးတဲ့နည်းလမ်းတွေက ကျင့်ဝတ်သိက္ခာမဲ့လွန်းကြောင်း ပြောဆိုခဲ့ပါတယ် ။ သင်တန်းသူက သူမရဲ့တင်ပါးကိုကိုင်နေတာက သူမကိုစိတ်ထဲဘဝန်မကျဖြစ်စေလို့ Mesut ကိုမထိတွေ့ဖို့ ပြောခဲ့ပေမဲ့လည်း Mesut ကသူမရဲ့ ကြွက်သားတွေကို စစ်ဆေးဖို့လိုအပ်လို့ ကိုင်ရတာဖြစ်ကြောင်း ပြောဆိုခဲ့သူပါ ။

အဆိုပါအဖြစ်အပျက်ဟာ လူအတော်အများက ပြစ်တင်ဝေဖန်မှုကိုခံခဲ့ရပြီးနောက် Mesut ကတော့ ယခုလိုသူ့အားမှားယွင်းပြီးပြစ်တင်စွပ်စွဲခဲ့သူတွေကို ရဲစခန်းသို့တိုင်ကြားသွားမည်ဖြစ်ကြောင်း နှင့် လိုအပ်တဲ့သာမာန်ထိတွေ့မှုမျိုးကလွဲပြီး အခြားစိတ်နဲ့ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ကိုင်တွယ်မှုမျိုးမရှိခဲ့ကြောင်း ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment