ကိုယ်ဝန်ရှိသွားခဲ့တဲ့ချစ်သူကို တာဝန်မယူချင်လို့ဆိုပြီး အုပ်စုဖွဲ့ပြီးရိုက်နှက်ခဲ့တဲ့အမျိုးသား

ပြီးခဲ့တဲ့ စက်တင်ဘာလ 2ရက်နေ့က အသက် 18နှစ်အရွယ် ကိုယ်ဝန်ဆောင်ထားရတဲ့မိန်ကလေးဟာ သူ၏ချစ်သူကောင်လေးအပါအဝင် ယောင်္ကျာ3းယောက်၏ ရိုက်နှက်နှိပ်စက်ခြင်းကိုခံခဲ့ရပါတယ် ။ သူမ၏ချစ်သူကောင်လေးကသူမကို ည 2:30 အချိန်လောက်မှာ ကောလိပ်ကျောင်း၏အနောက်ဖက်သို့ခေါ်ဆောင်သွားခဲ့ပါတယ် ။ ထို့နောက် သူမ၏ချစ်သူက သူမကိုမာကျောသောအရာများဖြင့်ရိုက်နှက်ခဲ့ပြီးနောက် သူ၏အပေါင်းအပါသူငယ်ချင်းယောင်္ကျားလေး2ယောက်ကလည်း သူမကိုဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် အဖြစ်အပျက်ကအတော်လေးကိုအရှိန်မြင့်သွားခဲ့ပါတယ် ။ရိုက်နှက်ခြင်းခံခဲ့ရတဲ့အတွက် သူမ၏မျက်နှာမှာ ဒဏ်ရာများစွာရရှိခဲ့ပါတယ် ။ သူမကိုကိုယ်ထိလက်ရောက် ရန်ပြုပြီးနောက်မှာတော့ သူမကိုအဆိုပါနေရာတွင်ပင်ထားရစ်ခဲ့ကြပါတယ် ။ သမီးဖြစ်သူပြင်းပြင်းထန်ထန်ရိုက်နှက်ခြင်းခံထားရသည်ကိုတွေ့ရှိပြီးနောက် သူမ၏ဖခင်က သူမကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိကပြောဆိုသွားခဲ့ပါတယ် ။

ပိုပြီးဆိုးဝါးစေခဲ့တာကတော့ သမီးဖြစ်သူကိုယ်ဝန်မှာ 5လရှိနေပြီဆိုတာ ဖခင်ဖြစ်သူကအံ့သြထိတ်လန့်ဖွယ်ကောင်းအောင် သိရှိသွားခဲ့ရပါတယ် ။သူမဟာ အဆိုပါကိစ္စကိုသူမမိသားစု မသိရှိအောင် ဖုံကွယ်ထားခဲ့တာဖြစ်ပြီး မိသားစုဝင်ထဲမှာမှ သူမ၏ဖခင်ကအရင်ဦးဆုံးသိရှိသွားခဲ့ခြင်းဖြစ်ပါတယ် ။ ရဲအရာရှိများ စစ်ဆေးပြီးချိန်မှာတော့ သူမ၏ချစ်သူကို သူမ၏ကိုယ်ဝန်အတွက်တာဝန်ယူဖို့တောင်းဆိုရင်ကနေ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။ ချစ်သူကောင်လေးက ကိုယ်ဝန်ကိုတာဝန်ယူဖို့ ငြင်ပယ်ခဲ့ရုံသာမက ၎င်းကိစ္စကိုရက်စက်တဲ့နည်းလမ်းဖြင့် ဖြေရှင်းရန်ရွေးချယ်ခဲ့သူလည်း ဖြစ်ပါတယ် ။

ချစ်သူကောင်လေးနှင့် သူ၏အပေါင်းအပါနှစ်ယောက်ကိုတော့ အဆိုပါနေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ။ ဆက်လက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် အမျိုးသာ3းယောက်လုံးကို 3ရက်ခန့်ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပါတယ် ။ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေးကိုရိုက်နှက်ပြီးပစ်ထားခဲ့ခြင်းဟာ မှန်ကန်တဲ့လုပ်ရက်မျိုးမဟုတ်သည့်အပြင် အကူအညီမဲ့နေသောမိန်းကလေးမှာ မည်သို့ခံစားရမည်ကို စိတ်ကူးကြည့်ရုံဖြင့်သိနိုင်ပါသည် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "ကိုယ်ဝန်ရှိသွားခဲ့တဲ့ချစ်သူကို တာဝန်မယူချင်လို့ဆိုပြီး အုပ်စုဖွဲ့ပြီးရိုက်နှက်ခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*