ကေလးငယ္ႏွစ္ေယာက္နဲ႔အတူ food delivery အလုပ္လုပ္ကိုင္ေနရတဲ့ အသက္ 19ႏွစ္အရြယ္သာ႐ွိေသးတဲ့ မိခင္

မိခင္တစ္ေယာက္ျဖစ္ရၿပီဆိုကတည္းက ဘဝဟာထင္ထားသေလာက္မလြယ္ကူေတာ့ပါဘူး ။ ကေလး 2ေယာက္ကို ေကြၽးေမြးေစာင့္ေ႐ွာက္ေနရတဲ့ single မိခင္တစ္ေယာက္လည္းျဖစ္မယ္ ၊ ပိုက္ဆံ႐ွာဖို႔ အျပင္အလုပ္လည္းလုပ္ရအံုးမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ခက္ခဲမလဲဆိုတာ ခန္႔မွန္းၾကည့္လို႔ရမွာပါ ။ မၾကာေသးခင္က Lada Koroleva အမည္႐ွိတဲ့ မိန္းကေလးတစ္ေယာက္ရဲ႕ဓာတ္ပံုဟာ social media ေပၚမွာ အေတာ္ေလးကိုေရပန္းစားေနလ်က္႐ွိပါတယ္ ။ ဓာတ္ပံုထဲမွာေတာ့ ေျမေအာက္မီးရထားစီးၿပီး သူမရဲ႕ကေလးငယ္ႏွစ္ေယာက္နဲ႔အတူ အစားအေသာက္ေတြ delivery ပို႔ေနရလို႔ပါပဲ ။ Lada ဟာ သူမရဲ႕ခင္ပြန္းျဖစ္သူနဲ႔ အိမ္ေထာင္က်ခဲ့တဲ့အခ်ိန္မွာေတာ့ ႐ု႐ွားႏိုင္ငံ Rostov-on-Don ၿမိဳ႕မွာ႐ွိတဲ့ သူမရဲ႕မိဘေတြနဲ႔ အဆက္အသြယ္မ႐ွိေတာ့ပါဘူး ။ သူမရဲ႕ခင္ပြန္းျဖစ္သူကလည္း အျမဲဂိမ္းေဆာ့ကစားေနတဲ့အတြက္ သူမအလုပ္လုပ္ေနခ်ိန္ ကေလးငယ္ေတြကိုဖခင္ျဖစ္သူနဲ႔အတူ မထားခဲ့ရဲလို႔ သူမနဲ႔အတူအျမဲေခၚသြားေနရျခင္းျဖစ္ပါတယ္ ။ ထို႔အျပင္ ခင္ပြန္းျဖစ္သူကလည္း ႐ု႐ွားစစ္တပ္အတြင္းသို႔ဝင္ေရာက္ရန္စီစဥ္ထားသူျဖစ္တဲ့အတြက္ ေသခ်ာသေလာက္ကေတာ့ ခင္ပြန္းျဖစ္သူက ကေလးေတြကိုထိန္းေက်ာင္းေပးဖို႔ လံုးဝကိုအစီအစဥ္မ႐ွိပါဘူး ။

Lada ဟာ သူမအသက္ 17 ႏွစ္အခ်ိန္မွာ သမီးႀကီး Angelina ကိုေမြးဖြားခဲ့ၿပီး ၊ သူမရဲ႕အိမ္နီးခ်င္းေတြက သူမကို ‘ Courier Mama’ ဆိုၿပီး လူသိမ်ားၾကပါတယ္ ။ ဘာလို႔ဆို ကေလးကိုတြန္းလွည္းထဲထည့္ၿပီး အစားအေသာက္ေတြလိုက္လံပို႔ေဆာင္ေနလို႔ပါပဲ ။ ထို႔ေနာက္ မၾကာခင္မွာပဲ သူမဟာေမာ္စကိုျမိဳ့သို႔ေျပာင္းေရႊ႔ခဲ့ၿပီး ေရပန္းစားေနတဲ့ဓာတ္ပံုထဲကလို႔ အစားအေသာက္ပို႔တဲ့လုပ္ငန္းသာ ဆက္လက္လုပ္ကိုင္ခဲ့ပါတယ္ ။ ” ကြၽန္မရဲ႕သမီးေတြကို အရမ္းခ်စ္ပါတယ္ ၊ delivery အလုပ္လုပ္ရတာက ကြၽန္မကေလးေတြကို ထားခဲ့စရာမလိုလို႔ပါပဲ ” ဆိုၿပီး Lada ကေျပာျပခဲ့ပါတယ္ ။ သူမရဲ႕အလုပ္ကေန ကေလးေတြရဲ႕ေသးခံ ၊ ကေလးပစၥည္းေတြကို ကူညီေပးတာမ်ိဳး မၾကာခဏလက္ခံရ႐ွိခဲ့ပါေသးတယ္ ။ လူအေတာ္မ်ားမ်ားကလည္း ခင္ပြန္းျဖစ္သူနွင့္လမ္းခြဲဖို႔ တိုက္တြန္းခဲ့ၾကတဲ့အျပင္ သူမအခုခ်ိန္မွာေတာ့ ခင္ပြန္းျဖစ္သူႏွင့္လမ္းခြဲလိုက္ၿပီျဖစ္ၿပီး Covid-19 ေၾကာင့္ တရားဝင္ကြာ႐ွင္ဖို႔ကို ေစာင့္ရအံုးမွာျဖစ္ပါတယ္ ။

လူအခ်ိဳ႕ကေတာ့ သူမဟာနာမည္ႀကီးခ်င္လို႔ ယခုလိုဟန္ေဆာင္လိမ္ညာေနတာျဖစ္ေၾကာင္းမ်ိဳးစံုေဝဖန္ေနၾကေပမဲ့ Lada က သူမယခုလိုဓာတ္ပံုတင္လိုက္ရတာက လူေတြဆီကေနပိုက္ဆံေတြလိုခ်င္လို႔မဟုတ္ေၾကာင္း သူမအတြက္အဆင္ေျပမဲ့အလုပ္အကိုင္အသစ္လိုခ်င္လို႔ျဖစ္ေၾကာင္း ၊ ဒါမွသာ သူမရဲ႕သမီးေလးေတြ အနာဂတ္ပိုလွပမွာျဖစ္ေၾကာင္း ႏွင့္ သူမရဲ႕လက္႐ွိအေျခအေနကိုမယံုၾကည္ပါက ေမာ္စကိုၿမိဳ႕အထိ လာေရာက္ၾကည့္႐ႈႏိုင္ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။ သူမဟာ ယခုအခ်ိန္မွာေတာ့ delivery အလုပ္ကေနထြက္လိုက္ၿပီျဖစ္ၿပီး ၊ အေဆာက္အအံုသန္႔႐ွင္းေရးဝန္ထမ္း ႏွင့္ အိမ္အကူအလုပ္တို႔ကို လုပ္ကိုင္ေနလ်က္႐ွိပါတယ္ ။ ခင္ပြန္းျဖစ္သူႏွင့္ ခြဲေနခဲ့ၿပီျဖစ္ၿပီး ယခုခ်ိန္မွာေတာ့ သူမရဲ႕သမီးငယ္2ေယာက္နဲ႔အတူ အခန္းငယ္ေလးငွါးရမ္းၿပီး အတူေနထိုင္ေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

မိခင်တစ်ယောက်ဖြစ်ရပြီဆိုကတည်းက ဘဝဟာထင်ထားသလောက်မလွယ်ကူတော့ပါဘူး ။ ကလေး 2ယောက်ကို ကျွေးမွေးစောင့်ရှောက်နေရတဲ့ single မိခင်တစ်ယောက်လည်းဖြစ်မယ် ၊ ပိုက်ဆံရှာဖို့ အပြင်အလုပ်လည်းလုပ်ရအုံးမယ်ဆိုရင်တော့ ဘယ်လောက်ခက်ခဲမလဲဆိုတာ ခန့်မှန်းကြည့်လို့ရမှာပါ ။ မကြာသေးခင်က Lada Koroleva အမည်ရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ ဓာတ်ပုံထဲမှာတော့ မြေအောက်မီးရထားစီးပြီး သူမရဲ့ကလေးငယ်နှစ်ယောက်နဲ့အတူ အစားအသောက်တွေ delivery ပို့နေရလို့ပါပဲ ။ Lada ဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျခဲ့တဲ့အချိန်မှာတော့ ရုရှားနိုင်ငံ Rostov-on-Don မြို့မှာရှိတဲ့ သူမရဲ့မိဘတွေနဲ့ အဆက်အသွယ်မရှိတော့ပါဘူး ။ သူမရဲ့ခင်ပွန်းဖြစ်သူကလည်း အမြဲဂိမ်းဆော့ကစားနေတဲ့အတွက် သူမအလုပ်လုပ်နေချိန် ကလေးငယ်တွေကိုဖခင်ဖြစ်သူနဲ့အတူ မထားခဲ့ရဲလို့ သူမနဲ့အတူအမြဲခေါ်သွားနေရခြင်းဖြစ်ပါတယ် ။ ထို့အပြင် ခင်ပွန်းဖြစ်သူကလည်း ရုရှားစစ်တပ်အတွင်းသို့ဝင်ရောက်ရန်စီစဉ်ထားသူဖြစ်တဲ့အတွက် သေချာသလောက်ကတော့ ခင်ပွန်းဖြစ်သူက ကလေးတွေကိုထိန်းကျောင်းပေးဖို့ လုံးဝကိုအစီအစဉ်မရှိပါဘူး ။

Lada ဟာ သူမအသက် 17 နှစ်အချိန်မှာ သမီးကြီး Angelina ကိုမွေးဖွားခဲ့ပြီး ၊ သူမရဲ့အိမ်နီးချင်းတွေက သူမကို ‘ Courier Mama’ ဆိုပြီး လူသိများကြပါတယ် ။ ဘာလို့ဆို ကလေးကိုတွန်းလှည်းထဲထည့်ပြီး အစားအသောက်တွေလိုက်လံပို့ဆောင်နေလို့ပါပဲ ။ ထို့နောက် မကြာခင်မှာပဲ သူမဟာမော်စကိုမြို့သို့ပြောင်းရွှေ့ခဲ့ပြီး ရေပန်းစားနေတဲ့ဓာတ်ပုံထဲကလို့ အစားအသောက်ပို့တဲ့လုပ်ငန်းသာ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ် ။ ” ကျွန်မရဲ့သမီးတွေကို အရမ်းချစ်ပါတယ် ၊ delivery အလုပ်လုပ်ရတာက ကျွန်မကလေးတွေကို ထားခဲ့စရာမလိုလို့ပါပဲ ” ဆိုပြီး Lada ကပြောပြခဲ့ပါတယ် ။ သူမရဲ့အလုပ်ကနေ ကလေးတွေရဲ့သေးခံ ၊ ကလေးပစ္စည်းတွေကို ကူညီပေးတာမျိုး မကြာခဏလက်ခံရရှိခဲ့ပါသေးတယ် ။ လူအတော်များများကလည်း ခင်ပွန်းဖြစ်သူနှင့်လမ်းခွဲဖို့ တိုက်တွန်းခဲ့ကြတဲ့အပြင် သူမအခုချိန်မှာတော့ ခင်ပွန်းဖြစ်သူနှင့်လမ်းခွဲလိုက်ပြီဖြစ်ပြီး Covid-19 ကြောင့် တရားဝင်ကွာရှင်ဖို့ကို စောင့်ရအုံးမှာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment