အိမ္သစ္တက္ပြဲမွာ ဆံုးပါးသြားတဲ့ဇနီးသည္ရဲ႕ခႏၶာကိုယ္အတိုင္း ဆီလီကြန္႐ုပ္တုဖန္တီးၿပီး အခ်စ္ၾကီးေၾကာင္းျပခဲ့တဲ့ အမ်ိဳးသား(႐ုပ္သံ)

ကိုယ့္ရဲ႕ခ်စ္ခင္ရတဲ့သူမ်ိဳး ဆံုး႐ႈံးသြားခဲ့ၾကရင္ လူအေတာ္မ်ားမ်ားဟာ ဓာတ္ပံုေတြ ၊ video ေတြၾကည့္ၿပီး အလြမ္းေျဖၾကတာပါ ။ သို႔ေပမဲ့ အိႏၵိယႏိုင္ငံ ၊ Karnataka ျပည္နယ္မွာ႐ွိတဲ့ Srinivas Gupta အမည္႐ွိတဲ့ အမ်ိဳးသားကေတာ့ ဆံုးပါးသြားၿပီျဖစ္တဲ့ဇနီးသည္ရဲ႕႐ုပ္ခႏၶာကိုယ္အတိုင္း ဆီလီကြန္႐ုပ္ပံုဖန္တီးၿပီး ဇနီးသည္ရဲ႕ဆီလီကြန္႐ုပ္နဲ႔အတူ အိမ္သစ္တက္ပြဲက်င္းပခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ 2017 ခုႏွစ္က Madhavi အမည္႐ွိတဲ့ ဇနီးသည္ဟာ သမီးငယ္2ေယာက္နဲ႔အတူ Tirupati ၿမိဳ႕သို႔ ခရီးထြက္ခဲ့ရင္း ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ပါတယ္ ။ ယာဥ္မေတာ္တဆမႈမွာ သမီးငယ္2ေယာက္ဟာ ထိခိုက္ဒဏ္ရာအနည္းငယ္သာရ႐ွိခဲ့ေပမဲ့လည္း ဇနီးသည္မွာေတာ့ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။

Madhavi အသက္႐ွိစဥ္အခ်ိန္က သူမရဲ႕အိမ္မက္ဟာ တစ္ထပ္အိမ္ေလး ေဆာက္ဖို႔ျဖစ္ပါတယ္ ။ သူမရဲ႕ အိမ္မက္ကိုအေကာင္အထည္ေဖာ္ေပးတဲ့အေနနဲ႔ Gupta က အိမ္ေလးေဆာက္ေပးခဲ့ၿပီး ၊ အိမ္ေလးၿပီးသြားခ်ိန္မွာ ဇနီးသည္ေလးကို သူ႔နဲ႔အတူ႐ွိေစခဲ့ပါတယ္ ။ ” ကြၽန္ေတာ့္အိမ္ေလးမွာ ကြၽန္ေတာ့္ဇနီးသည္ေလး ျပန္ေရာက္လာခဲ့လို႔ အရမ္းေပ်ာ္ပါတယ္ ၊ ဒါကလည္း သူမရဲ႕အိမ္မက္ျဖစ္တဲ့ အိမ္ကေလးပါပဲ ၊ Bengaluru ၿမိဳ႕က ပညာ႐ွင္ကိုယ္တိုင္ တစ္ႏွစ္ေလာက္အခ်ိန္ယူၿပီး ဇနီးသည္ရဲ႕႐ုပ္တုကို ဖန္တီးေပးခဲ့တာပါ ၊ ႐ုပ္တုကိုတာ႐ွည္ခံေအာင္ ဆီလီကြန္အသံုးျပဳထားတာပါ ” ဆိုၿပီး Gupta ကေျပာျပခဲ့ပါတယ္ ။

” ကြၽန္ေတာ္တို႔ကရာသီဥတုပူတဲ့ ေနရာမွာေနထိုင္သာျဖစ္တဲ့အတြက္ ဖေယာင္း႐ုပ္တုအစား ဆီလီကြန္႐ုပ္တုအသံုးျပဳဖို႔ ပညာ႐ွင္ကအၾကံေပးခဲ့တာပါ ၊ ဖေယာင္း႐ုပ္တုကို အျမဲေလေအးေပးစက္ဖြင့္ၿပီး မထားေပးႏိုင္တဲ့အဆံုး ဆီလီကြန္႐ုပ္တု လုပ္ဖို႔ဆံုးျဖတ္ခဲ့တာပါ ” ဆိုၿပီး Gupta ကေျဖၾကားခဲ့ပါတယ္ ။ ဇနီးသည္ရဲ႕ ဆီလီကြန္႐ုပ္တု video ေတြနဲ႔ ဓာတ္ပံုေတြဟာ social media ေပၚမွာ ေရပန္းစားေနလ်က္႐ွိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကိုယ့်ရဲ့ချစ်ခင်ရတဲ့သူမျိုး ဆုံးရှုံးသွားခဲ့ကြရင် လူအတော်များများဟာ ဓာတ်ပုံတွေ ၊ video တွေကြည့်ပြီး အလွမ်းဖြေကြတာပါ ။ သို့ပေမဲ့ အိန္ဒိယနိုင်ငံ ၊ Karnataka ပြည်နယ်မှာရှိတဲ့ Srinivas Gupta အမည်ရှိတဲ့ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်တဲ့ဇနီးသည်ရဲ့ရုပ်ခန္ဓာကိုယ်အတိုင်း ဆီလီကွန်ရုပ်ပုံဖန်တီးပြီး ဇနီးသည်ရဲ့ဆီလီကွန်ရုပ်နဲ့အတူ အိမ်သစ်တက်ပွဲကျင်းပခဲ့ပါတယ် ။ ပြီးခဲ့တဲ့ 2017 ခုနှစ်က Madhavi အမည်ရှိတဲ့ ဇနီးသည်ဟာ သမီးငယ်2ယောက်နဲ့အတူ Tirupati မြို့သို့ ခရီးထွက်ခဲ့ရင်း ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ် ။ ယာဉ်မတော်တဆမှုမှာ သမီးငယ်2ယောက်ဟာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပေမဲ့လည်း ဇနီးသည်မှာတော့ အသက်သေဆုံးသွားခဲ့ရပါတယ် ။

Madhavi အသက်ရှိစဉ်အချိန်က သူမရဲ့အိမ်မက်ဟာ တစ်ထပ်အိမ်လေး ဆောက်ဖို့ဖြစ်ပါတယ် ။ သူမရဲ့ အိမ်မက်ကိုအကောင်အထည်ဖော်ပေးတဲ့အနေနဲ့ Gupta က အိမ်လေးဆောက်ပေးခဲ့ပြီး ၊ အိမ်လေးပြီးသွားချိန်မှာ ဇနီးသည်လေးကို သူ့နဲ့အတူရှိစေခဲ့ပါတယ် ။ ” ကျွန်တော့်အိမ်လေးမှာ ကျွန်တော့်ဇနီးသည်လေး ပြန်ရောက်လာခဲ့လို့ အရမ်းပျော်ပါတယ် ၊ ဒါကလည်း သူမရဲ့အိမ်မက်ဖြစ်တဲ့ အိမ်ကလေးပါပဲ ၊ Bengaluru မြို့က ပညာရှင်ကိုယ်တိုင် တစ်နှစ်လောက်အချိန်ယူပြီး ဇနီးသည်ရဲ့ရုပ်တုကို ဖန်တီးပေးခဲ့တာပါ ၊ ရုပ်တုကိုတာရှည်ခံအောင် ဆီလီကွန်အသုံးပြုထားတာပါ ” ဆိုပြီး Gupta ကပြောပြခဲ့ပါတယ် ။

” ကျွန်တော်တို့ကရာသီဥတုပူတဲ့ နေရာမှာနေထိုင်သာဖြစ်တဲ့အတွက် ဖယောင်းရုပ်တုအစား ဆီလီကွန်ရုပ်တုအသုံးပြုဖို့ ပညာရှင်ကအကြံပေးခဲ့တာပါ ၊ ဖယောင်းရုပ်တုကို အမြဲလေအေးပေးစက်ဖွင့်ပြီး မထားပေးနိုင်တဲ့အဆုံး ဆီလီကွန်ရုပ်တု လုပ်ဖို့ဆုံးဖြတ်ခဲ့တာပါ ” ဆိုပြီး Gupta ကဖြေကြားခဲ့ပါတယ် ။ ဇနီးသည်ရဲ့ ဆီလီကွန်ရုပ်တု video တွေနဲ့ ဓာတ်ပုံတွေဟာ social media ပေါ်မှာ ရေပန်းစားနေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment