သတို႔သမီးဝတ္စံုနဲ႔ အက်ဥ္းေထာင္ရဲ႕အျပင္ဖက္မွာတင္ ခ်စ္သူကိုလက္ထပ္ခြင့္ေတာင္းခဲ့တဲ့ မိန္းကေလး

တ႐ုတ္ႏိုင္ငံကမိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူတာဝန္ထမ္းေဆာင္ေနတဲ့ အက်ဥ္းေထာင္ရဲ႕အျပင္ဖက္မွာတင္ သတို႔သမီးဝတ္စံုဝတ္ဆင္ၿပီးခ်စ္သူကို လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္ ။ အသက္ 28ႏွစ္အရြယ္ Yuan Mingyu အမည္႐ွိတဲ့မိန္းကေလးဟာ သူမခ်စ္သူနဲ႔ ခ်စ္သူသက္တမ္း 9ႏွစ္ၾကာသည္အထိ တြဲလာခဲ့ၾကတာပါ ။ သို႔ေပမဲ့လည္း အလုပ္ကိစၥေၾကာင့္ ခ်စ္သူနဲ႔ေဝးကြာစြာေနထိုင္ခဲ့ရၿပီး ၊ ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းဖို႔ သူမေနထိုင္ေနတဲ့ Chengdu ၿမိဳ႕ကေန ခ်စ္သူ႐ွိရာ Dazhou ၿမိဳ႕ဆီသို႔ လက္ထပ္လက္စြပ္ ၊ ပန္းစည္းေတြနဲ႔ အေရာက္လာခဲ့ရသူပါ ။ သူမဟာ ေက်ာင္းဆရာမျဖစ္ၿပီး ၊ သူမရဲ႕သူငယ္ခ်င္းေတြကလည္း ” Zhao Wanping ငါ့ကိုလက္ထပ္ပါ ” ဆိုတဲ့ အနီေရာင္စာတန္းႀကီးေတြကို ကိုင္ေဆာင္ေပးခဲ့ၾကၿပီး သူမရဲ႕လက္ထပ္ခြင့္ေတာင္းတဲ့အစီအစဥ္ကို အျပည့္အဝကူညီေပးခဲ့ၾကတာပါ ။ ခ်စ္သူ Zhao က အက်ဥ္းေထာင္းကေန လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ထြက္လာခဲ့တဲ့အခ်ိန္မွာ အနီးအနားမွာ႐ွိေနတဲ့ သူငယ္ခ်င္းေတြကလည္း လက္ခုတ္ေတြတီးၿပီး အားေပးခဲ့ၾကေတာ့မွ သတိထားမိခဲ့တာျဖစ္ပါတယ္ ။

အံ့ၾသ သြားခဲ့တဲ့ Zhao မွာေတာ့ သူ႔ရဲ႕ကုတ္အက်ႌကိုခြၽတ္ၿပီး သတို႔သမီးဝတ္စံုသာ ဝတ္ဆင္ထားတဲ့ခ်စ္သူကို ေအးခဲေနမွာေၾကာက္လို႔ ဝတ္ဆင္ေပးခဲ့ေပမဲ့ ခ်စ္သူမိန္းကေလးကေတာ့ ” ငါတအား စိတ္လႈပ္႐ွားေနၿပီ ၊ ငါနည္းနည္းေလးမွ မေအးဘူး ” ဆိုၿပီး ကုတ္အက်ႌဝတ္ဖို႔မလိုေၾကာင္း ျငင္းပယ္ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ Zhao ဟာ ခ်စ္သူမိန္းကေလးေ႐ွ႕ဒူးေထာက္ခဲ့ၿပီးေနာက္ သူမဆီကေနလက္စြပ္ကို ယူကာ သူမရဲ႕လက္မွာစြပ္ေပးလိုက္ၿပီး ခ်စ္သူမိန္းကေလးရဲ႕ လက္ထပ္ခြင့္ကို လက္ခံခဲ့ပါေတာ့တယ္ ။

အေစာပိုင္းကတည္းက Yuan ဟာ Zhao ကိုလက္ထပ္ခြင့္ေတာင္းဖို႔ စီစဥ္ၿပီးသားျဖစ္ေပမဲ့ Zhao ဟာ အလုပ္မ်ားလြန္းခဲ့တဲ့အတြက္ စီစဥ္ထားသလိုျဖစ္မလာခဲ့ပါဘူး ။ Yuan က လက္ထပ္လက္စြပ္ကိုေတာင္ သူမကိုယ္တိုင္ဝယ္ခဲ့တာျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာသူေတြက ကိုယ့္အတြက္လက္စြပ္ကို ကိုယ္တိုင္ျပန္ဝယ္ရတာ စိတ္မပ်က္မိဘူးလားဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ Yuan က ” ဘာလို႔ စိတ္ပ်က္ရမွာလဲ ၊ သူဝယ္ဝယ္ ကြၽန္မပဲဝယ္ဝယ္ ဘားမွကိုမထူးျခားသြားပါဘူး ” ဆိုၿပီး ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: South China Morning Post

Unicode

တရုတ်နိုင်ငံကမိန်းကလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူတာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းထောင်ရဲ့အပြင်ဖက်မှာတင် သတို့သမီးဝတ်စုံဝတ်ဆင်ပြီးချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ် ။ အသက် 28နှစ်အရွယ် Yuan Mingyu အမည်ရှိတဲ့မိန်းကလေးဟာ သူမချစ်သူနဲ့ ချစ်သူသက်တမ်း 9နှစ်ကြာသည်အထိ တွဲလာခဲ့ကြတာပါ ။ သို့ပေမဲ့လည်း အလုပ်ကိစ္စကြောင့် ချစ်သူနဲ့ဝေးကွာစွာနေထိုင်ခဲ့ရပြီး ၊ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ သူမနေထိုင်နေတဲ့ Chengdu မြို့ကနေ ချစ်သူရှိရာ Dazhou မြို့ဆီသို့ လက်ထပ်လက်စွပ် ၊ ပန်းစည်းတွေနဲ့ အရောက်လာခဲ့ရသူပါ ။ သူမဟာ ကျောင်းဆရာမဖြစ်ပြီး ၊ သူမရဲ့သူငယ်ချင်းတွေကလည်း ” Zhao Wanping ငါ့ကိုလက်ထပ်ပါ ” ဆိုတဲ့ အနီရောင်စာတန်းကြီးတွေကို ကိုင်ဆောင်ပေးခဲ့ကြပြီး သူမရဲ့လက်ထပ်ခွင့်တောင်းတဲ့အစီအစဉ်ကို အပြည့်အဝကူညီပေးခဲ့ကြတာပါ ။ ချစ်သူ Zhao က အကျဉ်းထောင်းကနေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ အနီးအနားမှာရှိနေတဲ့ သူငယ်ချင်းတွေကလည်း လက်ခုတ်တွေတီးပြီး အားပေးခဲ့ကြတော့မှ သတိထားမိခဲ့တာဖြစ်ပါတယ် ။

အံ့သြ သွားခဲ့တဲ့ Zhao မှာတော့ သူ့ရဲ့ကုတ်အင်္ကျီကိုချွတ်ပြီး သတို့သမီးဝတ်စုံသာ ဝတ်ဆင်ထားတဲ့ချစ်သူကို အေးခဲနေမှာကြောက်လို့ ဝတ်ဆင်ပေးခဲ့ပေမဲ့ ချစ်သူမိန်းကလေးကတော့ ” ငါတအား စိတ်လှုပ်ရှားနေပြီ ၊ ငါနည်းနည်းလေးမှ မအေးဘူး ” ဆိုပြီး ကုတ်အင်္ကျီဝတ်ဖို့မလိုကြောင်း ငြင်းပယ်ခဲ့ပါတယ် ။ ထိုအချိန်မှာတော့ Zhao ဟာ ချစ်သူမိန်းကလေးရှေ့ဒူးထောက်ခဲ့ပြီးနောက် သူမဆီကနေလက်စွပ်ကို ယူကာ သူမရဲ့လက်မှာစွပ်ပေးလိုက်ပြီး ချစ်သူမိန်းကလေးရဲ့ လက်ထပ်ခွင့်ကို လက်ခံခဲ့ပါတော့တယ် ။

အစောပိုင်းကတည်းက Yuan ဟာ Zhao ကိုလက်ထပ်ခွင့်တောင်းဖို့ စီစဉ်ပြီးသားဖြစ်ပေမဲ့ Zhao ဟာ အလုပ်များလွန်းခဲ့တဲ့အတွက် စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး ။ Yuan က လက်ထပ်လက်စွပ်ကိုတောင် သူမကိုယ်တိုင်ဝယ်ခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် အချို့သောသူတွေက ကိုယ့်အတွက်လက်စွပ်ကို ကိုယ်တိုင်ပြန်ဝယ်ရတာ စိတ်မပျက်မိဘူးလားဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ Yuan က ” ဘာလို့ စိတ်ပျက်ရမှာလဲ ၊ သူဝယ်ဝယ် ကျွန်မပဲဝယ်ဝယ် ဘားမှကိုမထူးခြားသွားပါဘူး ” ဆိုပြီး ပြန်လည်ဖြေကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment