ေၾကာင္ေလးေတြကိုရန္မ႐ွာတဲ့အျပင္ ကိုယ့္ကိုေၾကာင္လို႔ေတြးထင္ေနခဲ့တဲ့ ေခြးေလး

ေခြးေလးေတြဟာ ပတ္ဝန္းက်င္နဲ႔အေတာ္ေလးကို လိုက္ေလ်ာညီေထြစြာေနတတ္တဲ့အတြက္ ေလ့လာသင္ယူတတ္လြယ္ၾကပါတယ္ ။ Mako အမည္႐ွိတဲ့ pit bull အမ်ိဳးအစားေခြးေလးက နမူနာျပရေလာက္ေအာင္ အဆိုပါအခ်က္ေတြနဲ႔ကိုက္ညီလြန္းလွပါတယ္ ။ Bentany နဲ႔ Samantha အမည္႐ွိတဲ့ ညီအစ္မႏွစ္ေယာက္က ေခြးေလးကို ေဂဟာကေနေခၚယူေမြးစားခဲ့ပါတယ္ ။ ေခြးေလးဟာ 2ႏွစ္သားအရြယ္႐ွိေနၿပီျဖစ္တဲ့အတြက္ သူမတို႔ရဲ႕ေနအိမ္မွာ႐ွိေနတဲ့ ေၾကာင္ေလးေတြနဲ႔ အဆင္ေျပပါ့မလားဆိုၿပီး အေတာ္ေလးစိတ္ပူေနခဲ့ရတာပါ ။

ထို႔ေၾကာင့္ အစပိုင္းမွာ Mako နဲ႔ ေၾကာင္ေလးေတြကို ခြဲထားၿပီး အေျခအေနေစာင့္ၾကည့္ခဲ့ရပါတယ္ ။ ေနာက္ပိုင္း ေခြးေလးဟာ အိမ္အႏွံ႔မွာ႐ွိတဲ့ စားပြဲခံုအေသးေလးေတြအေပၚ ခုန္တက္ေနခဲ့လို႔ Mako ေလးက အေတာ္ေလးေပ်ာ္ေနၿပီး တက္ႂကြေနခဲ့တာလို႔ ေတြးထင္ခဲ့ၾကတာပါ ။ ေနာက္ပိုင္းမွာေတာ့ စိတ္ပူစရာမ႐ွိေတာ့ေလာက္ေအာင္ Mako ဟာ ေၾကာင္ေလးေတြနဲ႔ အေတာ္ေလးရင္းႏွီးေနခဲ့ၿပီး ကိုယ့္ကိုေၾကာင္ေလးလို႔ ေတြးထင္ေနခဲ့တဲ့အထိပါပဲ ဆိုၿပီး Mako ရဲ႕အျပဳအမႈေျပာင္းလဲသြားပံုကို ေျပာျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ခွေးလေးတွေဟာ ပတ်ဝန်းကျင်နဲ့အတော်လေးကို လိုက်လျောညီထွေစွာနေတတ်တဲ့အတွက် လေ့လာသင်ယူတတ်လွယ်ကြပါတယ် ။ Mako အမည်ရှိတဲ့ pit bull အမျိုးအစားခွေးလေးက နမူနာပြရလောက်အောင် အဆိုပါအချက်တွေနဲ့ကိုက်ညီလွန်းလှပါတယ် ။ Bentany နဲ့ Samantha အမည်ရှိတဲ့ ညီအစ်မနှစ်ယောက်က ခွေးလေးကို ဂေဟာကနေခေါ်ယူမွေးစားခဲ့ပါတယ် ။ ခွေးလေးဟာ 2နှစ်သားအရွယ်ရှိနေပြီဖြစ်တဲ့အတွက် သူမတို့ရဲ့နေအိမ်မှာရှိနေတဲ့ ကြောင်လေးတွေနဲ့ အဆင်ပြေပါ့မလားဆိုပြီး အတော်လေးစိတ်ပူနေခဲ့ရတာပါ ။

ထို့ကြောင့် အစပိုင်းမှာ Mako နဲ့ ကြောင်လေးတွေကို ခွဲထားပြီး အခြေအနေစောင့်ကြည့်ခဲ့ရပါတယ် ။ နောက်ပိုင်း ခွေးလေးဟာ အိမ်အနှံ့မှာရှိတဲ့ စားပွဲခုံအသေးလေးတွေအပေါ် ခုန်တက်နေခဲ့လို့ Mako လေးက အတော်လေးပျော်နေပြီး တက်ကြွနေခဲ့တာလို့ တွေးထင်ခဲ့ကြတာပါ ။ နောက်ပိုင်းမှာတော့ စိတ်ပူစရာမရှိတော့လောက်အောင် Mako ဟာ ကြောင်လေးတွေနဲ့ အတော်လေးရင်းနှီးနေခဲ့ပြီး ကိုယ့်ကိုကြောင်လေးလို့ တွေးထင်နေခဲ့တဲ့အထိပါပဲ ဆိုပြီး Mako ရဲ့အပြုအမှုပြောင်းလဲသွားပုံကို ပြောပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment